Question: အကိုလူ့ဘ၀ကို ပထမဆုံးရောက်ခဲ့တဲ့နေ့လေးပြောပြပါဦး
Answer :၁၉၉၂ september 15 ပါ
Question : ပထမဆုံးတက်ခဲ့တဲ့ကျောင်း အမည်
Answer : ဗိုလ်တစ်ထောင် ၂ ပါ
Question : အကို ဂီတ လောကထဲ ပထမဆုံးရောက်တဲ့အချိန်
Answer :လွန်ခဲ့တဲ့ ၃ နစ်လောက်ကပါ
Question :ပထမဆုံးအကို လုပ်ဖြစ်ခဲ့တဲ့ သီချင်းအကြောင်းလေးပြောပြပေးပါလား
Answer : ပထမဆုံးလုပ်ဖြစ်တဲ့ သီချင်းကတော့mc bay gyi ရယ် ကျွန်တော်ရယ် လုပ်တဲ့ ချာတိတ် ဆိုတဲ့ သီချင်းပါပဲ.........။
Question : ဟုတ်ကဲ့ အကို ပထမဆုံး show ဆိုခဲ့တဲ့ အတွေ့အကြုံလေး ပြောပြပါဦး
Answer : ကျွန်တော်ပထမဆုံးဆိုဖူးတဲ့ show က bobo ent ကလုပ်တဲ့ကန်တော်ကြီးက show ပါ အဲ့ show မုာ lil son နဲ့ အတူပထမဆုံးဆိုဖူးတာပါ၊ freestyle bettal 1 မတိုင်ခင်လောက်ကပါ၊မကြောက်ပါဘူး show ဆိုရတာကို၊ဘာလို့လည်းဆိုတောအဲ့နေ့က ဆိုတဲ့ show က သီချင်း က မသွင်းရသေးတဲ့ Beat အသစ်ဆက်ဆက်ကြီးက်ု freestyle တက်ဆွဲတာမို့လို့ပါ၊ စိတ်ထဲရှိတဲ့စာသားမှန်သမျှကို ဆိုရတာမို့ပါ
Question : အကို့ ရဲ့ သီချင်းတွေထဲကမှ အကို့ကို Lit T ဆိုပြီး လူသိသွားတဲ့ ပထမဆုံး သီချင်းအကြောင်းလေးလဲပြောပြပေးပါဦး
Answer : i can fly လို့ထင်တာပါဘဲ၊ ug မှာ i can fly ဆိုပြီးဖြန့်တယ်၊ solo မှာကျတော့ နားလည်မှု လို့ပြောင်းလိုက်ရတာပါ၊စာသားကတော့ ကလေးဘ၀တုံးကချစ်ခဲ့ဝူးတဲ့ကောင်မလေးတစ်ယောက် အတွက် အပေါအရူးထပြီးရေးထားတာပါ၊ fancy ဆန်ဆန်လေးပါ
Question :အကို့ဘ၀မှာ ပထမဆုံး အချစ်ကို ဘယ်လိုစတွေ့ပြီး ဘာတွေဆက်ဖြစ်တယ်ဆိုတာ ကိုရော ပြောပြလို့ဖြစ်မလား
Answer : ပထမဆုံးအချစ်ကတော့ ဒီနေနဲ့ဆိုလွန်ခဲ့တဲ့ ၇ လလောက်ကပါ၊ကောင်မလေးတစ်ယောက်ပေါ့၊ကို 9one သီချင်းထဲကနေရာမှာနေတာ၊ကျွန်တော့်ပရိသတ်ဆိုလည်းမမှားပါဘူး keep in trust wit chu ဆိုတဲ့ song လေးသူအရမ်းကြိုက်လို့ပါဆိုပြီးစခင်ခဲ့တယ်၊ဘယ်သူက ဘယ်သူ့ကိုအရင်ချစ်ခဲ့တယ်ဆိုတာ ဘုရားတော့သိမှာပါ၊ သူ ygn ပြန်လာတယ်၊စာမေးပွဲ ဖြေရင်နေတိုင်းသူအဖျားခံပြီးလိုက်စောင့်ပေးတယ်၊ နေပူထဲ ထီးတစ်ချောင်းနဲ့လိုက်ဆောင်းပေးတယ် ၊ကျွန်တော့် ဘ၀အတွက်ပထမဆုံးဆိုတော့ အတော်ရူးသွပ်ခဲ့တယ်၊၊ နောက်မှသိရတာ သူ့မှာ ကျွန်တော့်ရှေ့ကတည်းက boy fri တစ်ယောက်ရှိခဲ့တယ်၊ကျွန်တော်မသိတာပါ၊ ပထမဆုံးကျွန်တော်ချစ်ဖူးတာဆိုတော့လည်း ကျွန်တော်ကအဆုံးအရှုံးမခံနိင်၊ ဟိုကောင်လေးကလည်း အရမ်းချစ်တော့အဆုံးအရှုံးမခံနိင်ဘူး ၊ကျွန်တော်တို့နစ်ယောက်ကြား တော်တော်ကြာအောင် ကွိုင်တက်ကြသေးတယ်၊ နောက်ကျတော့ ဘယ်သူနဲ့ဘယ်လိုဖြစ်ခဲ့တယ်၊တွေ ကြားရတော့ ၊bunny phyoe သီချင်းလိုဘဲ ၊ မသိချင်အောင်ဆောင် ထားတယ်ပေါ့၊ :P နောက်ကျတော့ ကိုယ်ကြိုက်တဲ့ကောင်မလေး နာမည်ပျက်မုာဆိုးတယ်၊ အတော်လည်းချစ်တယ်၊ မတတ်နိင်တောတဲ့နောက်ဆုံး နှုတ်ဆက်စကားမပြောဘဲ၊ ကျွန်တော်လမ်းခွဲလိုက်ပါတယ်၊ ကိုယ်ဆန္ဒ ထက်သူ့ ဆန္ဒ ပြည်ဝဖို့ကအရေးကြီးပါတယ်၊.... ............သူပျော်နေမှာပါကျွန်တော် ယုံကြည်ပါတယ်...။ ခုထိလည်း သူတစ်ယောက် အပြင် တခြားကောင်မလေးဆိုလို့ မရှိပါဘူး......။ :P
Question :ဟုတ်ကဲ့ နောက်ပြီးတော့ အကို့ရဲ့ဘ၀မှာ သိတတ်တဲ့အရွယ်ကစပြီး ပထမဆုံး နားထောင်ဖူးတဲ့ သီချင်းလေးအကြောင်းပြောပြပါဦး
Answer :ပထမဆုံး နာထောင်ဖြစ်တာကတော့ acidic ,theory, system,too big,တို့ပါ ၊နိင်ငံခြားသီးချင်းတွေကတော့ 10 တန်းလောက်မှ စနားထောင်ဖြစ်တာပါ၊ ကျွန်တော့်မိဘတွေ နဲ့ကျွန်တော့်ကြား နားလည်မူက ၁၀တန်းအောင်ရင်လုပ်ချင်ရာပေးလုပ်မယ် ဆိုလို ၁၀ တန်းပြီး မှ hip hop ကိုတစ်စိုက်မတ်မတ်ကိုးကွယ်ဖြစ်တာပါ၊ gressing တွေ show တွေကတော အရင်ကတည်းက ၀တ်ဖြစ်ပါတယ်၊ ကြိုက်လို့ပါ
Question : ဟုတ်ကဲ့ အကို့ရဲ့ ဘ၀မှာ ဘယ်အရာကို ပထမ နေရာမှာ ထားလဲဗျ.......ဥပမာ ဂီတ ချစ်သူ မိဘ သူငယ်ချင်း အဲ့လိုတွေထဲကပေါ့
Answer : ပထမနေရာဆိုတာ၊ လူမှုရေး ဆိုင်ရာမှာတော့မိဘပေါ့ ၊ကျွန်တော်လိုချင်တာ၊ကျွန်တော့် studio ဖိုး၊ကျွန်တော် ကြိုက်တဲ့ အရွက်ခြောက်တွေကအစ၊ ကျွန်တော့်မိဘပိုက်ဆံနဲ့ဝယ်နေရတာလေ၊ကျွန်တော နေနေတာ yangon ပြီးတော့ ကျွန်တော် ဖြစ်ချင်တာ brooklyn ဆိုတော့၊တော်တော်တော့ဂွကျ သားဘဲ၊music ကတော့ကျွန်တော့် ပထမမဟုတ်ပါဝူး၊ ကျွန်တောအသက်ပါ၊သူရှိမှ ကျွန်တောဘ၀ကရှိမှာပါ၊ မိန်မကြောင့် တိုင်းပြည်ပျက်တယ်လို့ကြားဖူးတာဘဲ ၊အဲ့တာကြောင့်သိပ်တော့ခေါင်းထဲမထည့်ပါဘူး
Question : အကို့ရဲ့ စိတ်ထဲက ပထမပေးချင်တဲ့ ပြည်တွင်းပြည်ပ အဆိုတော်တွေကိုပြောပြပေးပါဦး.......ဘာကြောင့်ကြိုက်လဲ ဆိုတာလေးကိုရောပေါ့..........။
Answer :အခုအသစ်ထွက်တဲ့ world wide chopper ထဲမှာပါတဲ့ yelowolf ရယ် game over ဆိုတဲ့၊ lil flip , ရယ်၊ ပြင်သစ်ကဆို၊ tony p ၊ရယ် electo ဘက်မှာဆို၊ far east movement ,yung money နဲ့ boy n the hood , twista ကိုကတော့အကြိုက်ဆုံးပါဘဲ မြန်မာမှာဆို ရင် acidicko yan chan , ko barbue ,ko j me ,ko right d, g family.တို့ကို ကြိုက်ပါတယ်....။
Question : အကြိုက်ဆုံး ပြည်တွင်းပြည်ပ သီချင်း လေးတွေ ကိုလဲပြောပြပေးပါဦး
Answer :ကျွန်တောအခုလောလောဆယ်တော့၊နားထောင်ရတာဘဲ၊ title တော့မသိဘူး၊ ledgendary ကဆိုထားတဲ့ "ခြသေ့်သုံးကောင်ဆေးပေါ့လိပ်၊ မုန့်ရိုက်သောက် သောက်ရမ်းပြဲတယ်နော် ဆိုတဲ့သီချင်းကြိုက်ပါတယ် ပြည်ပကတော့young joc ရဲ့is going down ရယ်၊ soul ja boyz ရဲ့ you...... ya ya ya .:P .yung money က tyga ရဲ့ i'on it ......yung money ကဘဲ nicki minaja ....တို့ကိုအရမ်းကြိုက်ပါတယ်
Question : အကို့ရဲ့ပရိသတ်တွေကို ဘာများပြောချင်သေးလဲမသိဘူးဗျ
Answer : မွေးကတည်းက လောကအတွက် hiphop သမားတစ်ယောက် ဖြစ်လာတာပါ
လူဆိုတာကိုယ့် အကြောင်းကိုယ်သိတယ်၊ ဘယ်သူ့မှကိုယ့်လောက်မသိဘူး၊ ကိုယ်အလုပ်ကို ကိုယ်လုပ်တာအကောင်းဆုံးပါ၊ ကိုးကွယ်သင့်တဲ့လူကိုကိုးကွယ်၊ပြီးတော့ notorious biggy ပြောသွားသလို၊ the best friend is the worst enemy ဆိုတာလက်ခံတဲ့လူဖြစ်နိင်ပါစေ၊ hip hopper တွေအားလုံး peace......ပါလိုဘဲပြောချင်ပါတယ်
Interviewd By MHM Ghetto Kingz
Listen & Download Little T's Latest Song (Foreva Friend (Little T & Yung-T)
Nat Kyaw Vs Lil' T (Final Battle)
Search All Little T's Songs
Comments
Post a Comment
ဝေဖန်မှုတွေကို ကြိုဆိုလျက်ပါ...