သားကြီး – မကျီစားနဲ့

တေးရေး – သားကြီး
တေးဆို – သားကြီး

V1:
မနေနိုင်ဘူး ဒီလိုငါတို့ဝေးပြီး.. ဘာကြောင့်များ မဆုံနိုင်တာ ငါလည်းမသိ..
မကျေနပ်ဘဲ လောကကြီးကို အရွဲ့တိုက် အပြစ်တင်လို့လည်း မဖြစ်နိုင်လို့..
တစ်ကြိမ်တစ်ခါမက ဒီရင်ခုန်သံကို ပြန်ဆန်းစစ် အဖြေရှာမရ ငါဒီရင်မှာ နင်ပဲရှိ..
ငါနောက်ဆုံး နင်နှလားသားထဲမှာ နားခိုခွင့်ပေးတော့.. ဘေဘီ အခုတော့ငါ့မှာရူး.
နင်တစ်ယောက်တည်းချစ်ခဲ့မိလို့.. ငါမတတ်နိုင်ဘူးလေ အလွမ်းရစ်မူနေလို့ ဒါဝဋ်ကြွေးလား..
ငါမပိုင်တဲ့ ဘဝအိပ်မက်ထဲက.. ငါလေ မင်းအချစ်ငတ်မွတ်ရင်းနဲ့..
အရှုံးများနဲ့ စောင့်မျှော်နေသူ လှမ်းကြည့်လိုက် ငါ့ရင်ဘတ်ထဲ..
မင်းမသိတဲ့အတွင်းဒဏ်ရာနဲ့ တစ်စစီကြွေကာ ရူးရပြီ.. အပျက်ပျက်နဲ့ နှခေါင်းသွေးထွက်ခဲ့တော့
မင်းဆုံးဖြတ်ချက် အသက်ထက်အရေးပါလို့ အမြစ်ဖြတ်ဖို့ခက်တယ်.. ငါ့ကိုမင်း မရက်စက်လိုက်ပါနဲ့..

CHO:
(ခွေကာယိုင်လဲ.. အလွမ်းနဲ့ဓါတ်မတည့်ခဲ့တဲ့နေ့
မရေရာနိုင်တဲ့.. မင်းအချစ်တို့ တပ်မက်ခဲ့တဲ့စိတ်
ရှူကာရှိုက်သွင်း.. ရေတိမ်မှာနစ်ရင်း.. မင်းအကြည့်တွေမှာ အိပ်မောကျခဲ့သူပါ)၂


V2:
မင်းဘာကြောင့်လဲ ငါ့ကိုအခုလိုပစ်ထားတာ ပျော်နေလား ပျော်နေလား..
သိပ်သိချင်တာ.. မင်းငါ့အပေါ်မှာ လုံးဝမျှတမှုတွေမပေးခဲ့.. ဟူး ရေး.. ဟူး..
ဒါနဲ့လည်း ချစ်နေသူပါ. ပျာယာခတ် မင်းအပေါ်မှာငါ.. ဂနာမငြိမ်ဘဲစိတ်တွေ လှုပ်ရှားခဲ့..
ငါပြဿနာတွေပဲတက်.. မင်းကြောင့်ငါ အအိပ်ပျက်.. မင်းမုန်းမေ့သွားမှာ တွေးကြောက်နေလို့..
နေမဝင်ခဲ့ ငါ့ရင်မှာ.. ခန္ဓာတည်သ၍ ရှိနေမှာ.. မင်းတစ်ချက်လောက် ငဲ့ညာ မဟုတ်ရင်
ကြိုက်သလိုမင်းဆုံးဖြတ်ပါကွာ.. သဘောထား ကြီးစွာငါ..
တစ်နေ့တော့ မင်းလာမယ့်လမ်း.. မျှော်လင့်လို့ စောင့်နေဆဲ..

CHO:
(ခွေကာယိုင်လဲ.. အလွမ်းနဲ့ဓါတ်မတည့်ခဲ့တဲ့နေ့
မရေရာနိုင်တဲ့.. မင်းအချစ်တို့ တပ်မက်ခဲ့တဲ့စိတ်
ရှူကာရှိုက်သွင်း.. ရေတိမ်မှာနစ်ရင်း.. မင်းအကြည့်တွေမှာ အိပ်မောကျခဲ့သူပါ)၂

Bridge:
စိုးရိမ်စိတ်တွေနဲ့.. ငါ့စိတ်ဖိစီးနေခဲ့..
ငါ့အချစ်တွေလွန်ကာ သွားတော့မှ..
ကြာလာရင်တော့ ရူးနိုင်တယ်..
သေချာနင်ဆုံးဖြတ်ပါ..

CHO:
(ခွေကာယိုင်လဲ.. အလွမ်းနဲ့ဓါတ်မတည့်ခဲ့တဲ့နေ့
မရေရာနိုင်တဲ့.. မင်းအချစ်တို့ တပ်မက်ခဲ့တဲ့စိတ်
ရှူကာရှိုက်သွင်း.. ရေတိမ်မှာနစ်ရင်း.. မင်းအကြည့်တွေမှာ အိပ်မောကျခဲ့သူပါ)၂

Download This Song Here

Comments