Capital-P နှင့် အင်တာဗျူး

MMHLS မှာတွေ့လို့ပါ

Sai Nyii: မင်္ဂလာပါ ကို Capital-P ရေ ကျွန်တော်က MMHLS က Sai Nyii ပါ။
Capital-P: ဟုတ် မင်္ဂလာပါ
Sai Nyii: အရင်ဆုံး အကို့ရဲ့ Capital-P လို့နာမည်ပေးဖြစ်ပုံလေး ပြောပြပါလား ခင်ဗျာ။
Capital-P: အဲ့ဒါက ဘယ်လိုပေးဖြစ်တာလဲဆိုတော့ ကျနော်နာမည်အရင်းက ပိုင်မင်းထူးပါ ဘော်ဒါတွေက ကိုဖြိုးလို့ခေါ်တယ် အဲ့ဒါရဲ့အရှေ့ကနာမည်လေး ကိုပေးဖြစ်သွားတာပါ
Sai Nyii: အကို ဒီလောကထဲကို ဘယ်အချိန်လောက်ထဲက စ၀င်ခဲ့တာလဲခင်ဗျ။
Capital-P: အင်း သီချင်းတွေကိုစလုပ်ဖြစ်တာကတော့ 2009 လောက်ကစပြီးလုပ်ဖြစ်တာပါ
Sai Nyii: အကို ငယ်ငယ်တုံးကကော အသက်ကြီးလာရင် အဆိုတော် တစ်ယောက်ဖြစ်ရမယ်လို စိတ်ကူးယဉ်တာတွေကော ရှိခဲ့ဘူးလား။
Capital-P: ငယ်ငယ်တုန်းကတော့ အဆိုတော်ဖြစ်လာရမယ်လို့ စိတ်ကူးမယဉ်ဖူးဘူး ဒါပေမယ့်သီချင်းတွေအပေါ်တော့ရူးသွပ်ခဲ့ပါတယ်
Sai Nyii: အကို ပထမဆုံး ဆိုခဲ့တဲ့ သီချင်းက ကော ဘယ်သီချင်းဖြစ်မလဲခင်ဗျ။
Capital-P: မထမဆုံးဆိုဖြစ်တဲ့သီချင်းက STF Lover ဆိုတဲ့သီချင်းပါ ဘယ်သူမှလဲမပြဖြစ်ဘူး ရှက်လို့…:)
Sai Nyii:အကို Music နဲ့ ပတ်သတ် လို့ လက်ဦးဆရာ တွေ ကော ရှိလားခင်ဗျ။
Capital-P: အဲ့လိုတော့သီးသန့်ကြီးမရှိပါဘူး သူငယ်ချင်းတွေတစ်ယောက်မသိတာတစ်ယောက်ပြောပြကြရင်းနဲ့ သိလာကြတာပေါ့
Sai Nyii: အကို့  ဒီ Music လောကထဲကို စဝင်တော့ တွေ့ကြုံ ခဲ့ရတဲ့ အခက်အခဲတွေလဲရှိမှာ ပေါ့နော်…..တွေ့ ကြုံခဲ့ရတဲ့ အခက်အခဲလေးတွေ ကိုပြောပြ ပါလား။
Capital-P: အခက်အခဲကတော့ အများကြီးပဲ အဲ့တုန်းက ဆိုဖို့ beat လဲမရှိဘူး နောက်ပြီးသီချင်းတွေရေးလိုက်ရင်လဲ တစ်ခုမှကောင်းကောင်းကန်းကန်းထွက်မလာဘူး အသေအလဲ စိတ်ဓာတ်ကျခဲ့တဲ့ကာလတွေပေါ့
Sai Nyii: ဟုတ်ကဲ့…….အခုကော သီချင်းတွေကို ကို့ဟာကိုတီးတာလား။
ဝယ်ရတုံးပဲလား အကို

Capital-P: ကျနော်သီချင်းမတီးတတ်ပါဘူး သီချင်းတွေက Glock-17 တီးပေးတာပါ
Sai Nyii: အကို Hip Hop Music အပေါ်ကိုကော ဘယ်လိုမြင်ပါလဲဗျ။
Capital-P: ဘယ်လိုမြင်လဲဆို တော့ Hip Hop က နိုင်ငံတကာမှာ တစ်ခြား Music တွေနဲ့ရောကုန်ပြီ Hip Hop စစ်စစ်ဆိုတာရှားသွားပြီ
Sai Nyii: အကို့အနေ့နဲ့ ဒီ Music အပေါ် ခံယူချက်လေးသိချင်ပါတယ်။
Capital-P: ကျနော်ခံယူထားတာကတော့ Studio တွေသွားသီချင်းတွေသွင်းနေမှ Hip Hop ဖြစ်တာမဟုတ်ပါဘူး ကျနော်ဒီ music အပေါ်ရူးသွပ်လို့ လမ်းဘေးက ဒေါင်မှာ ခုံခေါက်ပြီး ကာရန်တွေရွတ်နေလဲ Hip Hop လုပ်နေတာပါပဲ
Sai Nyii: အကို ဒီလောကထဲကို စ၀င်လာတဲ့နေ့ကစပြီး ဒီနေ့အချိန်ထိ အကိုဆိုလာတဲ့ သီချင်းတွေ ဘယ်နှပုဒ်လောက်ရှိပြီလဲခင်ဗျ။
Capital-P: 15ပုဒ် လောက်ပဲရှိပါသေးတယ်
Sai Nyii: အကိုက STF ရဲ့ Member တစ်ယောက်လို့လဲသိရပါတယ်။ Familyရဲ့နာမည်အပြည့်အစုံနဲ့ဘယ်လိုဖွဲ့ဖြစ်သွားကြတာလဲဆိုတာ
ပြောပြပေးပါလားခင်ဗျာ။

Capital-P: STF ရဲ့ နာမည် အပြည့်အစုံက Street 2 Finest ပါ ဖွြဲ့ဖစ်တာကတော့တော်တော်ကြာပြီ သူငယ်ချင်းတွေအားလုံးစိတ်တူကိုယ်တူလုပ်မယ်ဆိုပြီးဖွဲ့ဖြစ်တာပါ
Sai Nyii: အကိုရဲ့ သီချင်းတစ်ပုဒ်ဖြစ်တဲ့ 2th Story က True Story လို့သိရပါတယ်။အဲဒါကကော တကယ်လားဗျ
Capital-P: ဟုတ်ပါတယ်
Sai Nyii: ဘယ်လိုမျိုးရေးဖြစ်သွားတာလဲဗျ။
Capital-P: အဲ့သီချင်းကအကြာဆုံးရေးရတဲ့သီချင်းပါ အစအဆုံးကို တစ်နှစ်လောက်ကြာသွားတယ်ရေးရင်းနဲ့ ၊ ဘယ်လိုရေးဖြစ်သွားတာလဲ ဆိုတော့ ကျနော်အကြောင်းတွေကို ရင်ဖွင့်စရာလူမရှိလို့ စာအုပ်နဲ့ဘောလ်ပင်ကို ရင်ဖွင့်ရင်းနဲ့ရေးဖြစ်သွားတာပါ
Sai Nyii: အော်…….ဟုတ်ကဲ့
သီချင်းထဲမှာလည်း ရေးတဲ့သူရဲ့ခံစားချက်တွေကို တွေ့ရပါတယ်။

Capital-P: ဟုတ်
Sai Nyii: အကို့ရဲ့ အချစ်ရေးကကောခင်ဗျ။
Capital-P: အချစ်ရေးကတော့ ရန်ဖြစ်လိုက် ပြန်ချစ်လိုက်ပါပဲ :)
Sai Nyii: အကို Show ပွဲတွေဆိုဘူးလားခင်ဗျ။
Capital-P: ဟုတ် အရမ်းတော့မများပါဘူး
Sai Nyii: အကိုဆိုခဲ့တဲ့ သီချင်းတွေထဲကပေါ့နော်အကိုအကြိုက်ဆုံးသီချင်းကိုရွေးပါလားဆိုရင် ဘယ်အပုဒ်ကိုရွေးမလဲခင်ဗျ။
Capital-P: အကြိုက်ဆုံးဆိုရင် ခုနောက်ဆုံး MIC နဲ့ပေါင်းပြီးသွင်းထားတဲ့ Our Attitudes ဆိုတဲ့သီချင်းကိုတော်တော်ကြိုက်နေတယ်
Sai Nyii: ဟုတ်ကဲ့
အကို အခု လက်တလော ဘယ်သီချင်းတွေ လုပ်ဖြစ်နေလဲခင်ဗျ။

Capital-P: အခုတလောသီချင်းတွေမလုပ်ဖြစ်ပဲမျောနေတာ တော်တော်ကြာနေပြီ MiniMouse လို့နာမည်အကြမ်းပေးထားတဲ့သီချင်းတစ်ပုဒ်တော့ မနေ့က အချောသတ်ရေးပြီးသွားတယ်
Sai Nyii: အကို့ကိုဝေဖန်အင်္ကြုပြုချင်ရင် အကို့ကို ဘယ်လိုဆက်သွယ်ရမလဲဗျ။
Capital-P: capitalp.streettofinest@gmail.com ကိုဆက်သွယ်လို့ရပါတယ်ခင်ဗျာ
Sai Nyii: နောက်ဆုံးအနေ နဲ့ အကို့ကို အားပေးနေမယ့် ပရိတ်သတ်အတွက်လက်ဆောင်စကားလေးပြောပေးပါအုံး အကို။
Capital-P: သီချင်းတွေမလုပ်ဖြစ်ပဲအပျင်းကြီးနေတဲ့ ကျနော့်ရဲ့ သီချင်းတွေ ထွက်လာရင်လဲနားထောင်ပေးပါဦးလို့ပြောချင်ပါတယ်
Sai Nyii: ဟုတ်ကဲ့ အခု လို ကျွန်တော် မေးတာ ကို စိတ်ရှည်လက်ရှည် နဲ့ ဖြေကြားပေးတဲ့ ကို Capital-P ကို ကျွန်တော် တို့ MMHLSအဖွဲ့သားတွေ အားလုံး ကိုယ်စားကျေးဇူးအများကြီးတင်ပါတယ်။
Capital-P: ဟုတ်ကဲ့ MMHLS ကိုလဲကျေးဇူးအများကြီးတင်ပါတယ်
Sai Nyii: ကျွန်တော်တို့ MMHLS မှလည်း ကို Capital-P ဒီထက်မက အောင်မြင်ပါစေလို့ ဆုတောင်းပေးပါတယ်ခင်ဗျ။
Capital-P: ဟုတ်ကဲ့ ကျေးဇူးပါခင်ဗျာ

Comments