Cho: ကဗျာတွေလည်း မရေးချင် စာတွေလည်း မပေးချင်
ချစ်စကားတွေထက် ပိုတာများရှိခဲ့ရင်
ဒီ့ထက်မက ပြောချင်သူမို့
နှလုံးသားရဲ့တောင်းဆိုချက်ကို
နားဆင်ယူပါ............
Rap1: သြော်ဒုက္ခပါပဲ ကျွန်တော်ဘာလုပ်ရမှာလဲ
စိတ်ကြိုက်မဖြစ်တဲ့စာသားတွေက ရှုပ်ပွကာကျဲ
သုံးမရတာလည်း အမြဲပါ လုံးဝပါပဲ
တကောက်ကောက်လိုက်ကာ ဖွင့်ပြောဖို့ နှုတ်ကမဟရဲ
သူ့ရှေ့ရောက်ရင် တကိုယ်လုံး လှုပ်မရတာခက်
အဲဒါ မုချပါပဲ ကျွန်တော့်အသည်းနှလုံး အဲဒီ့တော့
ပြုတ်ကျကာကွဲ သြော် ဒုက္ခပါပဲ
ချစ်မိနေတဲ့ ကျွန်တော်က ဘာလုပ်ရမှာလဲ
Rap2: ကျွန်တော့်ရင်ထဲမျိုသိပ်ကျိတ်မှတ်ပြီးတော့ထားခဲ့တာတွေအခု
နှလုံးသားထဲက ယိုစိမ့်ကာ စီးဆင်းလာ
သံယောဇဉ်ကြိုး တဖြည်းဖြည်းနဲ့ ကြီးပြင်းလာ
သူ့အနားကိုကပ်သွားရင် ရနံ့တွေက နှိပ်စက်တယ်
အသံချိုချိုလေးတွေကြောင့် သိပ်ခက်တယ် စိတ်ပျက်တယ်
ညညဆို အိပ်မက်ထဲ သူလာလာ နှိပ်စက်ခဲ့
မနက်မနက်ဆို လမ်းမှာတွေ့ ကျွန်တော့်မှာသာ သိပ်ရှက်ခဲ့
ဘာမှကို မပြောလိုက်ရဘူး ထွက်သွားလိုက်တာ မလိမ့်တပတ်နဲ့
Rap3: ကျွန်တော့်ရဲ့အပြုအမူက သိသာပါတယ်
ချစ်မိတာ အတိအကျပါပဲ ပတ်ဝန်းကျင်ကတောင်
ကျွန်တော်တို့နှစ်ယောက်ကို ကြည့်ကာလာတယ် သူ့ရင်မှာ ရှိတာဘာလဲ
BT ဆိုတဲ့ချာတိတ်တစ်ယောက်ကြောင့် ရယ်ရပါသတဲ့
ချစ်ရသူရယ် မကျီစားပါနဲ့ နားမလည်တဲ့ မျက်ဝန်းတွေက
ငြိကာလာတွယ် သြော် အမိအရပါပဲ
ဟောဒီ့ ဆည်းဆာကမ္ဘာထဲ ကျွန်တော်တို့နှစ်ယောက်အကြား
ဘယ်အရာကများ စည်းခြားမှာလဲ
Rap4: သူနဲ့အကြည့်တစ်ချက် ဆုံတိုင်းမှာ တွေဝေလှိုက်မော
ညရောက်ရင် မတီးတတ်တီးတတ် စည်းချက်တစ်ခုနဲ့
တီးခတ်ပြီးတော့ ရင်ခုန်ပြန်ရော
နေ့တိုင်းပဲ စီးကရက် အပြီးသတ် အပြီးဖြတ်နေတယ်
အသိအမှတ်ပြုပေါ့ အဖြေကို အမှန်ပြော
အခုတော့ အပြီးသတ်မှာ နီးကပ်စွာ နီးစပ်လာဖို့
အကြည့်တစ်ချက်မှာ Feelတက်ကာ ခရီးဆက်တာမို့
ဒီရင်ဘတ်မှာ ရှိလျက်သာ ဒီတစ်သက်စာကို..........
ဒီရင်ဘတ်မှာ ရှိလျက်သာ ဒီတစ်သက်စာကို ..........
Download With Up4vn
Download With Mediafire

Comments
Post a Comment
ဝေဖန်မှုတွေကို ကြိုဆိုလျက်ပါ...