အခုလတ်တလောမှာတော့ ရသက သီချင်းတွေလည်း မရေးဖြစ်ဘဲ စာတွေဖတ်တာနဲ့ပဲ အလုပ်တွေရှုပ်နေပါ တယ်။ ရသက စာတွေဖတ်ရင်းနဲ့ပဲကိုယ်သိလာရတာ တွေကို သီချင်း အဖြစ် ပုံဖော်ချင်ခဲ့ပြန်ပါတယ်။ အခုချိန် မှာရေးချင်နေတဲ့စာသားတွေက လူတွေအတွက်လိုအပ်တဲ့အရာလေးတွေကိုပဲ ထောက်ပြပြီး ရေးချင်နေ တယ် လို့ ရသက ပြောပါတယ်။ ဟစ်ဟော့ပ်လောကက အခု ဆိုရင် တော်တော်ပြည့်စုံနေပြီဖြစ်တဲ့အတွက် ဟစ်ဟော့ပ်လောကအတွက် လိုအပ် ချက်တွေကိုတော့ ရေးဖြစ်စ ရာမလို တော့ပါဘူးလို့ ပြောပါတယ်။ “အရင်တုန်းက ဟစ်ဟော့ပ်မှာ အဆိုတော်တွေလည်း မပြည့်စုံသလို၊ ပရိသတ်တွေလည်း မပြည့်စုံခဲ့ဘူး။ အခုချိန် မှာတော့ အဆိုတော်တွေလည်း ပြည့်စုံပါပြီ။
ပရိသတ်တွေလည်း ဟစ်ဟော့ပ်ကိုနားထောင်ပြီး၊ ဆုံးဖြတ်တတ်လာပြီလို့ ယုံကြည်ပါတယ်။ ရက်ပ်သီချင်းတွေကို နားထောင်ပြီး ဘယ်သီချင်းကောင်းလဲ၊ ဘယ်သီချင်းမကောင်း ဘူးလဲဆိုတာ ပရိသတ်တွေလည်း သိနေကြပါပြီ။ ဒါကြောင့် နောက်ပိုင်းမှာ ပရိသတ် ကိုလည်း လျှော့တွက်လို့မရ တော့ပါဘူး။ အလိုလိုကောင်းကို ကောင်းလာရတော့မှာပါ” လို့ပြောပါတယ်။ အဆိုတော်က ရှေ့ကစွတ်ပြီး ပြေးနေပေမယ့်လည်း နောက်ကနေ ပရိသတ်က မလိုက်လာ ခဲ့ရင်လည်း ဘာမှ ဖြစ်လာမှာ မဟုတ်တဲ့ အတွက် အဆိုတော်နဲ့ ပရိသတ် တန်းတူပြေးနိုင်အောင်လုပ်နိုင် ရမယ်လို့ ရသကပြောပါ တယ်။ ကိုယ်လုပ်တဲ့မြူးဇစ်ကို အရင် ဆုံး ကိုယ်ကိုယ်တိုင်နားလည် အောင် အရင်ဆုံးလုပ်ရမှာ ဖြစ်ပြီး၊ ကိုယ်လုပ်တဲ့မြူးဇစ်ကို ကိုယ်ကိုယ်တိုင်လည်း နားမလည် ဘူးဆိုရင်တော့ ပရိသတ်ကို နားလည် အောင်ချပြ တဲ့နေရာမှာ အားနည်းချက် တွေ ရှိလိမ့်မယ်လို့ ထင်ကြောင်းပြောပါတယ်။ ရက်ပ် သီချင်းဆိုတဲ့ အခါ စကားလုံး တွေကို ပရိသတ်တွေနား လည်အောင် ပီပီသသဆိုသင့်ပြီး စကားလုံးတွေမပီတဲ့အခါ ပရိသတ်တွေ နားမလည် လိုက်တာမျိုးတွေဖြစ်တတ်တယ်လို့ ပြောပါတယ်။
@PopularNews
Comments
Post a Comment
ဝေဖန်မှုတွေကို ကြိုဆိုလျက်ပါ...