Day&Night

ညလေညင်းသာယာမှုမရှိဘူး မင်းရဲ့အတိတ်ကငါ

ခဏတဖြုတ်ရစ်ဝဲ ဝတ်မှုန်ကုန်ချိန်မှာပျံဝဲသွားသောလိပ်ပြာများ

လရိပ်အောက်မှာမြင်နေရတဲ့ လူတစ်ယောက်စိတ်ကနာ

စကားသံတွေစွန့်အလို့ မျက်လုံးတွေမှိတ်ကာထား

ကံစီမံရာအတိုင်း မင်းရဲ့စိတ်အလိုကျငါ ဖြည့်ဆည်းမပေးနိုင်တဲ့အခါ

နင်မေ့လိုက်တော့ ပတ်သက်သမျှတွေကို ငါအသက်ထက်မကလွမ်းရက်ကရှည်လို့

အဝေးကြီးကလှမ်းကာမြင်နေလည်း ငါဟာတစ်ယောက်တည်း

အဖော်မဲ့သောလမ်းမှာ ခေါ်နေတယ် လှမ်းလာ

အိပ်မက်ကဆုံးလို့ အက်ကွဲ ပါးထက်ကလွမ်းတတ်သည်ပဲ

ထွက်သွားလိုက်ပါ ထွက်သွားလိုက်ပါ နင် ဒဏ်ရာတွေသာချန်ခဲ့
နှုတ်ခမ်းလေးခဏလောက်ဆိတ်ထားပါ ပန်းကလေးတွေရှက်သွားမှာစိုးလို့

ငိုမချလိုက်နဲ့နော် အပျံသင်စငှက်ကလေးတွေ တစ်ဖက်အနားမှာမိုးခို သူတို့ကိုသနားလို့

မင်းအရိပ်တွေငါ့အပါးမှာစိုးမိုး ပတ်သက်မှရိုကျိုးလို့

မနုချင်လည်း မင်းအတွက်နဲ့ငါရူးချင်တယ်

ဘဝဆိုတာထင်သလောက်မလွယ်ဘူး ဖြတ်သန်းဖို့ခက်

ငါပေးတဲ့အချစ်တွေစာစီလို့မရလည်း ငါတို့ကမ္ဘာတည်မလို့ပျက်

ငါအမြဲတမ်းမက်ခဲ့တဲ့အိပ်မက်အတိတ်က နာရီတစ်ချို့တစ်ဝက်

လေထဲမှာပျက်သုဉ်း အချစ်တစ်ခုနဲ့ဘဝကတည်ဆောက်လို့မရ

ဂုဏ် ငွေနဲ့ ကျော်ကြားမှုဆိုတာကလည်း ရှိသလောက်မရိုးသား

ဒါတွေကို မင်းမိဘတွေမသိလည်း သိအောင်လို့ငါရှင်းပြလို့မရ

အလကား အလင်းများထွန်းမလာတဲ့အမှောင်ထဲကမင်းဘဝမို့ငါရင်လေးတယ်

လူ့ဘဝကအရှည်ကြီး ဘာတွေကြုံမလဲအတိအကျမမြင်သေးတဲ့ခဏ

ပျော်စရာတွေအများကြီးထဲ မျက်စိမှိတ်လျှောက်ဖို့ဝန်လေးဆဲ ငါကြောက်လို့ ငါလွမ်းတိုင်းမင်းအနားရောက်ဖို့မကြိုးစားတော့ဘူးနောက်ဆို





ကံစီမံရာအတိုင်း မင်းရဲ့စိတ်အလိုကျငါ ဖြည့်ဆည်းမပေးနိုင်တဲ့အခါ

နင်မေ့လိုက်တော့ ပတ်သက်သမျှတွေကို ငါအသက်ထက်မကလွမ်းရက်ကရှည်လို့

အဝေးကြီးကလှမ်းကာမြင်နေလည်း ငါဟာတစ်ယောက်တည်း

အဖော်မဲ့သောလမ်းမှာ ခေါ်နေတယ် လှမ်းလာ

အိပ်မက်ကဆုံးလို့ အက်ကွဲ ပါးထက်ကလွမ်းတတ်သည်ပဲ

ထွက်သွားလိုက်ပါ ထွက်သွားလိုက်ပါ နင် ဒဏ်ရာတွေသာချန်ခဲ့





အလွမ်းတွေတော့ကျန်သေးတယ် ရင်ဘတ်ထဲမှာတံခါးဖွင့်ထားဆဲ

လက်သည်းဆိပ်တက်နေတဲ့ ငါ့ကျောပြင်တစ်ခုလုံး မင်းနှုတ်ခမ်းကြောင့်ဖျားချင်လာတယ်

ငါပြောတဲ့အဓိပ္ပါယ်နားဝင်လား

မင်းနဲ့ငါလျှောက်ရမယ့်လမ်းကတစ်ဖက်စီ သွားချင်ရာသွား

ငါ့အမြင်က တစ်ချိန်မှာမလိုအပ်ဘူးထင်တဲ့ ဘဝအဆင်တန်ဆာများ

တကယ်တမ်းသာမရှိခဲ့ရင် တစ်ချိန်မှာစိတ်ညစ်ရမယ် မိန်းကလေးပဲလှချင်မှာပါ

အဲဒီအချိန် ငါဘာမှမတတ်နိုင်လို့ ငါ့ရဲ့လက်ကိုနင်ကိုင်လို့တွဲထားချင်မှာလား

ငါ့အသံကောအမြဲ ကြားချင်မှာလား ငါသိတယ်

နင်ငါ့ကိုခွဲသွားချင်မှာ သာယာတဲ့ဘဝကိုလှမ်းဖို့

နောက်တစ်ယောက်ရဲ့ရင်ခွင်ထဲကိုလှမ်းလို့လျှောက်

မင်းရူးသွပ်ပါတယ်ဆိုတဲ့ တစ်ချိန်ကအချစ် အနမ်း အလွမ်းတို့ပျောက်

မင်းကနေ့ ငါကည မင်းနဲ့ငါအဝေးကြီးကမ္ဘာကခြား

တစ်ကယ်ဆိုအရေးကြီးတာက ဘဝ ပါးစပ်ကပြောနေကြတဲ့အချစ်မဟုတ်ဘူး

မင်းသိပါကလေးရယ် ရင်ထဲမှာတော့ မင်းရှိပါသေးလည်း

အဝေးကသာငါ ကြည့်ကာပေးမယ်



ကံစီမံရာအတိုင်း မင်းရဲ့စိတ်အလိုကျငါ ဖြည့်ဆည်းမပေးနိုင်တဲ့အခါ

နင်မေ့လိုက်တော့ ပတ်သက်သမျှတွေကို ငါအသက်ထက်မကလွမ်းရက်ကရှည်လို့

အဝေးကြီးကလှမ်းကာမြင်နေလည်း ငါဟာတစ်ယောက်တည်း

အဖော်မဲ့သောလမ်းမှာ ခေါ်နေတယ် လှမ်းလာ

အိပ်မက်ကဆုံးလို့ အက်ကွဲ ပါးထက်ကလွမ်းတတ်သည်ပဲ

ထွက်သွားလိုက်ပါ ထွက်သွားလိုက်ပါ နင် ဒဏ်ရာတွေသာချန်ခဲ့


Download This Song Here

Comments