[နွေရာသီကျောင်းပိတ်ရက် ကိုယ့်မှာဒီမှာစောင့်နေရင်း.. မင်းလေးနဲ့တွေ့ရမယ့်နေ့ရက်တွေ အနားသို့မြန်မြန်ရောက်စေချင်
Jumper လိုအစွမ်းသာရှိရင် မင်းရဲ့အနားကိုကိုယ် အမြန်သာလှမ်းလာမိချင် စိတ်ကူးယဉ်မိ ရင်းနဲ့ရူးနေသည့် ငါ့ရဲ့အဖြစ်တွေကို မင်းလေးက သိရင် သိပ်သိပ် ကောင်းမှာပဲလို့ စဉ်းစားတွေးမိနေရင်းနဲ့ ငါလွမ်းတယ်
မင်းလေးရဲ့ကျောင်းကလဲ ဘယ်တော့များမှပိတ်မယ်မှန်းမသိ ငါအရမ်းပဲဝမ်းနည်း အားငယ်ရင်းငါ အခြေအနေဆိုးနေလို့ Telephone ကိုအားကိုးလဲမထူး အသံကြားရုံနဲ့ အားမရလို့ ငါ့ရဲ့အနားနားကို မင်းပြန်လာခဲ့အခု
အချစ်ရုပ်ရှင်ဇာတ်လမ်းတွေကြည့်ရင် စိတ်ကအလိုလိုမင်းကိုလွမ်းနေတာဆိုးတယ် မင်းနဲ့အတူ အဲလိုပျော်ရွှင်မြူးဖို့ ကြိုတင်တွေးရင်းကြည်နူးနေလို့ ငါ တောင့်တ စိတ်မှာတမ်းတကာဆွေးရင်း မင်းဘယ်တော့ပြန်လာမလဲငါမေးချင်
ကြယ်စင်လေးတွေကြွေတာတွေ့ရင် ဆုတောင်းမယ် မင်းနဲ့ မဝေးချင်...] V1: KiKi
[ငါလေ မျှော်နေပါတယ် နေ့တိုင်း.. အတူတူပျော်ချင်ပြီကွာ အချိန်တိုင်း...
ဟိုးအရင်ကဆို အခုချိန်များ အတူရှိနေခဲ့တဲ့ အဖြစ်လေး..
သတိတွေရကာ အိပ်မက်ထဲတောင် မျက်ရည်ဝဲတယ် အချစ်လေး...
ငါ... လွမ်းလို့... ပြန်... ခဲ့တော့...
ငါ့အတွက်လက်ဆောင် ဘာမှမပေးနဲ့... မင်းတစ်ယောက်တည်းသာ
ငါ့အတွက်လက်ဆောင်လေး.....] Cho: Bunny Phyo
[ညမအိပ်ခင်အချိန်တွေတိုင်း ဝတ်ပြုဆုတောင်းနေတာ..
စာမေးပွဲတွေပြီး ကျောင်းတွေပိတ်လို့ ဆုံစည်းဖို့ကို တောင့်တ..
နွေရာသီအမြန်ရောက်ချင်တာ.. X'mas ကိုမစောင့်နိုင်ပါဘူး..
ပျော်ရွှင်ကြည်နူးချစ်ရည်လူးဖို့ ငါလေတကယ်ကို မအောင့်နိုင်ပါအခု..
ကီလိုမီတာတွေ အဝေးကြီးပဲ.. Telephone ခတွေ ဈေးကြီးလဲ..
မေမေဆူပစေ ခေါက်ထားလိုက်မယ်.. မင်းနဲ့ပြောဖို့ပဲငါအရေးကြီးတယ်..
မင်းရဲ့အကြောင်းလေးနဲ့ ငါဆွေးမိတယ်.. မင်းကို သီချင်းလေးလဲ ငါရေးမိတယ်..
Super Man လို Super Hero မျိုး ဖြစ်ရင်သိပ်ကောင်းမှာပဲ တွေးမိတယ်..
..... Smiley Face... Facebook မှာ ချိန်းပြီးတွေ့.. Video Chat နဲ့အားမရဘူး...
ထိန်းချုပ်မရတဲ့ ငါ့အချစ်စိတ်.. သီတင်းကျွတ်နဲ့ တန်ဆောင်မုန်း အလွမ်းတွေလဲ ဖြစ်တည်လို့..
လေယာဉ်ပျံလို ပျံလာချင်တယ် အတောင်ပံပါရင် မင်းဆီကို] V2: Sai Sai

[အတူရှိခဲ့သော အချိန်လေးများ.. ငါတမ်းတရင်းနဲ့ ရူးတော့မယ်
အမြန်ဆုံး ပြန်ခဲ့ပါတော့ ကွယ်.. ငါ အလွမ်းနဲ့ ဆုတောင်းဆဲ..] Bridge: Bunny Phyo

ငါ့အတွက်လက်ဆောင်လေး...] Cho: Bunny Phyo
[နွေရာသီဆို ပြန်လာပါ.. X'mas ဆိုပြန်လာပါ.. သီတင်းကျွတ်ရင်ပြန်လာပါ..
သင်္ကြန်ရောက်ရင် ပြန်လာပါ.. စာမေးပွဲတွေပြီးရင် ပြန်လာပါ..
ကျောင်းတွေပိတ်ရင် ပြန်လာပါ.. ငါ့ကိုချစ်ရင်ပြန်လာပါ.. ငါ့ကိုလွမ်းရင်ပြန်လာပါ..] Ending: Various
Download This Song Here
Remix Version is here
Credit to mmlyricsbot

Comments
Post a Comment
ဝေဖန်မှုတွေကို ကြိုဆိုလျက်ပါ...