ဒီအင်တာဗျူးဟာ MHM Ghetto Kingz နောက်ဆုံးဗျူးဖြစ်ခဲ့တဲ့ အင်တာဗျူးလေးပါ
တစ်ညလုံးမအိပ်ပဲနဲ့ ဗျူးခဲ့ကြတာ တကဲ့ကို မှတ်မှတ်ရပါပဲ
ဒီတစ်ခါတော့ Downsouth beat တွေပေါ်မှာ R&B နဲ့ Rap ကို Mix လုပ်ပြီးဆိုလေ့ ရှိတဲ့ G-3 အဖွဲ့က James နဲ့ Interview လုပ်ဖြစ်တယ်....။ G-3 နဲ့ပါတ်သတ်ပြီးဖြေကြားပေးသွားတဲ့ James ကိုကျေးဇူးအထူးတင်ရှိပါတယ်....။ G-3 အကြောင်းတွေကို တက်နိုင်သလောက် စုံအောင် မေးမြန်းတင်ပြလိုက်ပါတယ်....။
mhc: G-3 အဖွဲ့ဖြစ်လာပုံလေးတစ်ချက်လောက်
James: ဟုတ် G-3 အရင်က ၃ယောက်ရှိတယ်...။ အဲ့၃ယောက်မှာ တောင် james မပါသေးဘူး...။ သာစိုး မဲလေး နဲ့ နိုင်ငံခြားရောက်သွားတဲ့ သူတို့ သူငယ်ချင်းတစ်ယောက်ပေါ့....။ စင်္ကာပူရောက်သွားတဲ့ member တစ်ယောက်နေရာမှာ အသားထိုးဝင်လာတဲ့သူက james အဲ့မှာ စပြီးအခုထိ သားစိုး မဲလေး james ဆိုတဲ့ G-3 ဖြစ်လာတာပါ...။
mhc: ဟုတ်ကဲ့ G-3 ဖြတ်သန်းခဲ့ရတဲ့ U.G Life အကြောင်းလေးပြောပြပေးပါဦး
James: UG ကတစ်ချို့တွေပိုပြော သလို ခက်ခက်ခဲခဲ တော့သိပ်မရှိပါဘူး...။ တချို့တွေပြောသလိုလဲ ဖိနှိပ်တာတွေလဲ မခံရဖူးဘူး...။ နှိမ့်ချဆက်ဆံတာတွေလဲ မခံရဘူး....။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့members 3 ယောက် ကလွဲရင် အပြင်လူနဲ့ ပေါင်းသင်းဆက်ဆံတာနည်းတယ်လေ....။ ဒီ ၃ယောက်ပဲ တွေ့တယ်...။ ဒီ ၃ ယောက်ပဲ studioသွားတယ် သီချင်းလုပ်တယ်....။ ပြောရရင်တော့ ကျွန်တော်တို့က ၃ယောက်ပဲ ကမ္ဘာထင်နေကြလို့...။ သီချင်းလုပ်ဖို့ပဲအဓိက ဖြစ်နေတယ်...။11:09 PM
mhc: ဟုတ် G-3 ဆိုပြီး Hip-Hop လောက မှာရပ်တည်လာတာ ဘယ်လောက်ကြာခဲ့ပြီလဲမသိဘူးဗျ
James:အခုချိန်ထိဆိုရင် 3 နှစ်လောက်ရှိပြီ...။
mhc: G-3 မှတ်တမ်းတစ်လျှောက် လုပ်ခဲ့တဲ့ သီချင်းအရေအတွက်က ?
James: တော်တော်များတယ်ဗျ...။ သိပ်မမှတ်မိတော့ဘူး...။
G-3 sample မလုပ်ခင်က လုပ်ခဲ့တဲ့ သီချင်းတွေ G-3 Sample မှာပါတဲ့သီချင်းတွေနဲ့ ကိုသူရ လုပ်တဲ့ mmhiphop website က Sample ထဲမှာပါတဲ့ သီချင်းတွေပေါ့....။ အတိအကျတော့ မသိတော့ဘူး...။ တော်တော်တော့များတယ်...။
mhc: ဟုတ် G-3 နဲ့ U.G ကဘယ်သူတွေနဲ့ သီချင်းတွေတွဲလုပ်ခဲ့ဖူးလဲမသိဘူးဗျ
James: သိပ်မရှိဘူးဗျ...။ အဓိက အလုပ်အများဆုံးတွဲလုပ်ဖြစ်တာက အခု G-3 ထဲကို member နောက်တစ်ယောက်အနေနဲ့ ရောက်လာတဲ့ သားသား ပေါ့..... G-3 Sample မှာဆိုရင် Satan (g family ) နောက် ဇေရဲ ၊ ကို G- tone နဲ့ကတော့ G-3 Sampleထွက်ပြီးတော့ သီချင်းလုပ်မယ်ဆိုပြီးပြောထားတာ ခုထိမလုပ်ဖြစ်ဘူး....။သူ့ ကွန်ပျူတာ ပျက်တာနဲ့ ကိုယ့်ထဲက ၃ယောက်က တစ်ယောက်ကနယ်ပြန်လိုက် စောင့်လိုက်...။ နောက်တစ်ယောက်က နယ်ပြန်လိုက် စောင့်လိုက်နဲ့ပေါ့
mhc: G-3 လုပ်ခဲ့တဲ့ သီချင်းတွေထဲက စိတ်ကြိုက်အဖြစ်ဆုံး သီချင်းအကြောင်းလေးပြောပြပါဦး
James: ရွေးရတော့တော်တော်ခက်နေသလိုပဲ...။ သီချင်းကတော့များတယ်...။ ပြောရရင်တော့ "G-3 သင်္ကြန်" " မိန်းမရိုင်း" နဲ့ Happy Birthdayပေါ့...။ ဘာလို့လဲဆိုတော့ အဲ့သီချင်းတွေက လောလောလတ်လတ် လုပ်ကြတာ...။ မိန်းမရိုင်းဆို အဆိုးဆုံးပဲ....။ ဘာမှပြင်ဆင်မှုမရှိကြဘူး....။ studio ရောက်မှ duty ပိုနေတယ်...။ ဘာလုပ်ကြမလဲပေါ့...။ အဲ့မှာ သားစိုးက သူတီးမယ်ပေါ့....။ အဲ့ဒါဆိုလဲ သီချင်းတစ်ပုဒ်လောက်လုပ်မယ်ဆိုပြီး... အကုန်လုံး တီးတဲ့သူကတီး ရေးတဲ့သူကရေး...။. အသံသွင်းတဲ့သူက သွင်းပေါ့...။ ပိုနေတဲ့ duty မှာ သီချင်းတစ်ပုဒ် ရသွားတယ်....။ လောလောလတ်လတ် လုပ်ရတယ်...။ စိတ်ထဲမှာ ရှိတာကို ဘာမှပြင်ပြင်ဆင်ဆင်မရှိပဲ လုပ်လိုက်ရတယ်...။ တော်တော်မိုက်တယ်....။ အဲ့ခံစားမှုက....။ အဲ့တုန်းက ဆိုရင်
MM hip hop က ကိုသူရတောင် studio မှာရှိတယ်...။ ကျွန်တော်တို့နဲ့ လိုက်ပြီးလာအိပ်နေတာ.....။
mhc: Happy Birthday သီချင်းလုပ်ဖြစ်သွားပုံလေးလဲ ပြောပြပါဦး
James: အဲ့ဒါနည်းနည်းတော့ ဟာသ ဖြစ်နေမလားလို့......။ Happy Birthday သီချင်းကို Chorus ၀င်ဆိုပေးထားတဲ့ သားသား ပြီးတော့ ကျွန်တော်ပေါ့ james ကိုယ်စီ ကိုယ်စီ ရှိတဲ့ကောင်မလေးတွေကို birthday presents ပေးမယ်ပေါ့........။ ကျန်တဲ့သူတွေပါ အတင်းခေါ်ပြီးလုပ်ကြတာ......။
mhc: G-3 ရဲ့ အဓိက beat ဖန်တီးရှင်က ဘယ်သူလဲမသိဘူးဗျ
James: သားစိုး နဲ့ သားသား ပေါ့ ခုနောက်ပိုင်းတော့ မမ်ဘာတွေ အကုန်တီးတက်ကြပါပြီ...။ အဖွဲ့ သီချင်းအများစုကတော့ သားစိုးနဲ့ သားသားတီးဖြစ်တယ်....။
mhc: ခုနောက်ပိုင်း member တွေက ဘယ်သူတွေဖြစ်သွားပြီလဲမသိဘူးဗျ
James: အခုနောက်ပိုင်း G-3 members ကအရင်လို 3 ယောက်ထဲမဟုတ်တော့ဘူး 6 ယောက်ဖြစ်သွားပြီ....။ သားစိုး ၊ သားသား ၊ မဲလေး ၊ James ၊ ရဲရင့်အောင် ၊ ဥာဏ်ထက် ပေါ့....။
mhc: ခုနောက်ပိုင်း G-3 က သီချင်းအထွက်နည်းသွားတယ်နော် ဘယ်လိုအခက်အခဲတွေများ ရှိလို့လဲမသိဘူးဗျ
James: အဲ့လိုတော့မဟုတ်ဘူးဗျ...။ သီချင်းတွေက ရှိတယ်....။ အသစ်လုပ်ထားတဲ့သီချင်းတွေက BOBO entertainment ရဲ့နောက်ထုတ်မယ့်အခွေ တွေမှာ ပါမယ့်ဟာတွေပါတယ်...။ ပြီးတော့ ရွေးဖို့ပေးထားတဲ့ သီချင်းတွေရယ်ဆိုတော့ အပြင်ကို ထုတ်လို့လဲ မရဘူးလေ...။ အဲ့အတွက် မထုတ်ဖြစ်တာ...။ ၁၂ လပိုင်းမှာ ရဲရင့်အောင် ရဲ့ sample မှာတော်တော်များများ ပြန်တွေ့ရမယ်...။ ပြီးတော့ အဲ့နောက်မှာ သားသားရဲ့ sample နောက်တစ်ခွေထွက်လာလိမ့်မယ်...။ အဲ့အတွက် G-3 ရဲ့ သီချင်းတွေ အပြင်မထွက်သေးတာပါ....။
mhc: ရဲရင့်အောင်ရဲ့ Mixtape မှာသီချင်းဘယ်နှပုဒ်ပါမလဲမသိဘူးဗျ.....
James: 8 ပုဒ်ပါမယ်...။ အခုထိ စီစဉ်ထားတာပေါ့နော်....။ သူထပ်ထည့်မလား ဖြုတ်ဦးမလားတော့မသေချာဘူး...။ 8 ပုဒ် ပတ်ဝန်းကျင်လောက်တော့ရှိမယ်...။
mhc: ရဲရင့်အောင်ခွေဆိုတော့ သူဆိုနေကျ R&B ပုံစံလေးတွေပဲလား ဒါမှမဟုတ် ဘယ်လိုပုံစံတွေပါမလဲမသိဘူးဗျ
James: R&B ပုံစံပေါ့နော်....။ Featuring တွေတော့ပါမယ်...။ ဒီ G-3 အဖွဲက လူတွေပဲ အပြင်လူတွေပါဖို့တော်တော်နည်းတယ်....။ ရဲရင့်အောင် ရဲ့အခွေကတော်တော်ပြီးနေပြီ...။ G-3 အဖွဲ့လိုက်သီချင်း ၂ပုဒ်လောက်ပါမယ်....။
mhc: သားသားရဲ့ sample ကရော ဘယ်လိုသီချင်းအမျိုးအစားတွေပါမလဲဗျ
James: R&B အများဆုံးဖြစ်မယ်...။ သူလဲတော်တော်ပြီးနေပြီ....။ သင်္ကြန်မတိုင်ခင် ထွက်ဖို့လုပ်နေတယ်....။
mhc: အခြားသူတွေရဲ့ single albumn(sample)တွေရောထုတ်ဖြစ်ဖို့ရှိလား
James: အဲ့ဒါတော့မရှိဘူးဗျ.....။
mhc: G-3 ရဲ့ ပထမဆုံး sample မှာတုန်းက antigeneration ဆိုတဲ့ သီချင်းတစ်ပုဒ်ပါတယ်...။ G-3 ရဲ့ generation ခွဲခြားမှုနဲ့ပါတ်သတ်ပြီးအမြင်လေးပြောပြပေးပါဦး
James: ဒါကတော့ ခွဲခြားမှုထက် ကိုယ် ကိုယ်တိုင် ခံယူမှုပေါ့....။ ဘာမှတော့ သိပ်မပြောချင်ပါဘဘူး....။ လူတိုင်းက ကိုယ်ကြိုက်တာ ကိုယ်ထင်တာ လုပ်ကြတာပဲ...။ လူတစ်ကိုယ်အကြိုက်တစ်မျိုးပေါ့......။
mhc: G-3 အနေနဲ့ favour ပေးချင်တဲ့ ပြည်တွင်းပြည်ပ Mc တွေက??
James: တစ်ယောက်ချင်းစီပြောရရင် သားစိုးကတော့ အရင်က Lil wayne ကိုကြိုက်လိမ့်မယ်...။ မဲလေးက Akon ကိုကြိုက်တယ်....။ James က Yelawolf တို့ Tyga တို့ကိုကြိုက်တယ်....။ ဒါက အရင်၃နှစ်လောက်ကထဲကတစ်ယောက် အကြောင်းတစ်ယောက်သိလာတာ...။ နောက်၃ယောက် အကြိုက်တွေကတော့ သိပ်မသိသေးဘူး...။ နောက်မှပြောပြမယ်....။
mhc: ဒါဆို G-3 အပေါ်မှာ ပြည်ပ Mc တွေရဲ့လွှမ်းမိုးမှု ရှိနေတယ်ထင်သလားဗျ
James: အမှန်အတိုင်းပြောရရင် အကုန်လုံးမဟုတ်တောင် တစ်ချို့လွှမ်းမိုးမှုတွေရှိတယ်.....။
mhc: G-3 ရဲ့ music Theme တွေအကြောင်းပြောပြပေးပါဦး
James: downsouth beat တွေပေါ်မှာ R&B နဲ့ Rap ကို mix လုပ်ပြီးဆိုရတာမျိုး သဘောကျတယ်...။ ပြီးတော့အမှတ်တရ ရှိနေမယ့် နေ့တွေကို သီချင်းဆိုရတာ ကြိုက်တယ်....။ ဥပမာ vanlantine day တို့ happy birthday တို့လိုမျိုး.....။
mhc: ကိုယ်တွေ့အဖြစ်အပျက်တွေကို သီချင်းပြန်လုပ်ထားတာ ရှိရင် အဲ့သီချင်းတွေအကြောင်းပြောပြပေးပါဦး
James: ရှိတယ် မိန်းမရိုင်းလိုပုံစံမျိုးပေါ့....။ တစ်ချို့ သီချင်းတွေလဲရှိတယ်...။ ဒါပေမယ့် သိပ်မသိကြဘူး.....။ မိန်းမရိုင်း ဆိုရင် အဲ့တုန်းက ကျွန်တော်တို့ သားစိုး မဲလေး နဲ့ James ပေါ့...။ ဒဂုံတက္ကသိုလ်day တက်နေတဲ့အချိန်ပေါ့....။ ကျွန်တော်တို့ ကြားမှာ မိန်းကလေးသူငယ်ချင်းတစ်ယောက်ပေါ့နော်....။ သူနဲ့ဇာတ်လမ်း ၃ယောက်ကြားမှာ ဟိုလူလို ဒီလူလိုလို နဲ့ ဗျာများသွားတာ....။ အဲ့ဒါတွေခုချိန်စဉ်းစားမိရင် ပျော်စရာတာင်ကောင်းသေးတယ်...။
mhc: ခုလက်ရှိ Hip-Hop လောကထဲမှာပေါ့နော် အဖွဲ့တွေကွဲသွားတာတွေတွေ့တွေ့နေရတယ်.... အဲ့ဒါဘာကြောင့်ဖြစ်မယ်လို့ထင်လဲမသိဘူးဗျ.....
James:အဲ့ဒါတော့သိပ်မသိဘူး....။ စိတ်လဲ သိပ်စိတ်မ၀င်စားဘူး....။ ကြုံလဲမကြုံခဲ့ဖူးဘူးလေ....။
mhc: ခုလက်ရှိ UG ထဲက G-3 နဲ့ အဆင်မပြေတဲ့သူ beef လုပ်ဖြစ်တဲ့သူရှိလား..... ရှိခဲ့ရင် နာမည်လေးပြောပြနိုင်မလား.........
James:လောလောဆယ်မှာတော့မရှိဘူး...။ အားလုံးအေးအေးဆေးဆေးပဲ...။ ကိုယ့်အလုပ် ကိုယ်လုပ်နေကြတော့လေ.....။ ကိုယ့်ထဲက လူတွေတောင် ကိုယ်မနည်းစုနေရတယ်...။ သီချင်းလုပ်ဖို့.....။ :)
mhc: လက်ရှိ G-3 အပေါ် ကျေနပ်အားရမှုရောရှိရဲ့လား
James: အများကြီးအားရမှု ရှိတယ်...။ ပိုပြီး stronger ဖြစ်သွားတယ်လို့ ခံစားရတယ်...။ ခုဆိုရင်နောက်ဝင်လာတဲံလူတွေက အရမ်းမိုက်တယ်...။ ခုဆိုရင် G-3 မှာ R&Bသမား၃ယောက်နဲ့ Rap ဆိုတဲ့သူ၃ယောက်ပေါ့........။
mhc: ဟုတ် G-3 ရဲ့ရှေ့ဆက်သွားမယ့်အစီအစဉ်လေးတွေကဘယ်လိုရှိသလဲမသိဘူးဗျ..........။
James: လောလောဆယ်အစီအစဉ် ကတော့ ရဲရင့်အောင် Sample ကိုအကောင်းဆုံး လုပ်ပေးနိုင်ဖို့ ကြိုးစားနေကြတယ်....။ သားသားကတော့ ပြောစရာကိုမလိုလောက်ဘူး...။ အရမ်းမိုက်တယ်...။ ပြီးတော့ ဒီSample ၂ချပ်နဲ့ G-3 က UG မှာရော Main Stream မှာပါ ပရိသတ်နဲ့ အဆက်မပြတ်သွားအောင်ကြိုးစားသွားမယ်....။
mhc: ဟုတ်မေးတာလဲ တော်တော်များနေပြီဆိုတော့ အဆုံးသတ်မေးခွန်းတွေအနေနဲ့ လက်ရှိ Hip-Hop လောကကြီးအပေါ် G-3 ရဲ့အမြင်လေးပြောပြပါဦး
James: အရမ်းတိုးတက်လာပြီ.....။ လူငယ်တိုင်းလဲ ရူးသွပ်မှု ကြီးလာတယ်...။ ပရိသတ်လဲ အရမ်းအားပေးလာတယ်...။ နောက်ထွက်လာတဲ့ လူငယ်တွေလဲ အရမ်းမိုက်တယ်...။ အရမ်းကြိုးစားတယ်...။ ကျွန်တော်တို့ ရှေ့ကလမ်းဖောက်ခဲ့တယ်...။ အကိုတွေပင်ပန်းခံခဲ့ရသမျှ သူတို့လိုချင်တဲ့ အလင်းရောင် မြင်သင့်သလောက် မြင်နေရပြီလို့ထင်တယ်....။ အခုလို ကျွန်တော်တို့ ဂီတအရမ်းကျယ်ပြန့်လာတဲ့အတွက် အရမ်းကို ၀မ်းမြောက် မိပါတယ်...။
mhc: ကျွန်တော်တို့ Myanmar Hip-Hop Channel နဲ့ပါတ်သတ်လို့ ထင်မြင်ချက်လေး ပေးပါဦး
James: အရမ်းမိုက်တယ်....။ ပရိသတ်နဲ့ အဆိုတော်တွေရော နောက်က အသစ်တွေရော ကို ပရိသတ်သိအောင်လုပ်ပေးတယ်...။ သီချင်းတွေအဆက်မပြတ် download link တင်ပေးတယ်...။ နောက်အခုဆို interview တွေပါ လုပ်သွားတဲ့အတွက် အဆိုတော်တွေ အတွက်ရော ပရိသတ်နဲ့ထိတွေ့ခွင့်ပေးမယ့် website လေးဖြစ်တဲ့အတွက် အရမ်းမိုက်ပါတယ်....။
mhc: ဟုတ်ကဲ့ ကျွန်တော်တို့ MHC က ခုလိုဖြေကြားပေးတဲ့အတွက် G-3(James) ကို အထူးကျေးဇူးတင်ပါတယ်..... G-3 ဒီ့ထက်မက အောင်မြင်ပါစေလို့ဆုတောင်းပေးပါတယ်
James: ကျေးဇူးတင်ပါတယ်....။

Interviewed by MHM.Ghetto.Kingz
www.myanmarhiphopchannel.com
www.myanmarhiphopchannel.com
Comments
Post a Comment
ဝေဖန်မှုတွေကို ကြိုဆိုလျက်ပါ...