အယောင်ဆောင်ကကြိုး Lyrics

imagebam.com


Download This Song Here

Chorus (Pa South) : ငါ့ရဲ့အချစ်ကိုစော်ကားခဲ့တဲ့သူ ငါ့ရဲ့အချစ်ကိုတန်ဖိုးမထားတဲ့သူ

၁နေ့တော့ ၀ဋ်လည်မရ် မင်းလဲပဲနားလည်မှာပါ နာကျင်ခဲ့ ငါ့စိတ်ထဲ ..





Rap 1(FreddY) : အချစ်မြို့ထဲမှာ တိမ်ညိုတွေ ဝေနေဆဲ .လမ်းပျောက်ပြီးတော့မှောင်မီုက်

ငါ၁ယောက်တည်းလေနေခဲ့. မင်းငါ့ကို သတ်မှတ်ခဲ့တာ

ငါကအပေအတေတဲ့. ဒီလိုနဲ့ နှလုံးသားရဲ့သစ်ပင်မှာတော့

သစ်ရွက်တွေကြွေနေဆဲ.အခြေအနေမဲ့နေတဲံ အဖြစ်အပျက်က ငါ့အတွက်အရိုင်းအစိုင်းလို

ဒီလိုပဲသတ်မှတ်ခဲ့ပြီလား မင်းရဲ့အသိုင်းအ၀ိုင်း၁ချို့..

မီးစာကုန်ခန်းပေမဲ့ ငါ့အတွက်တော့မှိုင်းတိုက်သလို

၁ကိုယ်လုံး မွန်းကြပ်ပြီးတော့ စုတ်ပြတ်သတ်ခဲ့ ဘ၀က အပိုင်းပိုင်းမို့..



မုန်တိုင်းတွေ ထန်သလို နင်က ငါ့ရဲ့အချစ်ကို ရိုက်ချိုး..

အထင်လွဲမှုတွေအပြည့်နဲ့ စကားလုံးများနဲ့တိုက်ခိုက်လို့..

အေဒင်ဥယျာဉ်တော့မဟုတ် ငါ့အလွမ်းတွေစိုက်ပျိုးခဲ့..

မင်းအတွက်တော့ငါက မြေသြဇာမဟုတ်တဲ့ အမှိုက်မျိုးပဲ....

အဲ့ဒီလို စရိုက်နဲ့အကြိုက်တွေမတူညီပေမဲ့အသည်းအမဲရူး..

၁ချိန်လုံး အလိုက်အထိုက် နေနေခဲ့တာ အမြဲပဲအခု..

မင်းအကြောင်းတွေ မသိခင်တုန်းက ငါ့ဘ၀ရဲ့ဆည်းလည်းတစ်ခုလို့

သတ်မှတ်ထားပေမဲံလည်း တကယ်တော့ငါ့ရဲ့အချစ်ကိုစော်ကားခဲ့တဲ့သူ........



Chorus (Pa South) : ငါ့ရဲ့အချစ်ကိုစော်ကားခဲ့တဲ့သူ ငါ့ရဲ့အချစ်ကိုတန်ဖိုးမထားတဲ့သူ

၁နေ့တော့ ၀ဋ်လည်မရ် မင်းလဲပဲနားလည်မှာပါ နာကျင်ခဲ့ ငါ့စိတ်ထဲ ..



Rap 2(Jumpa) : နှလုံးသားရဲ့ Drumbeat အတိုင်းအလွမ်းတွေစီးမျောလို့ ..

နင်ကအချစ်ကိုဆော့ကစားခဲ့တာလား Seesaw လို ..

နင်ဆင်ထားတဲ့ဇာတ်ကလဲ ရှည်လွန်းလှတဲ့မပြီးတော့လို့.

လှည်ဖျားခဲ့တာလား. လှည့်စားခဲ့တာလားလဲမသိတော့လို့..

တန်ဖိုးထားတဲ့အချစ်ကိုမှ လာစရံသတ်တရ်..

ငါကျခဲ့တဲ့မျက်ရည်ကိုင်းက နင့်လှည့်ခဲ့တဲ့ သံပတ်ပဲ..

ပုံအပ်ထားတဲ့နှလုံးသားကလဲ ကျကွဲသွားတဲ့ ပန်းကန်၁ချပ်ပဲ..

ပြတ်တောက်သွားတဲ့ ဂီတာကြိုးလို အသံမထွက်ခဲ့..

အသွားရှိပေမဲ့လဲ အပြန်မရှိခဲ့ နင်ကပြဒါးသုတ်မထားတဲ့ မှန်၁ချပ်ပဲ..

၁နေ့နေ့ မင်းလုပ်ရပ်တွေကြောင့် ကံကြမ္မာက နင့်ကိုပြန်ဒဏ်ခတ်မရ်...

မျှော်နေခဲ့တဲ့ ယုံကြည့်ချက်တွေလွဲကုန်ကာ.

ငါဆိုတာနင့်အတွက်တော့ ခြေဖ၀ါးအောက်က သဲ၁မှုန်ပါ

နင်ပြောတဲ့စကားတွေဆို အမြဲယုံကာနေခဲ့ဖူးတဲ့ ငါ့စိတ်တွေ

နင့်အနားမှာပဲပလူပျံခဲ့အချိန်ပေါ့ Jumpa ဆိုတာ နင့်အတွက်တော့

နင့်အတွက်တော့ မတူမတန်တဲ့အချဉ်ပေါ့ .......



Chorus (Pa South) : ငါ့ရဲ့အချစ်ကိုစော်ကားခဲ့တဲ့သူ ငါ့ရဲ့အချစ်ကိုတန်ဖိုးမထားတဲ့သူ

၁နေ့တော့ ၀ဋ်လည်မရ် မင်းလဲပဲနားလည်မှာပါ နာကျင်ခဲ့ ငါ့စိတ်ထဲ ..



Rap 3 (Tay Za MC) : ငါ့ကိုမလှည့်စားဖို့ အထပ်ထပ်အခါခါမှာတရ် ..

ရှေ့မှာ ခေါင်းကိုညိတ်ပြီး ကွယ်ရာအထပ်ထပ် အခါခါညာတရ်...

နှလုံးသားမှာ ကမ္မည်းထိုးပြီး သတ်မှတ်ထားတာပါပဲ.

နင်ပဲကတိတွေပေးပြီး နောက်ဆုံး နင်ပဲရက်စက်သွားတာပါပဲ....

အချစ်ကို ယူဆပုံချင်းမတူတဲ့အခါ ၁ဂူတည်းမှာ

အောင်းတဲ့ ခြင်္သေ၂ကောင်လို ဖြစ်နေပြီကွာ သူနဲ့ငါ သူနဲ့ငါ..

ဖူုခဲ့လား အဲ့ဒီ့အချက်တွေကို သူနဲ့ငါမတွေ့သည့် ရက်တွေဆို

သူ့ဘ၀မှာ အပျော်ဆုံးရက်တွေမို့ (နောက်၁ယောက်နဲ့လျှောက်ပတ်နေလို့..)

ငါ့ရဲ့နှလုံးသားကို အဆိပ်ခတ်ပြီးလျှောက်သတ်တာမင်း ..

နောက်ထပ် နောက်မနက်မှာတင် ငါ့အသည်းကပေါက်ထွက်လာခြင်း ..

ဇကောလောက် ဇောက်မနက်ပါနင်ဆောက်နဲ့ထောက်လျက်ကာထွင်း..

အသွေးအသားများပေါက်ထွက်လာရင် အရက်ပျံနဲ့ကောက်ကပ်ကာရှင်း....

ငါရဲ့အသည်းက စုတ်ပြတ်သတ်ပြီးတော့ နှလုံးသားအပုပ်နံ့ထွက်

အချစ်ကိုခေါင်းစဉ်တပ်ရင်း အရှင်လတ်လတ်နင်ရဲ့ ရင်ကွဲရုံမှာ

သေဆေးမကျွေး မေ့ဆေးမပေးပဲ နင်ခွဲလို့သွား..

မသေခင်ကတည်းက အဲ့လိုလုပ် နောက်ဆို နင်လဲကြုံမှာ ......



< ငါ့ရဲ့အိမ်မက် ငါ့ရဲ့အနာဂတ်ပျောက်ဆုံးသွားပြီပဲ နင့်ရဲ့လှည့်ကွက်ထဲ ......>

ငါ့ရဲ့အချစ်ကိုစော်ကားခဲ့တဲ့သူ ငါ့ရဲ့အချစ်ကိုတန်ဖိုးမထားတဲ့သူ

၁နေ့တော့ ၀ဋ်လည်မရ် မင်းလဲပဲ နားလည်မှာပါ နာကျင်ခဲ့ ငါ့စိတ်ထဲ .....

Comments

  1. I like this song so much!! lyrics a yan kg par the..

    ReplyDelete

Post a Comment

ဝေဖန်မှုတွေကို ကြိုဆိုလျက်ပါ...