Download This Song Here
(မင်းနဲ့ မင်းနဲ့ မင်းမင်း မင်းနဲ့) ၎
နေ့ရက်တွေကို ရေတွက်ကာ မင်းမရှိတော့ မနေတတ်ပါ နေနဲ့လရွှေနဲ့မြလို့ သူများတွေပြောရင်ကျေနပ်တာ မင်းအဆင်ပြေပါ့မလား ကိုယ့်ရင်ထဲမှာစိုးထိတ်
နှစ်လွှာပေါင်းမှ တစ်ရွက်ဖြစ်တယ် မင်းနဲ့ငါက နှစ်ကိုယ့်တစ်စိတ် တိုးတိုးတိတ်တိတ်ငါ ပိုက်ဆံလေးတွေစုထားတယ် မင်းပြန်လာရင် ဘာမှမပူနဲ့ မင်းနဲ့ဘယ်သူက တူမှာလဲ
မျက်နှာလေးလဲ ညိုးငယ်နေစရာ ဘာတစ်ခုမှအကြောင်းမရှိ တစ်နေ့မှာငါတို့ ထိမ်းမြားလက်ထပ်ပေါင်းမည် ဟန်းနီးမွန်းကချောင်းသာ ကားကြီးကလဲ အကောင်းစား
တိုက်ကြီးကြီးမှာမနေနိုင်ရင်တောင် ကွန်ဒိုလေးတော့ တောင့်တ ဒီဇင်ဘာရဲ့ဆောင်းတစ်ည ကိန္ဒရီ ကိန္ဒရာ ချောင်းခြား ရက်ပေါင်းခွန်နရာ အလွမ်းမပြေဘူး
ဒီကိစ္စနဲ့ခေါင်းစား အချစ်ကိစ္စတွေတိုင်ပင်ချင်လို့ မြှားနတ်မောင်ကိုသွားနှိုး ဧဒင်ဥယျာဉ်ကြီးထဲမှာလဲ ငါတို့ သစ်သီးတွေစားလို့ ဟယ်ရီပေါ်တာရုပ်ရှင်ထဲက
မှော်တံမြက်စည်းကိုသွားခိုး လေဟုန်စီးပြီးတော့ ဘယ်သူမှမရှိတဲ့ ကမ္ဘာတစ်ဘက်ကို လေဟုန်စီးပြီးတော့ သွားစို့ . .
ငါဟာ အလွမ်းနဲ့ နေရက်များကိုကျော်ဖြတ် မင်းဆီကိုရောက်ဖို့ ဘာတွေပဲ မင်းမှားမှား နားလည်မှုများနဲ့ အတူဆုံကြစို့
ငါ . . နဲ့ မင်းနဲ့ ချစ်နိုင်ဖို့ ဘာမှမလိုအပ်တော့ပါ ငါမင်းအတွက် အချိန်တိုင်းမှာမို့ စိတ်ကြိုက်နင်သဘောအတိုင်းပါ
မင်းနဲ့ဆို အိုးဟို ဘယ်ကိုပဲသွားသွား ဘယ်မှာပဲနားနား မင်းနဲ့ဆို အိုးဟို အတူတူရှိနေချင်တယ် အချိန်ရှိတိုင်းမှာပဲ
တမ်းတနေခဲ့ မင်းပြန်လာမယ့်နေ့ကို မှန်းဆနေတယ် ရက်စွဲတွေအဓိပ္ပာယ်ရှိဖို့ အဆန်းအပြားတွေနဲ့ ထူးထူးခြားခြား အိပ်မက်ခမ်းနားနေမြဲ ငါတို့ ကမ္ဘာထဲက နန်းတော်
ယနေ့မှစ၍ နှစ်တစ်ရာတိုင် မင်းကို ဘာအကြောင်းကြောင်းနဲ့မှမပစ်ခွာနိုင် မင်းအပေါ်ငါ ထားထားတဲ့အချစ်ကမရိုင်း X'mas မှာအတူတူနေမယ် မနှစ်ကအတိုင်း
Yo! ပျက်စီးရာပျက်စီးကြောင်းတွေကိုလည်းထားခဲ့ပါ အမှိုက်တွေရှိနေရင်လဲ လှည်းလိုက်မယ် ငါတို့တွေကြားထဲက ဘယ်အရာမှလည်း တို့ကို ၀င်ကာတားလဲမရ
မင်းကို ချစ်တာ ငါ့ရဲ့အသွေးထဲအသားထဲက မင်းကိုမတွေ့ရရင် စိတ်ရောကိုယ်ပါ . . မင်းအတွက် သီချင်းစပ်ခဲ့တာ ဒီသီချင်းက ရှု့လို့မ၀ခဲ့တာ ငါ့ဘ၀မှာ မင်းအလှ
အနာဂတ်အတွက် အစီအမံတွေ ငါကိုယ်တိုင်ရှင်းပြ
ငါဟာ အလွမ်းနဲ့ နေရက်များကိုကျော်ဖြတ် မင်းဆီကိုရောက်ဖို့ ဘာတွေပဲ မင်းမှားမှား နားလည်မှုများနဲ့ အတူဆုံကြစို့
ငါ . . နဲ့ မင်းနဲ့ ချစ်နိုင်ဖို့ ဘာမှမလိုအပ်တော့ပါ ငါမင်းအတွက် အချိန်တိုင်းမှာမို့ စိတ်ကြိုက်နင်သဘောအတိုင်းပါ
မင်းနဲ့ဆို အိုးဟို ဘယ်ကိုပဲသွားသွား ဘယ်မှာပဲနားနား မင်းနဲ့ဆို အိုးဟို အတူတူရှိနေချင်တယ် အချိန်ရှိတိုင်းမှာပဲ
Comments
Post a Comment
ဝေဖန်မှုတွေကို ကြိုဆိုလျက်ပါ...