Lil King နှင့် Interview

ဒီဟာလည်းMMHLSကပါပဲ
ZinLin->မင်္ဂလာပါ ကိုဇင်လင်းထူးကျွန်တော် က MMHLS ကZinLinပါ အကို့ ကို ကျွန်တော်တို့ သိခြင်တာလေးတွေမေးချင်လို့ ပါ ခင်ဗျာ
Lil King->ဟုတ်ကဲ့မင်္ဂလာပါ…
ZinLin->အကို့  ကို အရင်ဆုံး မေးချင်တာက အကို ဒီMusic အပေါ်ကို အကို ဘယ်လို ခံယူထားပါသလဲခင်ဗျာ
Lil King->ကျွန်တော်ကတော့ အဓိက ကျွန်တော်လုပ်ခဲ့တာတွေကို
ပရိတ်သတ်ကို ပြစေချင်တယ်…
ZinLin->အကို ဒီ Lil King လို နမည်ပေးခဲ့ရတဲ့ အကြောင်းကကော ဘယ်လို ပေးခဲ့တာလဲ ခင်ဗျ
Lil King->ကျွန်တော် က အစ က graffiti ဆွဲတဲ့ကောင်ဗျ…အရင်က lil king မဟုတ်ဘူး… Nga Htoo King ဆိုတဲ့ နာမည်နဲ့ အရင်လုပ်တာ..နောက်တော့ ကျွန်တော် lil king ဆိုတဲ့ နာမည်ကိုပြောင်းခဲ့တာ ပါ…သူငယ်ချင်းတွေက ကျောင်းမှာထဲ က (ကို king ) ဆိုပြီး ကျွန်တော့်ကို နောက် နေကျဗျ..အဲ့ဒါကြောင့်ပဲ…lil king ဆိုပြီး ဖြစ်သွားတာပါ…..
ZinLin->အခု ဒီ Music ကိုကော ဘယ်အချိန် ကစိတ်ဝင်စား ခဲ့တာလဲ
Lil King->6တန်း လောက်ကထဲ ကပါ… ကျွန်တော် အဲ့လောက်ထဲ က သီချင်းဆိုဖို့ သူများတွေ ဆီမှာ beat တွေ လိုက်ဝယ်တယ်…နောက်တော့လဲမဆို ဖြစ်ပါဘူး… တစ်ကောင်ထဲဆိုတော့ ဘာမှတိုင်ပင်ဖော် မ၇ှိဘူးလေ… ကလေးဆိုတော့လဲ သိပ်မစဉ်းစားမိခဲ့ဘူး…
ZinLin->အခု နောက်ပိုင်း ကော Beat ကို ဝယ်ပီး ဆိုတုန်းလား ဒါမှ မဟုတ် ကိုယ်ပိုင်တီးတာလား
Lil King->ကျွန်တော် beat မတီးတတ်ပါဘူး…နောက်ပိုင်းတော့ မ၀ယ်ရတော့ဘူးဗျ… R2 ဆိုတဲ့ဘဲကြီး တီးတယ်..နောက်ပြီး ကျွန်တော့် သူငယ်ချင်း Glock-17 အများကြီး ကျွန်တော့်ကို ကူညီခဲ့ပါတယ်..
ZinLin->အကို ငယ်ငယ်တုန်းကကော ငါ အသက်ကြီးလာရင် အောင်မြင်တဲ့ အဆိုတော် ဖြစ်ရမယ် လို့ စိတ်ကူးယဉ်တာတွေ ကော ရှိခဲ့ဘူးလား
Lil King->ဟုတ်စိတ်ကူးယဉ်ဖူးပါတယ်…ဒါကျွန်တော် တစ်ယောက်ထဲမဟုတ် ဘူး…     သီချင်းဆိုတဲ့လူတိုင်းပါပဲ….နာမည်မကြီးချင်ဘူး ပြောတဲ့လူတွေလဲရှိ မှာပေါ့…ဒါပေမယ့် အဆိုတော်
တိုင်း စိတ်ကူးယဉ်မှာ ပါ..
ZinLin->အကို Music နဲ့ ပတ်သတ် လို့ ဆရာ တွေ ကော ရှိခဲ့ဘူးလား ဒါမှ မဟုတ် သင်တန်းတွေ တက်ခဲ့ဘူးလား
Lil King->ဘာသင်တန်းမှ မတတ်ခဲ့ပါဘူး..ဆရာကတော့ ကျွန်တော့်ရဲ့street 2 finest member*တွေပါပဲ.. ကျွန်တော် အစ ကသီချင်းလုံးဝ မရေးတတ်ဘူး..*Capital P ရေးပေးတာ.. နောက်သူက ကိုယ့်သီချင်းကိုယ်ရေး ဆိုပြီး မရေးပေးတော့ဘူး.. အဲ့ဒီကနေစပြီး ကိုယ့်ဘာသာကို ရေးပါတယ်..
ZinLin->အကို့  ဒီ Music လောကထဲကို စဝင်တော့ တွေ့ကြုံ ခဲ့ရတဲ့ အခက်အခဲတွေလဲရှိမှာ ပေါ့ နော်တွေ့ ကြုံခဲ့ရတဲ့  အခက်အခဲလေးတွေ ကိုပြောပြ ပါလား
Lil King->ဟုတ်ကဲ့ အများကြီးပါ…အစတုန်းက အသံသွင်းဖို့ တော်တော်လေးစဉ်းစားရတယ်… flow နဲ့ beat နဲ့ အံမ၀င်တာ အဆိုးဆုံးပဲ..vocal ခန်းထဲမှာ ဘာလုပ် လို့ လုပ်ရမှန်းမသိဘူး..အသံသွင်းပြီတော့လဲ လုံးဝ တလွဲတွေ ဖြစ်တော့ ပြန်နားထောင်ရတဲ့ လူတွေအတွက်အဆင်မပြေဘူးပေါ့…. အဲ့လိုဖြစ်တာတော် တော့်ကိုလူတစ်ယောက်အတွက် စိတ်ဓာတ်ကျစေပါတယ်…
ZinLin->အကို ဒီလော က ထဲကိုစဝင်လာ တဲ့နေ့ကစပြီး ဒီနေ့ အချိန် ထိ အကို ဆို လာတဲ့ သီချင်းတွေ ဘယ်နပုဒ်လောက် ရှိ ပြီလဲ ခင်ဗျာ
Lil King->အပုဒ် (၃၀) လောက်ရှိပါပြီ…
ZinLin->အကို ပထမဆုံး ဆိုခဲ့တဲ့ သီချင်းက ကော ဘယ်သီချင်းဖြစ်မလဲ
Lil King->MISS MY BOO ဆိုတဲ့သီချင်းပါ။
ZinLin->အဲ့ သီချင်းက အကိုတစ်ယောက်တည်းဆို တာလား ဒါမှာ မဟုတ် Feat ဝင်ဆိုပေးတဲ့လူကောပါလား Feat ကကော ဘယ်သူ ဝင်ဆိုပေးတာလဲ
Lil King->တစ်ယောက်ထဲမဟုတ်ဘူးဗျ….lil p နဲ့ young master တို့နဲ့ပါ..
ZinLin->အကို Show ပွဲတွေ မှာကော ဝင်ဆိုဘူးလား ဒါမှ မဟုတ် Show ပွဲ မှာ ဆိုရမယ် ဆိုရင် အကို့ ရင်ထဲ မှာ ဘယ်လို ခံစားရမလဲ
Lil King->ဆိုဖူးပါတယ်..အများကြီးတော့မဟုတ်ဘူးပေါ့..
ZinLin->အကို အချစ်ရေး ကိုကော စဉ်းစားပီလား?
Lin King->ဟုတ်ကဲ့ စဉ်းစားထားပါတယ်….
ZinLin->အကို အခု ချိန်ထိ ဆိုလာတဲ့ သီချင်းတွေ ထဲ မှာ အကို့ ရဲ့အဖြစ်အပျက်လေးတွေကို ရေးထားတဲ့ သီချင်းကော ရှိလား?
Lil King->ရှိတာပေါ့…heart breaker ဆိုတဲ့သီချင်းကို နားထောင်ကြည်ပေါ့… တကယ်ဖြစ်တာတွေ ရေးထားတာပါ..
ZinLin->ဘယ်သူ့  ကို ရည်ရွယ်ပြီးရေးထားတာလဲ ဗျ
Lil King->lil queen ကို…(ရယ်လျှက်)
ZinLin->အကို အချစ်ကို ကော ဘယ်လို မြင်လဲ ပြီးတော့ အကို့ ဘဝမှာ Music နဲ့ အချစ် ဘာကို ဦးစားပေးလဲ
Lil King->အစကတော့ အချစ်ကို ဦးစားပေးတယ်….တစ်ချိန်လုံးရည်းစားနဲ့ပဲနေဖြစ်တယ်…street 2 finest ပြန်လုပ်တော့… ရည်းစားနဲ့ လဲပြတ်တာနဲ့..ကျွန်တော် music ကို ကြိုးစားလုပ်ခဲ့ပါတယ်…ပိုပြီးလဲဦးစား ပေးဖြစ်ပါတယ်..
ZinLin->အော် အဲ့ဒါဆိုတော့ အကို က အသဲကွဲ ဘူးတယ်ပေါ့ စိတ်တော့ မရှိနဲ့ နော် အကို အသဲကွဲတာဘယ်လို ခံစားရလဲ
Lil King->ဆိုးတယ်ဗျ…ဒါပေမယ့် မိုက်တယ်…ခံစားရတာ ဘာနဲ့မှ မတူဘူး..လုံးဝ အနှစ်ကျ တယ်… :P
ZinLin->အကို နောက်ပိုင်းကော  အချစ်ကိုလေးစားလား အချစ်အပေါ် ကိုကော ဘယ်လို မြင်လဲ
Lil King->မလေးစားဘူးလဲမဟုတ်ဘူး… နဲနဲတော့ စိတ်နာသွားတာပေါ့… ဘယ်လိုမှမမြင်ပါဘူး… တစ်ယောက်နဲ့တစ်ယောက် ခံယူချက်မှမတူတာ..
.ZinLin->အကို အခု လက်တလော ဘယ်သီချင်းတွေ လုပ်ဖြစ်နေလဲ
Lil King->အချစ်တွေ ရော….. လူတွေကို massage ပေးနိုင်မယ့် ဟာမျိုးတွေရော လုပ်ဖြစ်ပါတယ်
ZinLin->အကို အခု နောက်ဆုံး အနေ နဲ့ အကို့  ကို အားပေးနေမယ့် ပရိတ်သတ်တွေ ကိုကော လက်ဆောင်စကား အဖြစ်ဘာများ ပြောချင်ပါသေးလဲခင်ဗျာ
Lil King->ကျွန်တော့်ကို lil king ဆိုတာ မယုံတဲ့လူ တွေရော ယုံတဲ့လူတွေရော…သီချင်းတွေ download ဆွဲပြီးနားထောင်ပေး တဲ့အတွက် အရမ်း ကျေးဇူးတင်ပါတယ်…အသစ်အသစ်တွေကိုထပ်ပြီး နားထောင်ပေးဖို့ တောင်းဆိုပါတယ်..
ZinLin->ဟုတ်ကဲ့ အခု လို ကျွန်တော် မေးတာ ကို စိတ်ရှည်လက်ရှည် နဲ့ ဖြေကြားပေးတဲ့ ကို ဇင်လင်းထူး ကို ကျွန်တော် တို့ MMHLSအဖွဲ့ သားတွေ အားလုံး ကိုယ်စား ကျေးဇူးအရမ်းတင်ပါတယ်
Lil King->ဟုတ်ကဲ့ပါ..
ZinLin->နောက်လဲ ကျွန်တော် တို့ မေးတာကို အခု လိုပဲ စိတ်ရှည်လက်ရှည်နဲ့ ဖြေကြားပေးပါဦးနော်
Lil King->ဟုတ်ကဲ့ ဖြေပေးပါ့မယ်…

Comments