Please Donate

Photobucket Photobucket Photobucket Photobucket
ကျွန်တော်တို့ ပဲခူးတိုင်း အနောက်တိုင်း ပြည်မြို့ မှာ အစိုးရကျောင်း
မတတ်နိုင်သော ကလေးများ၏ ပညာရေး ကိုရှေးရှူလျှက် ဖွင့်လှစ်ထားသော
ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ၁၀ ကျောင်းနှင့် သီလရှင်သင်
ပညာရေးကျောင်း ၁ ကျောင်း စုစုပေါင်း တစ်ဆယ့်တစ်ကျောင်းရှိပါတယ်
ဒီနေ့ ကျွန်တော်တို့ ရတနာမဉ္ဇရီ ပရဟိတ အဖွဲ့ နဲ့ မေတ္တာမွန်အခမဲ့ဆေးခန်း မှ
ပြည်မြို့ပေါ်ရှိ စင်္ကြန်တောင် ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ဆရာတော်
ထံရောက်သော အခါ ဆရာတော်မှ ကျောင်းမှာ သူငယ်တန်းမှ ခုနှစ်တန်းအထိ
ကျောင်းသားများ အတွက် ပုံနှိပ်စာအုပ်များ မလုံလောက်ကြောင်း သုံးပုံတစ်ပုံ
လောက်သာရကျောင်း နှစ်စဉ်အခက်အခဲဖြစ်ကြောင်း
ဆရာတော်ကျောင်းတစ်ကျောင်းထဲမဟုတ်ပဲ မြို့ပေါ်ရှိ ဘ/က
ကျောင်းတိုင်းဖြစ်ကြောင်း မိန့်တော့ စဉ်းစားကြည့်ရာ ပြည်မြို့တွင် ဘ/က
ကျောင်းသားဦးရေ သုံးထောင်နီးပါးရှိရာ ကျောင်းတိုင်းမှာ နှစ်စဉ်အခက်အခဲ
ရှိနေမည်ဖြစ်ကြောင်း တွေးမိပြီး တော်တော်စိတ်မကောင်းဖြစ်ခဲ့ရပါတယ်
ဆရာတော်ကို မြို့ပေါ်ရှိ အထက်တန်းကျောင်း များမှ
ပုံနှိပ်စာအုပ်အဟောင်းများ အလှူခံပေးမည်ဟူ ကတိပေးခဲ့ပြီး
အဖွဲ့သားများတိုင်ပင်ပြီး ကိုယ်တိုင်လည်း ကြိုးစားမည်
လှူဒါန်းချင်သူတွေကိုလည်း သိအောင်ပြုလုပ်မည်ဟု ဆုံးဖြတ်ခဲ့ကြပါသည်
သို့ဖြစ်ပါ၍ ပရဟိတ ဘာသာ သာသနာ အကျိုးကိုလိုလားသောသူတိုင်း နှစ်စဉ်
သူငယ်တန်းမှ ဒသမတန်း အထိ ပုံနှိပ်စာအုပ်များကို စာအုပ်ဖြစ်စေ
အလှူငွေဖြစ်စေ လှူဒါန်းနိုင်ပါကြောင်း ပရဟိတ ဘာသာ သာသနာ အကျိုးမျှော် ၍ နှိုးဆော်လိုက်ရပါသည်ခင်ဗျာ

ဆက်သွယ်လှူဒါန်းရန် နေရာနှင့်ဖုန်းနံပါတ်များ
ဘဒ္ဒ္ဒန္တ ဇနိန္ဒ
သဒ္ဓမ္မ ဇောတိကဓဇ
ကျောင်းထိုင်ဆရာတော်
မြို့နယ် ဥက္က္ကဌ ဆရာတော်
စင်္ကြန်တောင် ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ရွာဘဲရပ် ပြည်မြို့
ဖုန်း ၀၅၃၂၄၉၇၂

ဒေါက်တာဝဏ္ဏဝင်း
ရတနာမဉ္ဇရီ ပရဟိတမေတ္တာမွန် အခမဲ့ဆေးခန်း
အောင်ဆန်း အပိုင်း နှစ် ပြည်မြို့
ဖုန်း ၀၉၅၃၆၈၄၆၁



Comments