အဟောင်းတွေပေါင်းထားတဲ့ အသစ် V.I.P


ဒီအင်တာဗျူးလေးက ကြာတော့ကြာပါပြီ

ခိုးကူးတွေ နှိပ်စက်ခြင်းကြောင့် လူငယ်တွေရဲ့ Talent တွေ ပျောက်ဆုံးခဲ့ရသလို အဆိုတော်ကြီးတွေသည်လည်း Producer လက်မဲ့ဖြစ်ခဲ့ရပြီ။ ဒီ ကျွန်တော်တို့ Hip-Hop လောကအတွင်းမှာတော့ ကိုယ့်သီချင်းကိုယ် ပရိတ်သတ်တွေ ရအောင် ၊ Respect ၊ တစ်ခုရအောင် ၊ ကိုယ်လုပ်ချင်တာကို ကိုယ်လုပ်လို့ရအောင် Sample တွေဝေလေ့ ရှိတယ်။ CD ဖိုး ၊ ကုန်တာပေါ့ဗျာ။ ဒီလို sample တွေထဲကမှ ပရိသတ်တွေ အားပေးခဲ့တဲ့ အဖွဲ့တစ်ဖွဲ့ရှိတယ်။ နာမည်က V.I.P ။ ဒီလို member တွေကတော့ လူသစ်တွေချည်းတော့ မဟုတ်ပါဘူး ။ Show ပွဲရဲ့ စင်ပေါ်မှာ အမြဲတွေ့ရတဲ့သူတွေပါ။ Ah.Boy ၊ ထိန်ဝင်း ၊ ဂျောက်ဂျောက် ၊ ကျော်ထွဋ် ဆွေ တို့ပါပဲ။ ဒီ ၄ ယောက်က တစ်ယောက်ချင်း စတက်လာကြသလို စုပေါင်းစပ်ပေါင်းခွေတွေထဲ မှာလည်း SOLO ၀င်ဟဲကြသေးပါတယ်။ Ah.Boy ကတော့ ခု သူ့တရုတ်တန်း solo တွေထွက်လာပြီ။ ကဲ ခုတလော လူငယ်တွေကြားထဲ တာစားနေတဲ့ V.I.P ဆိုတာ...

Q: V.I.P Family ဆင်းသက်တာ ကြာပြီလား။ V.I.P History ???? Crew Name?
A: ၂၀၀၇ လောက်တုန်းက Ah.Boy နဲ့ ထိန်ဝင်းက family တစ်ခုလောက်လုပ်မယ်ဆိုပြီး စစုကြတယ်။ အဲဒီမှာ Ah. Boy က သူ့ရဲ့ငယ်သူငယ်ချင်းလည်း ဖြစ်တဲ့ ကျော်ထွဋ်ဆွေ ၊ ထိန်ဝင်းရဲ့ အခြား သူငယ်ချင်းနှစ်ယောက်နဲ့ စပြီးလုပ်ခဲ့ပါတယ်။ ဒါပေမယ့် အကြောင်းအမျိုးမျိုးကြောင့်  အဆင်မပြေဘဲ ကျန်တော်တို့ သုံးယောက်ပဲ ကျန်ခဲ့တယ်။ အဲဒီမှာ Member အသစ်ထပ် ထည့်မယ်ဆိုပြီး ရှာတော့ JMe နဲ့ ရသ က ဂျောက်ဂျောက်ကို ထည့်ဖို့ တိုက်တွန်းတယ်။ ကျော်ထွဋ်ဆွေ ကလည်း ဂျောက်ဂျောက် ကိုထည့်မယ်။ အားလုံးကလည်း ကြိုက်တယ်ဆိုတော့ အဲဒီမှာ Ah.Boy ၊ ဂျောက်ဂျောက် ၊ထိန်ဝင်း နဲ့ ကျော်ထွဋ်ဆွေ ဆိုပြီး V.I.P ဆက်လက် တည်ဆောက်တာ အခုထိပါပဲ။


Q: V.I.P အနေနဲ့ အခွေထုတ်ဖြစ်မှာလား။ တစ်ယောက်ကိုတစ်ယောက် care လုပ်ကြတဲ့ family အနေနဲ့ပဲလား။

A: လုပ်နေပါတယ်။ ၂ဝဝ၉ မှာ ထွက်ဖို့ ကြိုးစားနေပါတယ်။ Family come first ဆိုတာ ကျွန်တော်တို့ရဲ့ လက်ကိုင် စကားပါ။ ညီအစ်ကိုလို နေကြပါတယ်။ သီချင်းဆိုဖို့ အတွက်လည်း မဟုတ်ပါဘူး။

Q: ခုလက်ရှိ ဂီတလောကအခြေအနေ အရ Sample တွေ ဝေလာကြ တယ်ပေါ့။ ဒီလို Free ဝေခြင်းရဲ့ ကောင်းကျိုး၊ ဆိုးကျိုးက ဘာလဲ။

A: အမှန်အတိုင်းပြောရရင် ဘယ် Rapper မဆို အခွေထုတ်ချင်ကြတာပေါ့ နော်။ ဒါပေမယ့် အစဆိုတော့ Sample CD ကြည့်ကြတာပေါ့။ ကောင်းကျိုးက လူမြန်မြန် သိတာပေါ့။ ကိုယ် ထုတ်ပြ ချင်တာကို ပြလို့ရတာပေါ့။ ဆိုးကျိုးက ပိုက်ဆံကုန်တယ်။ ပြီးတော့ အများကြီး ပါပဲ။

Q: ဘာပဲဖြစ်ဖြစ်ပါ ဒီ V.I.P Sample ခွေက လူငယ်တွေကြားမှာ ပျံနေပြီ။ နေရာတိုင်းမှာ ကြားနေရပြီ။ ဒီ Sample အတွက် အချိန် ဘယ် လောက်ကြာ ကြိုးစားခဲ့ရလဲ။

A: လုပ်တာ ကြာပြီပေါ့။ ဒါပေမယ့် frame တွေ ချထားတဲ့ သဘောပေါ့။ အဲဒီ ဖြန့် ခါနီး ၅ ရက်ကျမှ သေချာပြီးအောင် လုပ်ခဲ့ကြတာပေါ့။ အဲဒီအထဲမှာ ၃ ည လောက် မအိပ်ခဲ့ရဘူး။

Q: V.I.P ရဲ့ Hip-Hop Style မျိုးက ဘာလိုမျိုးလဲလို့ ပရိသတ်က မေး လာရင်။

A: V.I.P ရဲ့ Hip-Hop Style က downsouth တွေများတယ်လို့ ပြော လို့ရတယ်။


Jouk Jack

Q: Jouk Jack ခံယူလိုက်နာထားတဲ့ ဒီ Hip-Hop လောကရဲ့ Rules ခံယူချက်တွေများ ရှိမလား။

A: ရှိတာပေါ့။ ဒီလိုခံယူချက်တွေရှိမှပဲ ဖြစ်တာ။ လူတစ်ယောက်က ကိုယ်ဆိုတဲ့ Music ပေါ်မှာ ဘယ်လိုစိတ်မျိုးထားလဲ။ ဘယ်လို ရည်ရွယ်ချက် နဲ့ဆိုလဲဆိုတာ ကိုယ်ကိုယ် တိုင်သိဖို့လိုတယ်။ အဲဒါမျိုးမရှိရင်လည်း အလကားပဲ။ Hip-Hop ဆိုချင်တာလား။ လူငယ်တွေ လေးစားတာကို လိုချင်တာ လား။ ဟော်ကီလုပ်ချင်တာလား။ အဲဒါမျိုး တွေရှိတယ်။ ကျွန်တော်သာ ခံယူချက်မရှိ ခဲ့ရင် ကျွန်တော်လည်း ဘာမှဖြစ်လာမှာ မဟုတ်ဘူး။ ကျွန်တော် ခံယူထားတဲ့ Hip-Hop ဆိုတာ ကိုယ့်လက်ရှိဘဝကို အမှန် အတိုင်းချပြရဲရမယ်။ ငိုပြစရာလည်း မလို ဘူး။ မဲ့ပြစရာလည်းမလိုဘူး။ စစ်မှန်မှု တစ်ခုဆိုတာ ရှိရမယ်။ ကျွန်တော် တို့သာ မစစ်မှန်ခဲ့ရင် နောက်လာမယ့် မျိုးဆက်တွေကြားမှာ ဟားစရာ ဖြစ်မှာပေါ့။ ကျွန်တော်ကတော့ ကျွန်တော်ဆိုတဲ့ Hip-Hop ကို လိပ်ပြာသန့်တယ်။

Q: Jouk Jack ဆိုတာ Melody လှလှလေးနဲ့ စာသားလှလှလေးတွေ ကို သီဆိုဖို့ ဝန်လေးနေတတ်သူ လား။

A: အဲလိုလည်း မဟုတ်ဘူးပေါ့။ ကျွန် တော်ကတော့ ကိုယ်မပိုင်ရင် ဘာမှ ကိုမလုပ်တာ။ 'ဝ' မရှိဘဲ 'ဝိ' မ လုပ်တတ်ဘူးပေါ့။ အသည်းကွဲရင် တော့ နားထောင် ကောင်းမယ့် သီချင်း မျိုးတော့ တခြားအချိန်မှာဆို ကျွန် တော့်ကို နားဝင်အောင် မဆွဲ ဆောင်နိုင်ဘူးထင်တာပဲ။ စိတ်ကူး ယဉ်ဖို့ကောင်းတဲ့ ဇာတ်လမ်းမျိုးတွေ ရှိခဲ့ရင် တောင်မှ တကယ်တမ်း နောက် ဆုံးကျတော့ ကျွန်တော်ပဲ ပက်ပက် စက်စက်အသည်းကွဲတာ။ အဲတော့ မိန်းမတစ်ယောက်ကို ချွဲပစ်နေမယ့် အစား အပြစ်ပြောဖို့ပဲ စာသား မျိုးတွေ ထွက်နေတာ။

Q: ဒီဘက် Rock ဘက်မှာ လူငယ်တွေ ကို နေရာပေးနေတဲ့ 9 Planets ကို ဘယ်လိုမြင်လဲ။

A: ဟား . . . ရှိသင့်တာပေါ့။ Hip-Hop ကို စိတ်ဝင်စားတဲ့ Production တွေ ရှိသလို Rock တွေ၊ Metal တွေ၊ အားလုံး အားလုံးပေါ့။ ပံ့ပိုးပေးမယ့် Production ဆိုတာ ရှိကိုရှိသင့်တာပေါ့။ ကျွန်တော်သည် အမှန်တရားကိုပဲပြောတယ်။ Rock ကြိုက်ရင် Rock ဆိုပါ။ Hip-Hop ကြိုက်ရင် Hip-Hop ဆိုပါ။ မတားဘူး။ Hip-Hop ပဲဆိုပါလို့ မဆွယ်ဘူး၊ ကြိုက် ရင်ဆို၊ မကြိုက်ရင်မဆိုနဲ့။ Hip-Hop တွေ ချည်းပဲဆိုပြီး Rock ပဲ ကြိုက်တယ်လို့ အော်နေရင်တော့လည်း မပြောတော့ဘူး။ ဒါပေမယ့် မတူတဲ့ Music အလိုက်မ တူတဲ့ Production ဆိုတာတော့ ရှိသင့် တယ်။

Q: Jouk Jack အနေနဲ့ Single Album ထုတ်ဖို့ အစီအစဉ် ရှိလား။ ဒီ V.I.P အနေအ ထားကရော။

A: V.I.P အခွေ ထွက်မယ်။ ပြီးရင် ကျွန်တော့်ရှဲ့Single Album ထွက် မယ်။ ရှေ့နှစ်ပေါ့။ ၂ဝဝ၉ နှစ်လယ် လောက်ထွက်မယ်။ ကျွန်တော်နဲ့ ကျော်ထွဋ်ဆွေ နှစ်ယောက်တွဲအခွေလည်း ရှေ့ နှစ်မှာပဲထွက်မယ်။

Q: ခုနောက်ပိုင်း ပရိသတ်တွေ အားပေးမှုရလာတဲ့အခါ Jouk Jack အနေနဲ့ ဘာတွေ တွေးမိလဲ။

A: ပရိသတ်အားပေးတော့ ပျော် တာပေါ့။ ကြိုးစားရကျိုးနပ် တယ်။ V.I.P အခွေ ထွက်ရင်၊ ပြီးတော့ Single Album ထွက်ရင် အားပေးမယ်ဆို ပို မိုက်တာပေါ့။ ဟဲ . . . ဟဲ . . . ။

Q: အလင်္ကာကတဆင့် ပရိ သတ်တွေကို ဘာမေးချင်လဲ။

A: Jouk Jack ဆိုမယ်ဆိုလို့ Show လာကြည့်မယ့် ပရိ သတ်ဘယ်နှစ် ယောက်ရှိ မလဲလို့။ ဟဲ . . . ဟဲ . . . သက်သက်စားတာ။
Ah-Boy

Q: Ah-Boy ရဲ့ Single က ထွက်လာတော့မလိုလိုနဲ့ နောက်ကျ နေတယ်နော်။ Why ?၊

A: Single Album က ဇူလိုင်လဆန်း လောက်မှာ ထွက်ဖို့ မှန်းထားပါတယ်။ အစက ဇွန်မှာ ထွက်မလို့။ ဒါပေမယ့် နာဂစ်ရယ်၊ အခြားကြော်ငြာကိစ္စလေး တွေ မပြတ်သေးလို့။ ဒီတစ်ခါ ဇူလိုင် မှာ တကယ်ထွက်ပါပြီ။ သီချင်းတွေက လွန်ခဲ့ တဲ့ ခြောက်နှစ်ထဲက လုပ်ထားလို့။ အရမ်း ကြာပြီ။ တချို့သီချင်းတွေဆို Date Out နေပြီ။ ကျွန်တော်တောင် လုံးဝ ခံစား လို့မရတော့ဘူး။ အဲဒါကြောင့် အဆင်မ ပြေခဲ့ရင် သည်းခံပေးပါလို့။

Q: ဒီ V.I.P Family ရဲ့ အနေအထား ကိုရော ကျေနပ်သဘောကျလား။

A: V.I.P က ကျွန်တော့်ဘဝမှာ အကြိုက် ဆုံး လူသုံးယောက်နဲ့ ဖွဲ့ထားလို့ အရမ်း ကျေနပ်အားရပါတယ်။ ပရိသတ်လည်း အနည်းနဲ့ အများ သိလာကြပြီဆိုတော့ ကျွန်တော်တို့ လေးယောက် ရှေ့ဆက် ပြီး V.I.P Family စလုပ်နေပါပြီ။

Q: ဒီ V.I.P ကို Third Generation လို့ ခံယူထားကြတယ်နော်။ First နဲ့ Second generation တွေက ရော အားပေးကူညီခဲ့ကြလား။

A: အစရှိ သဖြင့်ပေါ့။ သူတို့တွေကြောင့် ကျွန်တော်တို့ Rap ဆိုနိုင် တယ်။ V.I.P Family ဆို တာ M.H.A ကြောင့်လို့ ကျွန်တော်ထင်ပါတယ်။

Q: ကိုခင်မောင်သန့် Player တို့လို player ကြီးတွေက ဒီ V.I.P Sample ကို Mixing လုပ်ပေးခဲ့တဲ့ အတွက် ဘာတွေ ထူးခြား ခဲ့လဲ။

A: ဟီး . . . ဟီး . . ဒါကဘယ် လိုတောင် ပြောရမလဲမသိ ဘူး။ ကျွန်တော်တို့က Sample လုပ်ရင်းနဲ့ Show ပွဲကကပ်လာတော့ အမြန် လုပ်ကြရော။ Show ပွဲနေ့မှာ ဝေချင် တဲ့စိတ်က အရမ်းပြင်းပြလာတယ်။ မှတ် မှတ်ရရ Show မတိုင်ခင် ၅ ရက်လောက် ကောင်းကောင်း မအိပ်ရဘူး။ အသံသွင်း လိုက်၊ Edit လုပ်လိုက်ပေါ့။ အခွေက လိုင်းတွေကများ၊ Vocal လိုင်းတွေရော၊ Music လိုင်းတွေရော အရမ်းများပြီး ရှုပ်လာလို့ ထိန်ဝင်လည်း စိတ်တွေညစ်။ အဲဒါနဲ့ ကိုသန့်ဆီမှာ အကူအညီတောင်း ပြီး ဒုက္ခပေးခဲ့ပါတယ်။ ဒါပေမယ့် ကိုသန့်က အရမ်းစေတနာထားပြီး ၂ ရက်နဲ့ ၁၄ ပုဒ် အပြတ်ဖြတ်ပေးခဲ့ပါ တယ်။ အရမ်းကြိုက်၊ အရမ်းအားနာ၊ အရမ်းကို လေးစားပါတယ်။ Peace

Q: လမ်းမကို ကိုယ်စားပြုတဲ့ Hip-Hop ကိုသီဆိုတဲ့ Ah-Boy ရန်ကုန်မြို့ လမ်းမတွေရဲ့ အကြောင်းကို စုံစုံလင်လင် သိပြီလား။

A: Street Life ထက်စာရင် ကျွန်တော် က ပျော်စရာကောင်းတာတွေ ပိုဆိုဖြစ်လာပါ တယ်။ အိမ်ထောင်လည်းကျ၊ ကလေး လည်းရဆိုတော့ နောက်ပိုင်း Street လည်း မဆန်နိုင်တော့ပါဘူး။ ရန်ကုန်က Street အကြောင်းကိုလည်း အခုထိ လေ့လာနေဆဲပါ။

Q: Chinese MC တွေနဲ့ မြန်မာ MC တွေ ဘယ်လို အရည်အသွေးကွာ ခြားကြလဲ။ နှိုင်းယှဉ်ကြည့်ပါဦး။

A:Chinese MC တွေက တရုတ်ပြည် မှာဆိုရင် ကျွန်တော်ကြိုက်တာ ရှိသလို၊ မကြိုက်တာလည်းရှိပါတယ်။ ကျွန်တော်က တရုတ် Rap ကို အမြဲ လေ့လာတဲ့အ တွက် သူတို့ဆီက Rap ပဲဖြစ်ဖြစ်၊ Pop ပဲဖြစ်ဖြစ် နားထောင်တယ်။ လေ့လာတယ်၊ ကြိုက်တဲ့စာသားတွေ့ရင်လည်း မှတ်ထား တယ်။ မြန်မာပြည်က အဆိုတော်တွေဆီက လည်း အဲဒီလိုပဲ နားထောင်တယ်။ Rock, Punk, Rap, Hip-Hop ဆိုပြီး မခွဲခြားပါဘူး။ အားလုံး နားထောင်တယ်။ ဒါပေမယ့် Hip-Hop မှာ အရမ်းထူး ခြားတာက တရုတ် MC တွေက ကျွန် တော်ကြည့်နေတာ မြန်တာလောက် ပဲရှိတယ်။ မြန်မာ MC တွေက Flow နဲ့ စာသားမှာ အများကြီး ပိုကောင်းတယ် လို့ ထင်ပါတယ်။ ဒါ ကျွန်တော့် အမြင် ပေါ့။ တရုတ်ပြည်မှာက အခုထိ လူ လက်ခံတာက Pop လေ။ အဲဒီတောဲ့က Juy Chae တို့၊ Wong Lee Heme တို့လို နာမည်ကြီးတွေတောင် Rap ဆိုရင် အချစ်သီချင်းလို စာသားကို နုရွ နေအောင် ရေးပြီးဆိုကြတယ်။ Machi တို့ကျတော့ လည်း ဖြဲတော့ ဖြဲတယ်။ အရမ်းကြီးလည်း မဟုတ်ဘူး။ တစ်မျိုးပဲ။ ဒါပေမယ့် အားလုံးကိုကြိုက်ပါတယ်။ Peace Again

Q: Ah-Boy တသက်တာ ကျေးဇူး တင်နေတဲ့လူ ဒီ Hip-Hop လောက မှာ ရှိလား။

A: ကျွန်တော့်ကို ဒီလောကထဲ စခေါ်လာ တာ အေးချမ်း (Street MC) ။ သူ မိတ်ဆက် ပေးလို့ သိခဲ့ရတဲ့ လက်ဦးဆရာ ကြက်ဖ၊ Rap အခြေခံကိုသင်ပေးခဲ့၊ မြန်မာစာကို သင်ပေးခဲ့သူ။ ပြီးတောဲ့-J-Me အခုချိန် အထိ စင်ပေါ်ကို လက်တွဲခေါ်ယူသင်ကြား ပေးပြီး အနီးကပ်ကူညီပေးသော ကျွန် တော့်ဆရာ ကိုဟိန်းဇော် (Acid) က Vocal Power အတွက် သင်ပေးခဲ့သလို၊ ကျွန်တော့်ဘဝအတွက် မရှိမဖြစ် ညီအစ်ကို သူငယ်ချင်းများ၊ ယုန်လေးနဲ့ G.Beatz Family ၊ ဂျောက်ဂျက်၊ ကျော်ထွဋ်ဆွေနှင့် ထိန်ဝင်း ( V.I.P Family) ပါပဲ။

Comments