Interview (Big Bull)

MMHLS က Sai Nyii ဗျူးထားတဲ့ Big Bull ရဲ့ အကြောင်းလေးကို ပြန် share ပေးလိုက်ပါတရ် ...

Credit to Sai Nyii (MMHLS)




အင်တာဗျူးတွေမတင်တာတော်တော်ကြာနေပါပြီ..ဒီအင်တာဗျူးကလည်း ကျွန်တော်မေးထားတာ တော်တော်ကြာပါပီ
အကြောင်းအမျိုးမျိုးကြောင့် မတင်တာဖြစ်ပဲကြာနေတဲ့အတွက် အရင်ဦးဆုံး တောင်းပန်ပါတယ်ခင်ဗျာ..။
ကျွန်တော်တို့ ဒီတခေါက် အင်တာဗျုးအစီအစဉ်ကို BigBull နဲ့မေးမြန်းခဲ့ပါတယ်…အားလုံးလည်း ကြိုက်နှစ်သက်မယ်လို့
မျှော်လင့်ပါတယ်ခင်ဗျာ….။


Sai Nyii-မင်္ဂလာပါ ကို Big Bull ခင်ဗျ။
BigBull- ဟုတ်ကဲ့ မင်္ဂလာပါခင်ဗျ။

Sai Nyii-အကို Big Bull လို့ နာမည်ပေးခဲ့ရတဲ့ အကြောင်းကကော ဘယ်လို ပေးခဲ့တာလဲ ခင်ဗျ
BigBull -ဟုတ်ကဲ့….ဒီနာမည်လေးဖြစ်တာက အဆန်းကြီးဗျ…။ဟိုမှာက Pitbull ဆိုပြီးရှိတယ်လေ။အဲဒါကို အားကျပြီးပေးထားတာတော့မဟုတ်ပါဖူး။
ကျွန်တော်က အပြင်မှာ ဗလတောင့်တောင့် လူကောင်ကြီးကြီးဆိုတော့ သူငယ်ချင်းတွေက ကျွဲကြီး လို့ခေါ်တယ်လေ။အင်း…..အဲဒါလေးကို
အစွဲပြုပီးတော့ BigBull လို့ပေးဖြစ်သွားတာပါ…(ရယ်လျှက်)..။

SaiNyii-အကို ငယ်ငယ်တုန်းကကော အသက်ကြီးလာရင် အဆိုတော် ဖြစ်ရမယ် လို့ စိတ်ကူးယဉ်တာတွေကော ရှိခဲ့ဘူးလား
BigBull -ဟုတ်…ကျွန်တော် ငယ်ငယ်လေးထဲက သီချင်းဆိုတာကို ၀ါသနာပါတာဗျ……ငယ်ငယ်တုံးကဆိုရင် ကိုဇော်ပိုင်သီချင်းတွေကို ရှောက်အော်ဆိုနေတာဗျ။

Sai Nyii-Hip Hop Music အပေါ်ကိုကော ဘယ်လိုမြင်ပါလဲဗျ။
BigBull -ကပ္ပလီတွေက စပြီးတော့ အစွဲပြုလိုက်တဲ့ ဒီ Music က အာရှတိုက်မှာဆိုရင် မြန်မာပြည်က Hip-Hop အထွန်းကားဆုံးနိုင်ငံလို့ပြောလို့
ရမယ်ထင်ပါတယ်……..နောက်ပြီးတော့ ဘယ်တော့မှ Hip-Hop က ပျက်သုဉ်းသွားမှာ မဟုတ်ပါဘူး..။ Hip Hop is not Dead ပါပဲ….။

Sai Nyii-အကို့အနေ့နဲ့ ဒီ Music အပေါ် ခံယူချက်လေးသိချင်ပါတယ်။
BigBull -Hip-Hop ဆိုတဲ့မြစ်ကြီးစီးဆင်နေသမျှတော့ BigBull ဆိုတဲ့လှေကလေးကတော့ အဲဒီမြစ်ကြီးထဲမှာ တရွေ့ရွေ့နဲ့ ဆက်မျောနေဦးမှာပါပဲ..။

Sai Nyii-အကို့သီချင်းတွေမှာ Beat ကို ဝယ်ပီး ဆိုလား ဒါမှ မဟုတ် ကိုယ်ပိုင်တီးတာလား
BigBull -ကျွန်တော့်သီချင်းတွေမှာ Beat ကိုဝယ်ပြီးဆိုတာ မရှိသေးပါဖူး။မတီးတတ်တီးတတ်နဲ့ ကို့ဘာသာကိုယ် တီးပြီး ဆိုတာများပါတယ်..ဟီး…နောက်
ကျွန်တော်က တီးလုံးဝယ်ဖို့လည်း ပိုက်ဆံမရှိဖူးခင်ဗျ….။အခုနောက်ပိုင်းတော့ သူများတွေကိုလည်း ကျွန်တော့်တီးလုံးတီးပေးနေပါတယ်..။

Sai Nyii-အကို Music နဲ့ ပတ်သတ် လို့ ဆရာ တွေ ကော ရှိခဲ့ဘူးလား
BigBull -ဟုတ်……ရှိပါတယ်။ကို Rap-Gun ပါပဲ….ကျွန်တော့်ကို ဒီဂီတလမ်းကြောင်းမှာ အတည်တကျဖြစ်အောင်လက်တွဲခေါ်ခဲ့တာကလည်းသူပါပဲ
ပြီးတော့ ကျွန်တော်နားထောင်တဲ့ သီချင်းမှန်သမျှဟာ ကျွန်တော့် ကြားဆရာတွေချည်းပါပဲ……။

Sai Nyii-အကို ပြည်တွင်းပြည်ပက ဘယ်အဆိုတော်တွေကို ကြိုက်လဲဗျ။
BigBull-ပြည်တွင်းမှာတော့ ကျွန်တော် KHS(ကျော်ထွဏ်ဆွေ) ကိုအကြိုက်ဆုံးဗျ..။ပြည်ပကဆိုရင် ကျွန်တော်က Soujia Boy ခရေဇီပါ……။
SaiNyii-ဒီ Music လောကထဲကို စဝင်တော့ တွေ့ကြုံ ခဲ့ရတဲ့ အခက်အခဲတွေလဲရှိမှာပေါ့နော် တွေ့ ကြုံခဲ့ရတဲ့ အခက်အခဲလေးတွေ ကိုပြောပြပါပေးလား
BigBull -ဟုတ်ကဲ့…..ဒီလောကထဲစ၀င်တုန်းက အခက်အခဲတွေ အများကြီးရှိခဲ့ပါတယ်။ကျွန်တော် ဒီလိုသီချင်းတွေလုပ်တာကို ကျွန်တော့မိဘတွေကော
အမျိုးတွေကောအကုန်လုံးက အားမပေးဖူးခင်ဗျ။မယ်မယ်ရရမရှိတဲ့ ဒီအလုပ်ကို မလုပ်ဖို့နဲ့၊ဒီသီချင်းဆိုတာနဲ့ ကိုယ့်ဘ၀ကို ရပ်တည်နိုင်မလားဆိုပြီး
ပုတ်ခတ်တဲ့စကားတွေအများကြီးပဲဗျ.။ပြီးတော့ ဘေးပတ်ဝန်းကျင်ကလည်း ပုတ်ခတ်တယ်.”မင်းလိုကောင်မျိုး ဘာဖြစ်လာမှာလဲ”တဲ့…ဟုတ်ပါတယ်
ကျွန်တော်ဝါသနာပါတာတခုကို အရင်းပြုပြီး ကြိုးစားနေတဲ့ကာလတစ်ခုမှာ ကျွန်တော်ဘာကောင်မှမဟုတ်သေးပါဖူး.ဒါပေမယ့် ကျွန်တော်ဆက်ပြီး
ကြိုးစားနေဦးမယ်..။ကျွန်တော့်အတွက်နေရာတစ်ခုရလာတဲ့အထိ ကျွန်တော်အမြဲတမ်း ကြိုးစားနေမှာပါ….။
Sai Nyii-အကို ဒီလော က ထဲကိုစဝင်လာ တဲ့နေ့ကစပြီး ဒီနေ့ အချိန် ထိ အကို ဆို လာတဲ့ သီချင်းတွေ ဘယ်နပုဒ်လောက် ရှိ ပြီလဲ ခင်ဗျ။
BigBull -ဟုတ်….ကျွန်တော် Studio မှာစပြီးဆိုဖြစ်တဲ့ သီချင်းက အပုဒ် ၂၀ လောက်ပဲရှိဦးမယ်ခင်ဗျ..။
Sai Nyii-အကို ပထမဆုံး ဆိုခဲ့တဲ့ သီချင်းက ကော ဘယ်သီချင်းဖြစ်မလဲ
BigBull-ကျွန်တော် ပထမဦးဆုံးဆိုဖြစ်တဲ့ သီချင်းက အချစ်သီချင်းလေးတစ်ပုဒ်ပါ….။
Sai Nyii-အကို Show ပွဲတွေဆိုဘူးလား ဒါမှ မဟုတ် Show ပွဲ မှာ ဆိုရမယ် ဆိုရင် အကို့ ရင်ထဲ မှာ ဘယ်လို ခံစားရမလဲ
BigBull -ဟုတ်……..Show ကတော့ Underground ပွဲသေးသေးလေးတွေပဲ ဆိုဖူးပါတယ်..။ ၁၆ဘားတစ်ပိုဒ်စာလောက်ကို ၂သောင်းခွဲလောက်ပေးပြီးဆို
ရတဲ့ Underground ပွဲလေးတွေပါ…။ရင်ထဲမှာတော့ ဘယ်လိုမှ မခံစားရပါဖူး။ဘာလို့လဲဆိုတော့ ပရိသတ်တွေက အကုန်လုံးအဆိုတော်တွေ MC
တွေဖြစ်နေလို့ပါပဲ……။
Sai Nyii-အကို့ရဲ့အချစ်ရေးကကောခင်ဗျ။
BigBull-ကျွန်တော့်အချစ်ရေးကကျွန်တော်အမှန်အတိုင်းပြောပါမယ်။ကျွန်တော့မှာမြတ်မြတ်နိုးနိုးနှစ်နှစ်ကာကာချစ်ရတဲ့
ချစ်သူကောင်မလေးတစ်ယောက်ရှိပါတယ်။ ဘ၀လက်တွဲဖော်အဖြစ် ရည်စူးထားတဲ့ ရှမ်းမလေးတစ်ယောက်ပါ…….။
Sai Nyii-အကို အချစ်ကို ကော ဘယ်လို မြင်လဲ ပြီးတော့ အကို့ ဘဝမှာ Music နဲ့ အချစ် ဘာကို ဦးစားပေးမလဲ။
BigBull -ကျွန်တော်သတ်မှတ်ထားတဲ့ အချစ်ကဆိုတာက ခံစားချက်တစ်ခုကို အစွဲပြုပြီး နှလုံးသားကဖြစ်တည်လာတဲ့ ကျွန်တော်တန်ဖိုးအထားဆုံးအရာတစ်ခု
ပါပဲ….။ဘ၀မှာ Music နဲ့အချစ် ဘာကို ဦးစားပေးမလဲဆိုရင် Music က ကျွန်တော့်ရဲ့ ကိုးကွယ်ရာပါ။အချစ်က ကျွန်တော်တန်ဖိုးအထားဆုံးအရာပါ။
Sai Nyii-အကို အခု လက်တလော ဘယ်သီချင်းတွေ လုပ်ဖြစ်နေလဲခင်ဗျ။
BigBull -အခုလတ်တလောက ကျွန်တော့် Solo Mixtape အတွက် သီချင်းတွေလုပ်နေပါတယ်ခင်ဗျ…။
Sai Nyii-အကို့ကိုဝေဖန်အင်္ကြုပြုချင်ရင် အကို့ကို ဘယ်လိုဆက်သွယ်ရမလဲဗျ။
BigBull -ကျွန်တော့်ကို ဝေဖန်အကြံပြုချင်ရင် bigbull93@gmail.com ဆိုတဲ့အကောင့်ကို အက်ပြီး ဝေဖန်ချင်သလို ဝေဖန်နိုင်ပါတယ်ခင်ဗျ။နောက်
0973158805 ကိုလည်း ဆက်သွယ်ပြီးဝေဖန်နိုင်ပါတယ်ခင်ဗျာ….။
Sai Nyii-ဟုတ်ကဲ့ အခု လို ကျွန်တော် မေးတာ ကို စိတ်ရှည်လက်ရှည် နဲ့ ဖြေကြားပေးတဲ့ ကို Big Bull ကို ကျွန်တော် တို့ MMHLSအဖွဲ့ သားတွေအားလုံး ကိုယ်စားကျေးဇူးအရမ်းတင်ပါတယ်
BigBull -ဟုတ်ကဲ့…..ကျွန်တော်ကလည်း အကိုတို့ကို အရမ်းပဲကျေးဇူးတင်ပါတယ်။ကျွန်တော့်လို ဘာမှမဟုတ်သေးတဲ့ Rapper ပေါက်စတစ်ယောက်ကို
အချိန်ကုန်ခံပြီး မေးပေးတဲ့အတွက် အရမ်းပဲ ကျေးဇူးတင်ပါတယ်ခင်ဗျာ…။
Sai Nyii-နောက်လဲ ကျွန်တော်တို့ မေးတာကို အခု လိုပဲ စိတ်ရှည်လက်ရှည်နဲ့ ဖြေကြားပေးပါဦးနော်။
BigBull -ဟုတ်ကဲ့ပါ…..နောက်လည်း အကိုတို့မေးလာရင်လည်း ကျွန်တော်ဖြေဦးမှာပါ…….။

Comments