ရယ်တာပေါ့ - Bobby Soxer

Download This Song Here

မနက်မိုးလင်း အိပ်ယာကနိုး ညထဲက ဆွဲထားတဲ့ အစီအစဉ်ကိုရှိုး မျှော်နေခဲ့တဲ့ April 13 ဒါဆို ဘော်ဒါတွေဆီ ဖုန်းဆက်ပြီး လှမ်းချိတ်လိုက်ဦး
အိုကေ ဦးတည်မဲ့ အရပ်ကိုရွေး အသားမည်းမှာကြောက်လို့ မ၀တ်ဘူး အကျီလက်တိုတွေ အေး ဒါဆို Hoodie တစ်ထည်ကိုဝတ်လို့ရွေး
ဘယ်သူ့ကို ကြည့်မှန်းမသိအောင် မျက်မှန်အမည်းလေးတပ်လို့ပွေး စိတ်ကူးများစွာကြားမှာ သိကြားမင်းတောင် တားမရ လန်းဆန်းနေတဲ့ အတွေးများစွာက
ရေတွေကြားမှာ အဟောင်းများထားကာ ပျော်စရာများစွာ လွင့်ပျံကာ လတ်ဆတ်နေတဲ့ အချိန်မှာ လျှောက်လည်ကြပါ ဒီနှစ်တော့ လျှောက်လည်ကြမယ်
ရန်ကုန်မြို့ကို ပတ်လို့ မီးသတ်ပိုက်ထက်ပိုပြီးကြောက်တယ် နို့ဆီခွက်ကို ဂျစ်ကားပေါ်မှာကြပ်လို့ မလွယ်ဘူး မတ်တပ်ရပ်ဖို့ အမှတ်တမဲ့ အသားချင်းကပ်လို့
ဇာတ်လမ်းစပြီ ဒီလိုသင်္ကြန်ရက်တို့

ခွက်စုတ်ကြီးနဲ့ပက်တာလောက်တော့ ရယ်တာပေါ့ ရယ်တာပေါ့ မီးသတ်ပိုက်နဲ့ထိုးတာလောက်တော့ ရယ်တာပေါ့ ရယ်တာပေါ့
အချိုသပ်စူးစိုက်ပြီးကြည့်တာလောက်တော့ ရယ်တာပေါ့ ရယ်တာပေါ့ အနားကိုကပ်ရွှေ့ဖို့ဇာတ်လမ်းစတာမျိုးတော့ ရယ်တာပေါ့ ရယ်တာပေါ့

ဟာသပဲ အနားမှာဇာတ်လမ်းတွေလာလာစတယ် သူက စကားကြွယ် နားမလည်ပါးမလည် သကြားလုံးမကြိုက်တတ်သူမို့ ဆက်မကြိုးစားနဲ့ ဟိုးထားကဲ
မဏ္ဍပ်အရှေ့ကို တစ်ယောက်တည်းထိုး ဘယ်လိုပြောပြီးကဲ Free ဆိုတော့ ငါမသောက်ရဲလို့ ရှေ့နောက်တောင်မြောက်လူတွေဗြောက်သောက်ပဲမို့
မျက်စိတဆုံးကိုကြည့်လဲ မဏ္ဍပ်တွေ တောက်လျှောက်ပဲမို့ တစ်နှစ်မှာတစ်ခေါက် ချစ်စရာ ပိတောက်တဲ့ တန်ခူးလဆို ပွင့်နေကျ သစ္စာမဖောက်ဘဲ
နောက်နှစ်ကို ကူးပြောင်းချိန် ဒီနှစ်မှာ မကောင်းတဲ့ အညစ်အကြေးတွေဆေးတဲ့ သင်္ကြန်ပွဲက ချစ်စရာကောင်းတယ် အသံကုန်လွှင့်ထားတဲ့ Sound System
ကနေတဲ့လူတွေနဲ့ မဏ္ဍပ်ကပြောင်းပြန်တွေလန် May I have your attention please? B.Sox in da building

ခွက်စုတ်ကြီးနဲ့ပက်တာလောက်တော့ ရယ်တာပေါ့ ရယ်တာပေါ့ မီးသတ်ပိုက်နဲ့ထိုးတာလောက်တော့ ရယ်တာပေါ့ ရယ်တာပေါ့
အချိုသပ်စူးစိုက်ပြီးကြည့်တာလောက်တော့ ရယ်တာပေါ့ ရယ်တာပေါ့ အနားကိုကပ်ရွှေ့ဖို့ဇာတ်လမ်းစတာမျိုးတော့ ရယ်တာပေါ့ ရယ်တာပေါ့

Let's see now we fresh. Ya'll know what Imma saying ? Yo yo Everybody !
When I say "Happy" You say "New Year" Happy New Year Happy New Year
When I say "Happy" You say "New Year" Happy New Year Happy New Year

ဘယ်ညာလက်တွေ လှုပ်ခါရမ်း ဘယ်ညာ ခြေထောက်တွေ လှုပ်ခါရမ်း ခေါင်းတွေချာချာလည်အောင် လှုပ်ခါရမ်း ခန္ဓာကိုယ်တစ်ခုလုံးကို လှုပ်ခါရမ်း

Comments