Song Name - နင်ပျော်စေဖို့အတွက်
Lyric - Ye'Myat, KyawZin, Nga Ye'(MRC)
Vocal- KyawZin,NgaYe'
Beat- Ye'Myat
Chou: နင်ပျော်စေဖို့အတွက် င့ါအချစ်ကို စတေးခံ
နှလုံးသားရဲ့တေးသံ မင်းကြားဖို့ . . .
နင်ပျော်စေဖို့အတွက် အဝေးကပဲချစ်မယ်
မင်းတစ်ယောက်တည်းချစ်တယ် မင်းသိဖို့ . . .
Rap 1: ဒီအဖြစ်ပျက်စတင်ခဲ့တဲ့ ဇာတ်လမ်းရဲ့အစက ကျောင်းထဲမှာ
ဟောင်းလဲကွာအမှတ်တရတွေက ငါ့အတွက်တော့မပြောင်းလဲပါ
မတွေးချင်လည်း တွေးမိနေတဲ့ ဒီအကြောင်းတွေက ခေါင်းထဲမှာ
အိမ်အပြင်ကိုလှမ်းကာကြည့်တော့ မိုးတွေကလည်းကောင်းဆဲပါ
တောင်းလည်းကွာ မပြည့်နိုင်တော့တဲ့ ဆုတောင်းတွေက အိပ်မက်တုလို
အစကတော့ငါထင်ခဲ့တာ သူမကလည်းမလိမ်တတ်ဟုဆို
အတိမ်နက်မမှုလို့ ယုံကြည်ခဲ့တော့ ငါ့နှလုံးသားအတွက် ကြိမ်ချက်တစ်ခုလို
ငါအမြဲတမ်းလိုက်ရှာဆဲ နှုလုံးသားမြို့တော် အိမ်အမှတ်တစ်ခုကို
ငြိမ်သက်ခုဆို ငါ့အချစ်တွေက ရေစုန်မှာမျှောလို့
သူမအနားကိုအမြဲလိုသွား တစ်နေကုန်သာရောလို့
အဖြေယုံတာစောလို့ လေအစုန်မှာမျှောလို့
အဆွေးတွေနဲ့ သီချင်းစပ်ဆို လေကုန်ကာမောလို့
ငါ့သူငယ်ချင်းနဲ့အဆင်ပြေပါစေ အဝေးကပဲ ဆုတောင်းနေ
ဆုံခွင့်မရှိဝေးပြီဆိုတဲ့ အတွေးကလဲ ထုထောင်းနေ
နေ့ညလည်း မတူပြောင်းပစေ ရေးချဆဲသူ့အကြောင်းတွေ
အချိန်တွေလဲ ကုန်လွန် နှေးမရပဲ အခုပြောင်းနေ
(CHO)
Rap 2:သံယောဇဉ်တွေ ခိုင်မာခဲ့လို့ မျှော်လင့်ချက်ကလည်းကြီးခဲ့တယ်
ငါ့ရဲ့ရင် ငါ့ရဲ့အသည်းထဲ နင်တစ်ယောက်ပဲရှိခဲ့တယ်
သိခဲ့တဲ့ နင့်ရဲ့ဘက်က တခြားတစ်ယောက်ကို ညှိတွယ်
ရှိခဲ့တဲ့ငါ့ရဲ့အချစ်က နင်ပျော်နေရင် ပြီးတယ်
ရတနာပုံ့ကျောင်းတော်ကြီးမှာ သုံးယောက်အတူ သစ္စာပြု
ဘယ်အခြေနေဘယ်နေရာရောက်ရောက် တစ်ယောက်နဲ့တစ်ယောက် မပစ်ခွာဟု
တခြားတစ်ယောက်ကိုနင်ချစ်သွားတော
့ ငါတစ်ယောက်ထဲဖြစ်တာ အရူး
နင်ကတော့ ငါတစ်ယောက်ကို သူငယ်ချင်းထက်ပို မချစ်ပါဘူး
ငါ့ဘ၀မှာနင်ကလွဲပြီးနောက်ထပ် နောက်တစ်ယောက်အသစ်မရှာဘူး
ဖြူဖြူစင်စင်ဖြစ်တည်လာတဲ့ ငါ့ရင်ထဲက မေတ္တာတစ်ခု
ဒီနေ့တွဲပြီးနောက်နေ့ပြတ်တဲ့ မြန်ဆန်လွန်းတဲ့ ခေတ်မှာအခု
လူတိုင်းရင်မှာရှိတဲ့အချစ်က ငါ့ရဲ့အချစ်လိုမစစ်ပါ
နယ်နိမိတ်တွေပိုင်းခြား သူငယ်ချင်းတွေဝိုင်းတား
တခြားသူတွေလိုသဘောထားပြီး ငါ့ရဲ့အချစ်ကို နှိုင်းမလား
ခိုင်မာစွာစည်းခြားထားတဲ့ သူငယ်ချင်းဆိုတဲ့ တံတိုင်းအား
ဖြစ်တည်လာတဲ့ ငါ့ရဲ့အချစ်ကို ဘယ်အရာနဲ့မှ တိုင်းမရ
(CHO) 2

Comments
Post a Comment
ဝေဖန်မှုတွေကို ကြိုဆိုလျက်ပါ...