Download This Song Here
မနက်စောစော အ၀တ်အစားတွေကြော့မော့ ဟော့ရှော့ အေးစက်တဲ့ရေမှုန်တေလို သဘာဝပေါက်ပင်တွေနဲ့ ရောနှော အနံ့တစ်မျိုး နှာခေါင်းထဲတိုး အရသာအဟောင်းပဲမို့
တို့တွေပြောနေကြတာ ရာသီဥတုအပြောင်းအလဲမို့ တစ်ပတ်လောက်တော့ရှိပြီ ငါတို့တွေမတွေ့ရတာ နှစ်ယောက်ထဲချိန်းလွမ်းတယ်ဆိုမှ မင်းဆီက Mail ကမလာ
အလုပ်အကြွေးကများ ချွေးကကျ New York နဲ့ တောင်ဥက္ကလာက ဒီလောက်တောင်ပဲ ဝေးသလားကွာ ကလေးကစားစရာမဟုတ်ဘူး ဒါက ဆယ့်ငါးမိနစ်နှုန်းပြန်ကြီး
ငါရုပ်တည်နဲ့ပြောတာကိုလဲ မင်းက ပြုံးပြန်ပြီ မထွက်သွားလိုက်ပါနဲ့ ငါ့ရင်ဘတ်ကို စုန်ကန်ပြီး မင်းကလွဲရင် ငါ့မှာမက်မောစရာရုပ်နာမ်မရှိ
မင်းဘေးငါရှိနေချိန်မှာ ဂရုစိုက်ပေါ့ နင်ငါ့ကို ရင်ခွင်ထဲ အကြင်နာတွေနဲ့ အချိန်ကုန်ဆုံးချင်တယ်ဟေ့ ဘာမှမသိတော့ဘူး ငါ့ဦးနှောက်ထဲမှာ မင်းပဲရှိလို့
ဒီလိုလေး နင်နေပေးပြီး အသက်ရှူသံတွေနားထောင်ဟေ့
(နင်စကားတွေသိပ်မများနဲ့ လှုပ်ရှားတဲ့ စိတ်တွေကြောင့် အချိန်လေးတွေကုန်မသွားခင် ညင်သာစွာဂရုစိုက်ပေါ့) ၂
ခံစားချက်တွေပြည့်လျှံလို့ ဖြိုးမောက် နိုင်ငံခြား ဘန်ဂလိုအမိုးအောက် နေမထွက်ခင် ၃ နာရီ ချစ်ရင်တွေ့ကြပြန် တို့မိုးသောက် အနှောင့်အယှက်တွေ အဆိုတော်တွေလိုပဲ
တိုးမပေါက်ရို့ သောင်ပြင်ထက်ဝယ် လေတွေက တဖြူးဖြူးကြည်နူးလို့ လူးလှိမ့်နေအရူးအမူး ရွှေလည်တိုင်ကိုနမ်းရှိုက်ချိန် မင်းဆိုတဲ့ ဦးဦး မျက်စိတွေစူး အသေတွေကဲ
အသေတွေကဲ လှိုင်းတွေလိုအပေါ်တက်လိုက် အောက်ဆင်းလိုက်နဲ့ မင်းရေတွေရွှဲ ဒို့နှစ်ယောက်ရဲ့အချစ်ကလွင့်ပြန် In Da Air ပွဲပြီးသွားပြန်ရင်လဲ လက်ဝှေ့ချန်ပီယံနှစ်ယောက်လို
တွေဝေမြဲ Romantic ဖြစ်မဖြစ် ဆန်းစစ် အချစ်ရေတွေရွှမ်းတဲ့ သစ်သီးတွေနဲ့ ခန်းသစ် လေတွေကိုနမ်းတဲ့ J-Me နဲ့ ဂျူးက လန်းဆဲ . .
(နင်စကားတွေသိပ်မများနဲ့ လှုပ်ရှားတဲ့ စိတ်တွေကြောင့် အချိန်လေးတွေကုန်မသွားခင် ညင်သာစွာဂရုစိုက်ပေါ့) ၂ ငါ့ကို . .
Bill Gade တော့မဟုတ် ဒါပေမယ့်ကြိုက်တာပြော . . .
ဟားဟာ စတာနော် စိတ်မဆိုးကြေး မင်းမျက်မှန်ကြားက ငါ့ကိုကြည့်တဲ့ပုံစံကိုက တိတ်တခိုးလေး ချစ်စရာကြီးချစ်စရာကြီးဆိုပြီး ပါးကိုလာလာဆွဲ သူဆွဲကိုယ်ဆွဲနဲ့
ဆွဲနေကြတာ အခါတစ်ရာ အဲလေ မကြာခဏပဲ မင်းလေးကသာပါတယ် ဒီနေရာမှာလဲ Master ရင်ဘတ်ထဲဝင်လို့ တီတီတာတာချွဲ ဘာမချစ်ဘူးလဲ မညာပါနဲ့
လူငယ်သဘာဝပဲ Cyclone တော့မဟုတ် ဒါပေမယ့် အထာကျတယ် . .
မင်းဘေးငါရှိနေချိန်မှာ ဂရုစိုက်ပေါ့ နင်ငါ့ကို ရင်ခွင်ထဲ အကြင်နာတွေနဲ့ အချိန်ကုန်ဆုံးချင်တယ်ဟေ့ ဘာမှမသိတော့ဘူး ငါ့ဦးနှောက်ထဲမှာ မင်းပဲရှိလို့
ဒီလိုလေး နင်နေပေးပြီး အသက်ရှူသံတွေနားထောင်ဟေ့
(နင်စကားတွေသိပ်မများနဲ့ လှုပ်ရှားတဲ့ စိတ်တွေကြောင့် အချိန်လေးတွေကုန်မသွားခင် ညင်သာစွာဂရုစိုက်ပေါ့) ၂
Comments
Post a Comment
ဝေဖန်မှုတွေကို ကြိုဆိုလျက်ပါ...