မင်းယုံကြည်တဲ့ အခါ သီချင်းစာသားလေးပါ ...
Song name - မင်းယုံကြည်တဲ့အခါ
Vocal - Wo3z, (Feat - Keller,Htet mon )
မင်းယုံကြည်တဲ့အခါ
V1. အနီးလေးမှာမင်းရှိသားနဲ့ မင်းရဲ့အနားကိုဘယ်တော့မှ…….
ဖုန်းဆက်ခွင့်လေးလည်း မရတာငါ့ရဲ့အဖြစ်ကို
စာနာပါ…….
CHO(ယုံပါင့ါရဲ့ အချစ်တွေက AD 3000 လဲမက
တကယ်ပါအချစ်ရဲ့ ကတိတွေပေးမယ်
လူကိုမင်းယုံကြည်တဲ့အခါ …….)
Rap1. ရင်ခုန်သံတွေစတဲ့နေ့တစ်ရက်
ဒီလိုခဏတွေ့တဲ့အချိန်လေးကိုပဲ မမေ့ရက်
မင်းရဲ့အပြုံးများစွာ ငါ့ကိုညို့ယူဖမ်းစားလျှက်
ရင်ခုန်သံတွေဒိတ်ဒိတ်ကျဲကာ ခေါင်းစားလျှက်
အမှတ်တမဲ့တွေ့ခဲ့ရင်ထဲမှာလေစွဲလန်းသွားခဲ့
မင်းအချစ်ကဘယ်သူ့ဆီမှာရှိနေမှာလဲ
အရိုးရှင်းဆုံးစကားလေးတခွန်းကိုပြောချင်ပေမဲ့
ငါ့ရဲ့အားနည်းချက်ကြောင့် ပြောမထွက်ခဲ့
မင်းရဲ့ဘေးပတ်ပတ်လည်မှာရှိနေတဲ့ . .
. . .
မင်းရဲ့ဘေးနားကိုချည်းကပ်ချင်နေတဲ့.
. . . . .
မင်းကငါ့အတွက်တော့နတ်သမီးတပါးပါပဲ
ငါ့ရင်ထဲကထွက်ပြီးမသွားပါနဲ့
မိနစ်စက္ကန့်အချိန်တိုင်းလဲစိုးမိုးထားတာပဲ
ကိုးရီးယားကားထဲကမင်းသမီးလိုပဲ
သတိရတဲ့အခါမင်းကိုတမ်းတနေတာပဲ
မင်းအကြောင်းတွေစဉ်းစားတဲ့အခါ Melody
ကြီးထွက်တယ်
နောက်ဆုံးတော့ စာရွက်ပေါ်မှာ L O V E လပ်ဖ်ပဲ
စူးစိုက်လို့နားထောင်ပေးပါ ငါပြောတာ.
. . . . . . . . . .
CHO:( )
Rap2. ငါ့ရင်ထဲကိုမင်းလာကတည်းက အမှန်လားမရခဲ့
ဗျာများနေဆဲ. . .
သံယောဇဉ်ငြိတွယ်သွားတာကလဲ အသံမကြားရတဲ့စာသားတွေထဲ
မင်းနဲ့ပတ်သတ်လို့ အထာထားမနေပဲ
လေလိုင်းထဲ မကြာခဏလာတယ်
ငါ့ရဲ့ရင်ထဲဘာများနေလဲ ကာကွယ်ဖို့အတွက်
မာနတွေနဲ့
ချစ်သူတွေဖြစ်သွားရင် ကိစ္စပြတ်လို့
ကြွားဝါပစ်လိုက်မယ် မိတ်သဟာဖက်ကို
ဝမ်းအနည်းဆုံးရှိမယ့် မိစ္ဆာရက်ကို
မရောက်ချင်ပါဘူး ဖိတ်စာဖတ်ဖို့……
ချုန်းချုန်းကျပြီးတော့ စိတ်ပါပျက်လို့
စီးပွားပျက်ပြီး တော့ မိတ်ပါပျက်ဖို့
ချစ်သူဖြစ်ခွင့်မျှော်လင့်ချက်အတိတ်မှာခန့်ဖို့
ပြောင်းလဲနိုင်လို့လား လိပ်ပြာသန့်လို့
. .
Rap3. ကြိုးရှည်ရှည်နဲ့လှန်ထားတယ်လို့ခံစားမိလို့
တချက်လောက်ငဲ့ကြည့်ဖြေပေးပါ ရင်ထဲကမီးကို
မင်းရဲ့အပြုံးကိုတမ်းတ မင်းရဲ့ပုံရိပ်ကိုမှန်းစ
အလွမ်းနဲ့နေရတာပဲ တဖြည်းဖြည်းနဲ့နွမ်းလျ
ငါ့ကိုအပျင်းပြေလုပ်ဖို့စကားနဲ့ချည်နှောင်ထားတာလား
မင်းရင်ထဲမှာရှိတယ်ဆိုတာထင်ယောင်မင်းစကားတွေလား
ငါ့အတွက်တော့မင်းက ဘ၀ပါ မင်းအတွက်တော့
ငါကကြေးစား
ကျွန်တစ်ယောက်ပေါ့ . . . . မလိုခေါက်ပေါ့.
. . .
အချစ်ဆိုတာကြီးကမရှိဘူးဆိုပီး ဘူးခံငြင်းပေါ့
သူငယ်ချင်းတစ်ယောက်လိုဆက်နေမယ် ငါ့အတွက်တကယ့်ကိုခက်နေတယ်
အွန်လိုင်းပေါ်မှာလဲသူ့ကိုကြောင်တဲ့ကောင်နဲ့ပဲချက်နေတယ်
ပြောလိုက်ရင်လဲ ဆင်ခြေကြီးတွေပဲ လုပ်လိုက်ရင်
over ကြီးတွေနဲ့
မိုးဇက်ဆိုတဲ့ငါကလိုမှခေါ်တဲ့လမ်းဘေးဈေးသည်ပဲ
မတွေ့ရမြင်ရကြာလာတော့ ငါ့ကိုတဖြည်းဖြည်းခါပီပေါ့
ကြိုးရှည်ရှည်နဲ့ လှန်ထားတယ်ဆိုပြီးငါပြောမထွက်ရက်ပါဘူး
MC တစ်ယောက်ရဲ့အသဲကိုခွဲတော့ နင်ပျော်တယ်မလား
နင်ခွဲဖို့ ငါ့အသဲနှလုံးကနောက်ထပ်လဲ စပယ်ရာ
မပါဘူးကွာ
တကယ်ယစ်မူးတာ မင်းရဲ့အပြောချိုချိုလေးတွေအောက်မှာပဲ
ငါ့ဘ၀ ကျ ရှုံး ခဲ့ ရ ပြီပဲ
ဝတ္ထုထဲမှာလိုတော့ မဟုတ်ငါဘယ်လောက်ပဲကြိုးစားသူကအသဲမာနေတဲ့ရုပ်
ငါ့အချစ်တွေကိုလက်ခံပေးပါ မင်းကိုချစ်နေခဲ့တာAD
3000 လဲမက
CHO( ) : CHO ( )
Comments
Post a Comment
ဝေဖန်မှုတွေကို ကြိုဆိုလျက်ပါ...