InterView With Mc Oasix From Mandalay !

(MMHLS က Oasix ကို မေးထားတဲ့ interview လေးပါ)


MMHLS ရဲ့ အခုတခေါက် အင်တာဗျူးကို မန္တလေးသားအဆိုတော် MC Oasix နဲ့  ပြုလုပ်ခဲ့ ပါတယ်….
တတ်နိုင်သလောက် ကြိုးစားပြီး မေးထားပါတယ်….
လိုအပ်ချက်များ ရှိခဲ့ လို့ ရှိရင် ကြိုတင်တောင်းပန်ပါရစေ….:)

MMHLS: မောင်လေးရေ..မင်္ဂလာပါ..MMHLS ကပါ…သိမေးချင်တာလေးတွေ ရှိလို့ ဖြေပေးပါအုံးနော်..
emceeoasis: ဟုတ်ကဲ့ပါ…မေးပါ..
MMHLS: ပထမဆုံးမောင်လေးနာမည်အရင်းကို မိတ်ဆက်ပေးပါလား
emceeoasis: ဟုတ်…Oasix ပါ … နာမည်အရင်းကတော့ သက်ကိုပါ ..

MMHLS: Oasix ဆိုတဲ့ နာမည်မှာ story ရှိလားမောင်လေး..
emceeoasis: ဟုတ်ကဲ့ပါ..
အဲဒါကတော့..Dotaခုတ်တယ်လေ…အဲကနေနာမည်ကစပြီးရခဲ့တာပါ…
သူငယ်ချင်းတွေပေးတာပေါ့.
နောက်ထပ်အနေနဲ့ဆိုရင်.. ကန္တာရထဲမှာ အိုအေစစ် က အရေးပါတယ်လေ..
အဲလိုအနေနဲ့ ပါ…
MMHLS: ဟုတ်ပါပြီ…. နောက်ထပ်သိချင်တာက မောင်လေး ဒီ musiz လောကထဲကို ရောက်တာ ဘယ်လောက်ကြာပြီလဲ… ဘယ်လိုရောက်လာတာလဲ
emceeoasis: အင်း…. ဒီထဲကိုရောက်တာဆိုရင် ..တစ်နှစ်ကျော်ပဲရှိပါသေးတယ်…သိပ်မကြာသေးပါဘူး..
ဘယ်လိုရောက်လာတာလဲဆိုရင်….
သီချင်းတွေကိုကြိုက်တယ်…နောက်ထပ်အနေနဲ့ဆိုရင်တော့..ကိုရန်ရန်ချမ်းပေါ့…သူက ရန်ကုန်မှာနေတုန်းက အိမ်ကို အက်စစ်စတင်ခြင်း ထွက်တုန်းက
အခွေလာပေးတယ်. အဲက စပြီး ကြိုက်ဖြစ်သွားတာပါ.. Hip Hop ကို…

MMHLS: ဒါဆိုရင် မောင်လေးကို အဲဒီတုန်းက ဆွဲဆောင်နိုင်ခဲ့ တဲ့ သီချင်းတပုဒ်လောက် ပြောပြပါလား
emceeoasis: နာမည်တော့မမှတ်မိတော့ဘူး…သီချင်းစာသားကတော ..
ဦးနှောက်မှမရှိတာကိုးး……..သိတယ်မလား..ဟဲဟဲ..
အိမ်မက်ထဲကစိတ်တွေ ဦးနှောက်မှမရှိတာကိုး..
MMHLS: ဒီ ၁ နှစ်ဆိုတဲ့ အတော အတွင်းမှာ မောင်လေး အားရမှု အရှိဆုံးက ဘယ်သီချင်းတွေ ဖြစ်မလဲ

emceeoasis: ဟုတ်… သီချင်းအကုန်လုံးကိုတော့ အကောင်းဆုံးလုပ်ခဲ့ပါတယ်…
အားရမှုအရှိဆုံးသီချင်းတွေဆိုရင်တော့ …အမုန်းတော်(True Story) နောက်ပြီး…အမှတ်တရအဖြစ်ရှိနေမယ့် ..ဒီမိုးသည်းချိန်ရယ်..အလိုတော်တစ်ခုရယ် …အချစ်သီချင်းထဲမှာပေါ့…အားပေးကြပါတယ်..
Gang အနေနဲ့ဆိုရင်တော့ Who R u ..ကိုအားရပါတယ်..
MMHLS: ဒီသီချင်းတွေက M family အနေနဲ့ လုပ်ထားတာနော်
emceeoasis: ဟုတ်ပါတယ်.. အမုန်းတော်သီချင်းကလွဲရင်ပေါ့…
MMHLS: အခု လက်တလော ကြားနေရတဲ့ M Family Broken ကိစ္စပြောပြပေးနိုင်မလား
အချင်းချင်းပေါ့…နားလည်မှုမရှိနိုင်တဲ့သူ၂ယောက်လောက်ထွက်သွားတာပါ ..ကိုယ့်အပြစ်ကို သူများအပေါ်ပုံချတဲ့သူတွေထွက်သွားတာလို့ပြောလို့လည်းရနိုင်ပါတယ်..Family မှာ…သူတို့မရှိလို့တော့ သိပ်ပြီး ပြသနာတော့မရှိပါဘူး..ဟုတ်..
MMHLS: ဒါဆိုရင် သူတို့ နဲ့ ဖန်တီးထားတဲ့ သီချင်းတွေကကော
ပြန်လုပ်မှာလား..ဒီတိုင်းထားလိုက်မှာလား

emceeoasis: ဟုတ်…စိတ်ထဲကကြိုးစားလုပ်ထားတာဆိုတော့ နှမျောဖို့တော့ကောင်းပါတယ်…ဒါပေမဲ့. ဘယ်လိုဖြစ်ဖြစ်..သူတို့နဲ့ဆိုခဲ့တာကြောင့် လူပိုသိသွားတာလည်းဖြစ်နိုင်ချင်ဖြစ်နိုင်မယ်…
ဒါပေမဲ့…အဲသီချင်းတွေကို ဆက်လုပ်မှာပါ…ဘာလို့လဲဆိုတော့..
သူတို့ကခွဲထွက်သွားတာနဲ့ ကိုယ့်ကြိုးစားမှုကို အပျက်စီးခံရဖို့လည်း
မတန်ပါဘူး…ဒါကြောင့်အဲသီချင်းတွေကို ပြန်လုပ်မှာပါ…
ဒီအတိုင်းတော့မထားပါဘူး…ဘာလို့လဲဆိုတော့…
ဒီအခြေအနေမျိုးက ကျနော် အမှားကြောင့်ဖြစ်တာမဟုတ်လို့ပါ.။
MMHLS: သူတို့ အစားခေါ် လူပြန်ခေါ်အုံးမှာလား..ဒီတိုင်းပဲ ဆက်လှိမ့် မှာလား..
emceeoasis: လူပြန်ခေါ်ဖို့အစီအစဉ်တော့ရှိပါတယ် အဲဒါကတော့မသေချာပါဘူး..သေချာတာကတော့ကျန်နေတဲ့.လူ ၅ယောက်နဲ့ အဖွဲ့ကို ဆက်လုပ်ဖို့ရှိပါတယ်..တချို့လူတွေလိုတော့..
ဒီအဖွဲ့ကထွက်ပြီး ဟိုအဖွဲ့တန်းထောင်တာမျိုးကတော့..လုပ်ဖို့မရှိပါဘူး…
Family ကို အနစ်နာခံမှုရှိမဲ့လူ တွေကိုပဲ ခေါ်ရင်လည်းခေါ်ဖြစ်မယ်ထင်ပါတယ်…
me: family အကြောင်းလေး ပြီးသွားတော့ မောင်လေး အကြောင်းနဲနဲပြန်ဆက်ရအောင်…
emceeoasis: ဟုတ်ကဲ့..
MMHLS: အခု လက်ရှိမှာကော ဘာတွေ လုပ်နေလဲမောင်လေး
emceeoasis: ခုလက်ရှိဆိုရင်တော့…သီချင်းတွေပဲ ဆက်တိုက်ရေးဖြစ်တီးဖြစ်နေပါတယ်…ကျနော့် Family Mixtape
ပြီးတော့ ကျနော့်ရဲ့ solo Mixtape ကို ၆.လပိုင်းကုန်လောက်
ဝေမလို့ပါ..နောက်ပြီး…တချို့Family တွေထဲမှာ Featuring လိုက်ဆိုပေးဖြစ်ပါတယ်..
သူများတွေအပ်ထားတဲ့သီချင်းတွေကို လုပ်ပေးဖြစ်ပါတယ်…
MMHLS: သီချင်းတွေကကော ကိုယ်တိုင်ရေးတွေပဲလား
emceeoasis: ဟုတ်ပါတယ်..အကုန်လုံးတစ်ပုဒ်မကျန် လုပ်ခဲ့တဲ့သီချင်းတွေကော..လုပ်လက်စတွေကောပါ…ကိုယ်တိုင်ပါပဲ…
MMHLS: မောင်လေး ရှေ့ ကို လာပြီး အိုအေစစ်ဆိုတာ မကြားဖူးပါဘူးကွာလို့ ပြောတဲ့ လူ ရှိခဲ့ မယ်ဆိုရင် ဘာများပြောချင်လဲ အဲလူကို
emceeoasis: အယ်…အဲလိုမျိုးဖြစ်ခဲ့ရင်တော့…အဲလူကို ဘာမှမပြောဘဲနဲ့မေးလိုက်မှာပါ…အိုအေစစ်ဆိုတာကို မသိရင်..
မန်းလေး မှာ Hip Hop သီချင်းနားထောင်ဖူးလားလို့အရင်မေးလိုက်မယ်..
အဲဒါကိုမှမသိရင်နောက်ဆုံးပြောစရာတစ်ခုပြောစရာပဲရှိပါတယ်..
ရေသန့်ဘူးကိုသိလားလို…အိုအေစစ်နာမည်နဲ့ … ဟဲဟဲ..

MMHLS: သီချင်းရေးတဲ့ အခါမှာကော
အိုအေစစ်ရဲ့ character ဆိုပြီး သီးသန့် ရှိလား

emceeoasis:အဲဒါဆိုရင်တော့ Rhymes ပေါပေါလောလောသုံးတဲ့ အကျင့်တစ်ခုပဲရှိပါလိမ့်မယ်….ကျန်တာတွေကတော့ နားထောင်တဲ့သူတွေပဲသိလိမ့်မယ်လို့ ထင်ပါတယ်…
MMHLS: ဒါဆိုရင် မောင်လေး သီချင်းက ပထမဆုံးနားထောင်မယ်ဆိုရင် ဘယ်သီချင်းကို နားထောင်စေချင်လဲ
emceeoasis: ပထမဆုံးအနေနဲ့ဆိုရင်…အမုန်းတော်သီချင်းကိုနာထောင်စေချင်ပါတယ်…
အဲဒီမှာ ဖြစ်ရပ်မှန်တွေပါနေလို့ပါ…
MMHLS: အင်း ဟုတ်ပါပြီ… နောက်ထပ်သိချင်တာက Oasix မှာ တခြား Artists တွေနဲ့ ယှဉ်ပြိုင်ရဲတဲ့ အချက် ဘာရှိလဲ…
emceeoasis:ဟုတ်…တခြားသူတွေနဲ့ပြိုင်နေတာမဟုတ်ပါဘူး..
ကိုယ့်လမ်းကိုလျှောက်နေတာပါ..ပြိုင်လာခဲ့ရင်တော…တစ်ခုပဲရှိပါတယ်…
Freestylebattle,Rhymes,တွေနဲ့ပြိုင်ရဲပါတယ်..အမြဲအနိုင်ရမယ်လို့တော့မဟုတ်ဘူးနော်..
ပြိုင်ရဲတယ်ဆိုတာကိုပြောတာပါ..
MMHLS: ဒါဆိုရင် နောက်ထပ် personal background ဖက် ပြန်သွားရအောင်..
emceeoasis: ဟုတ်…
MMHLS: ပညာရေးအနေနဲ့ ကကော မောင်လေး..
emceeoasis: ပညာရေးအနေနဲ့ဆိုရင်တော့ အခုလက်ရှိ E major first year တတ်နေပါတယ်… Yadanarbon University မှာ..
MMHLS: နောက် ၅ နှစ်လောက်ဆိုရင် Oasix ဘာလုပ်နေမလဲ..emceeoasis: နောက်၅နှစ်ဆိုရင်တော့…မသိသေးဘူးဗျ….
အခုတောင်မနက်ဖြန်ဘာလုပ်မယ်ဆိုတာမသိသေးဘူး…ကြိုစဉ်းစားထားလို့မရနိုင်လို့လေ…
သေချာတာတစ်ခုကတော့..နောက်၅နှစ်လောက်ဆိုရင်…မင်္ဂလာဆောင်ဖြစ်မယ်ထင်တယ်..ချစ်သောသူနဲ့…
MMHLS: ချစ်တဲ့ သူ ရှိနေပြီပေါ့ 
emceeoasis: ဟုတ်…ရှိပါတယ်…ချစ်သောသူနာမည်က …၀သန်မိုးပါ..
ကျောင်းကတော့ GTC b-tech တတ်နေပါတယ်..
ကဗျာရေးတယ်…သူက
MMHLS: ဒါဆိုရင် ချစ်သူက အစ ..ဘယ်သူမှ မသိသေးတဲ့  Oasix အကြောင်း တခုလောက် ပြောပြလို့ ရမလား
emceeoasis: ဟုတ် ချစ်သူက အစ မသိသေးတဲ့အကြောင်းအရာဆိုရင်တော့..
အိုအေစစ် ညည ဘုရားမရှိခိုးတာပဲနေမှာပါ…
မိဘကအစပေါ. မသိဘူး…
MMHLS: ဟားဟား ဟုတ်ပြီ…နောက်ထပ်သိချင်တာက
မောင်လေး အနေနဲ့ ဘယ်သူနဲ့ သီချင်းတွဲဆိုချင်လဲ….

emceeoasis: သီချင်းတွဲဆိုချင်တဲ့လူတစ်ယောက်ရှိပါတယ်..
ဘယ်သူလဲဆိုတော့ ချစ်သောသူနဲ့ပေါ့ ..
ဘာလို့လဲဆိုတော့ သူက ကျနော်ထက် သီချင်းကောင်းကောင်းဆိုတတ်လို့ပါ …
MMHLS: What is Oasix? လို့ မေးလာခဲ့ ရင် အဖြေကဘာဖြစ်မလဲ..
emceeoasis: မတောက်တခေါက်သိတဲ့ပညာတဲ့ရပ်တွေနဲ့ သီချင်းဆိုတဲ့လူတစ်ယောက်လို့ဖြေမိမယ်ထင်တယ်..
MMHLS: Hiphop Misiz current အကြောင်းနဲနဲမေးမယ်နော..
emceeoasis: ဟုတ်.
MMHLS: 8ball ကတင်စားထားတာကတော့  Hiphop music ကို wind blowing တဲ့….Oasix ကကော
emceeoasis: Oasix ဆိုရင်တော့ … Hip Hop က
Free World For Youth ! အဲလိုလည်းဖြစ်လိမ့်မယ်ထင်တယ်..
လူငယ်တွေအတွက်.. ကျနော်အပါအ၀င်ပေါ့…
MMHLS: အိုကေ…၆ လပိုင်းထွက်မယ့်  solo မှာကော ဘာတွေ ထူးထူးခြားခြားတွေ့ ရမလဲ
emceeoasis: ၆ လပိုင်းထွက်မဲ့အခွေမှာထူးခြားတာတွေအများကြီးရှိပါတယ်..
အဲအခွေရဲ့ Music တွေဆိုရင်တော့ ..AlterNative Hip Hop ၂ပုဒ်ပါမယ်..Westcoast, အထူးခြားဆုံးက. Ygn Vs Mdyသီချင်းတစ်ပုဒ်ပါပါမယ်.
နောက်ပြီး…Feat တွေကို အဖွဲ့ကထွက်တဲ့သူတွေကလွဲပြီး ကျန်တဲ့ Mdy က Rappers တော်တော်များများပါဝင်မှာပါ..
MMHLS: Oasix က မန္တလေးကနော်..
မန်းလေးသား Oasix အနေနဲ့  ဘာများပြောချင်သလဲမောင်လေး

emceeoasis: ဟုတ်…မန်းလေးမှာ Artists တွေရှိပါတယ်.. တကယ်ရှိပါတယ်…တကယ်တော်တဲ့သူတွေလည်းရှိပါတယ်..
တကယ်တတ်တဲ့သူတွေလည်းရှိပါတယ်…..လို့
သူများတွေလိုတော့ (ကျနော်တို့က…နာမည်ကြီးဖို့..မဟုတ်ပါဘူး..
နားထောင်သူကို… ပျော်စေချင်လို့…စိတ်ချမ်းသာစေချင်လို့..
စိတ်ကြည်နှုးဖို့အတွက်ပဲလုပ်တာပါ )လို့တော့မပြောတော့ပါဘူး..
MMHLS: နောက်ထပ်family nameကော ပြန်ပေးအုံးမှာလား..မောင်လေး
emceeoasis: မပေးတော့ဘူး…အဲနာမည်ပဲဆက်သုံးမှာဗျ..
MMHLS: ဒီလောက်ဆိုရင်တော့ ပြည့်ပြည့့်စုံစုံ သိရပါပြီ… Oasix အနေနဲ့ ဘာများပြောချင်တာ ရှိသေးလဲ..
emceeoasis: ဘာပြောချင်လဲဆိုရင်တော့ …Oasix သီချင်းများကို…ပက်ပက်စက်စက်ပြန်လုပ်နေပါသည်လို့..
.ကျနော့်Mixtape ကိုလည်း ၆ လပိုင်းဖြန့်ရင်. နားထောင်ပေးကြပါဦးလို့..နောက်ပြီး…သည်းခံပြီး View တဲ့ အမနဲ့ ဖတ်ရှုပေးတဲ့ ပရိတ်သတ်ကို..ကျေးဇူးတင်ပါတယ်လို့…
ဝေဖန်ချင်ရင်တော့ emceeoasis@gmail.com ကိုပြောနိုင်ပါတယ်..
MMHLS: အိုကေ..အခုလို ဖြေကြားပေးတဲ့ မန်းလေးသား အိုအေစစ်ကို အမတို့  MMHLS က ကျေးဇူး အများကြီးတင်ပါတယ်…အများကြီးအောင်မြင်ပါစေလို့ ဆုတောင်းပေးပါတယ်..
emceeoasis: ပေးတဲ့ဆုနဲ့ပြည့်ချင်ပါတယ်…


Comments