Missing Dream(Eighty 9)

Download This Song Here

yo

လေထုထဲမှာပျံဝဲ မင်းအချစ်နဲ့မျောဆဲငါ မယ်မဒီလိုမလှလည်း ဖွဲ့နွဲ့မယ်အလှဆုံးပါ
ငါ့ရဲ့ဘ၀တစ်ခုလုံး မင်းအတွက်ဆိုစတေးကြည့်မယ် အေးသိတယ်
အရင်းအနှီးတွေဘယ်လောက်ပဲကြီးပါစေ နှလုံးခုန်သံကအရေးကြီးတယ်
အရေးကြီးလည်း ဘယ်သူမှမရှိဘူး ပတ်ဝန်းကျင်လည်းမေးပါ
အာဒမ်နဲ့ဧ၀ သူတို့တွေဆိုခဲ့ဖူးတယ် အချစ်ဆိုတာက မီးတဲ့
ဒါပေမယ့်လည်း ဒီမီးထဲကို ပြေးဝင်ကြတာချည်းပဲ ကဲ ဘယ်သူကငြည်းလဲ
လူတွေပြောတဲ့ အချစ်ဆိုတာက မျက်လုံးမပါတဲ့ ခရီး တစ်သက်လုံးငါနဲ့လျှောက်လှမ်းနိုင်မလား
ချစ်သူမင်းကျေးဇူးပြုပြီးဖြေပေးပါ မင်းဘ၀ရဲ့ပထမနေရာမှာ ငါ့ကိုခဏလောက်နေရာပေးပါ
စိတ်ကူးတဲ့ဘ၀လေးပါ
မင်းဖတ်မယ်ဆိုရင် ရေးပေးပါ့မယ် ကဗျာလေးများ တယ်လီဖုန်းလည်းဖွင့်ပေးပါ
မင်းဆံနွယ်လေးတွေ ပင့်သက်တင်ခွင့်ငါပေးမှာလား မင်းတစ်ချက်တွေးပါကွာ
ရင်ခုန်သံက ငါ့အတွက်ဆိုရင် ဘုရင်တစ်ပါးလိုပဲ ဟိုအရင်အတိတ်ကဆိုတကယ်
အချစ်ဆိုတာက ပြုတ်ကျလာတဲ့ နိမိတ်များလိုပဲ ဒလိမ့်များလိုလည်
လူတစ်ယောက်ချစ်မိသွားရင်သိပ်အမှားပိုသတဲ့ တိပ်ပြားလိုပြန်လည်ရစ်လို့ရရင် သိပ်ကောင်းသလိုပဲ


cho: သိပ်ပြီးလွမ်းနေ ကျန်တာမလို ငါလေမင်းလက်ကိုတွဲလို

သိပ်ပြီးလွမ်းနေ မင်းရဲ့အပြုံး အမြန်ပြန်လာပါအချစ်ဆုံး

သိပ်ပြီးလွမ်းနေ ကျန်တာမလို ငါလေမင်းလက်ကိုတွဲလို့

သိပ်ပြီးလွမ်းနေ မင်းရဲ့အပြုံး အမြန်ပြန်လာပါချစ်ဆုံး

သိပ်ပြီးလွမ်းနေ ကျန်တာမလိုချင်ပါ ငါလေ မင်းလက်ကိုတွဲလို့

သိပ်ပြီးလွမ်းနေ မင်းရဲ့နှုတ်ခမ်းပါးလေး အတုအပတွေမဲ့လွန်း

ကဲ ဘယ်လိုလဲ မင်းရှေ့ဆက်လျှောက်ဖို့ အဆင်ပြေမလား

မျောလွင့်နေတဲ့ ငါ့ရဲ့ဘ၀ထဲ နင်နေမလား အရင်နေ့များ ပြန်တမ်းတရင်း လွမ်းမိတယ်

အတိတ်က ဖြစ်ခဲ့ပြုသမျှက အမှန်တွေပဲ လှမ်းကြည့်ကွယ် hay ပျော်စရာနေ့ရက်များကိုရေးမှတ်ထားဖို့

ဆန့်ကျင်ဘက်မရှိဘူး စိတ်ကမင်းနဲ့အတူတူနီးစပ်သွားဖို့တွေးမိတယ် အဆင့်အတန်းခြင်းက ကွာခြား လူတွေခြားထဲအပူတွေများဆဲမင်းလေးခံနိုင်ပါ့မလားစိုးထိပ်လာ

မင်းစိတ်မှာ ငါပြောမယ့်စကားကိုနားထောင်ပေးပါ ပြီးမှ မင်းမှာရှိတဲ့တခြားကောင်တွေရဲ့စကားကိုကြားယောင်ပေးပါ

မင်းစိတ်မှာ အမြဲတွေး လျှောက်နေကျ ပန်းကလေးတွေလမ်းကလေးတွေမဟောင်းနွမ်းသေး ၀မ်းနည်းစွာအသစ်ကတွေ့ငါတို့လမ်းခွဲမှုကကျောင်းလမ်းရှေ့

မပြောင်းလမ်းစတမ်းဟေ့ အရမ်းချစ်မယ် ကျိန်ဆိုပြီးတော့ ပြောခဲ့တာတွေ ပြန်သတိရတယ်

သတိရတိုင်း ၀မ်းနည်းမိလို့ ဓာတ်ပုံတွေပဲ ပြန်ကြည့်ရတယ် ဒါတွေက ငါ့အတွက်သာဓကပါ

လွမ်းနေတဲ့စိတ်တွေနဲ့ချစ်နေတဲ့စိတ်တွေက ငါ့အတွက်ထာဝရပါ တစ်သက်စာ

မိန်းကလေး ဒဏ်ရာတွေကိုမပေးခဲ့ပါဘူး အရမ်းချစ်တာလွန်မှန်းသိတယ် မပြင်နိုင်တော့ပါ အကြွင်းမဲ့ငါရူး

နှစ်ယောက်အတူတူ ထိုင်ခဲ့ဖူးတဲ့နေရာ မင်းသေချာကြည့် ငါဝေဒနာရှိတိုင်းရောက်ခဲ့ပါတယ်

အလွမ်းတွေစိတ်တွေရင်မှာအတိ ကြင်နာမိတဲ့သူတစ်ယောက်မို့ ပစ်ချရင် မင်းမှားမယ်

ဝေးနေတုန်းမှာ အချင်းမများဖို့ မယုံပါနဲ့ အတင်းစကားလည်း တစ်ယောက်တည်းနေပါ

ဘယ်သူ့ကိုမှ အစားမထိုးဘူး စိတ်ချ

မှောင်မည်းပါစေကွာ ဘ၀တစ်ခုလုံးအလင်းလက်ဆုံးမဖြစ်ရင်နေပါ....
cho:

သိပ်ပြီးလွမ်းနေ ကျန်တာမလို ငါလေမင်းလက်ကိုတွဲလို

သိပ်ပြီးလွမ်းနေ မင်းရဲ့အပြုံး အမြန်ပြန်လာပါအချစ်ဆုံး

သိပ်ပြီးလွမ်းနေ ကျန်တာမလို ငါလေမင်းလက်ကိုတွဲလို့

သိပ်ပြီးလွမ်းနေ မင်းရဲ့အပြုံး အမြန်ပြန်လာပါချစ်ဆုံး

သိပ်ပြီးလွမ်းနေ ကျန်တာမလိုချင်ပါ ငါလေ မင်းလက်ကိုတွဲလို့

သိပ်ပြီးလွမ်းနေ မင်းရဲ့နှုတ်ခမ်းပါးလေး အတုအပတွေမဲ့လွန်း

Comments