မကျီစားနဲ့ - Thar Gyi

V1 မနေနိုင်ဘူး ဒီလိုငါတို့ဝေးပြီး ဘာကြောင့်များ မဆုံနိုင်တာ ငါလည်းမသိ

မကျေနပ်ဘဲ လောကကြီးကို အရွဲ့တိုက် အပြစ်တင်လို့လည်း မဖြစ်နိုင်လို့

တစ်ကြိမ်တစ်ခါမက ဒီရင်ခုန်သံကို ပြန်ဆန်းစစ် အဖြေရှာမရ ငါဒီရင်မှာ နင်ပဲရှိ

ငါနောက်ဆုံး နင်နှလုံးသားထဲမှာ နားခိုခွင့်ပေးတော့ ဘေဘီ အခုတော့ငါ့မှာရူး

နင်တစ်ယောက်တည်းချစ်ခဲ့မိလို့ ငါမတတ်နိုင်ဘူးလေ အလွမ်းရစ်မူးနေလို့ ဒါဝဋ်ကြွေးလား

ငါမပိုင်တဲ့ ဘ၀အိပ်မက်ထဲက ငါလေ မင်းအချစ်ငတ်မွတ်ရင်းနဲ့

အရှုံးများနဲ့ စောင့်မျှော်နေသူ လှမ်းကြည့်လိုက် ငါ့ရင်ဘတ်ထဲ

မင်းမသိတဲ့အတွင်းဒဏ်ရာနဲ့တစ်စစီကြွေကာ ရူးရပြီ အပျက်ပျက်နဲ့ နှာခေါင်းသွေးထွက်ခဲ့တော့

မင်းဆုံးဖြတ်ချက် အသက်ထက်အရေးပါလို့ အမြစ်ဖြတ်ဖို့ခက်တယ် ငါ့ကိုမင်းမရက်စက်လိုက်ပါနဲ့

CHO: [ခွေကိုင်ယိုင်လဲ အလွမ်းနဲ့ဓါတ်မတည့်ခဲ့တဲ့နေ့ မရေရာနိုင်တဲ့ မင်းအချစ်တို့ တပ်မက်ခဲ့တဲ့စိတ်

ရှူကာရှိုက်သွင်း ရေတိမ်မှာနစ်ရင်း မင်းအကြည့်တွေမှာ အိပ်မောကျခဲ့သူပါ]၂





V2: မင်းဘာကြောင့်လဲ ငါ့ကိုအခုလိုပစ်ထားတာ ပျော်နေလား ပျော်နေလား

သိပ်သိချင်တာ မင်ငါ့အပေါ်မှာ လုံးဝမျှတမှုတွေမပေးခဲ့ ဟူး ရေး ဟူး

ဒါနဲ့လည်း ချစ်နေသူပါ ပျာယာခတ် မင်းအပေါ်မှာငါ ဂနာမငြိမ်ဘဲစိတ်တွေ လှုပ်ရှားခဲ့

ငါပြဿနာတွေပဲတက် မင်းကြောင့်ငါ အအိပ်ပျက် မင်းမုန်းမေ့သွားမှာ တွေးကြောက်နေလို့

နေမ၀င်ခဲ့ ငါ့ရင်မှာ ခန္ဓာတည်သ၍ ရှိနေမှာ မင်းတစ်ချက်လောက် ငဲ့ညာ မဟုတ်ရင်

ကြိုက်သလိုမင်းဆုံးဖြတ်ပါကွာ သဘောထားကြီးစွာငါ တစ်နေ့တော့ မင်းလာမယ့်လမ်း မျှော်လင့်လို့စောင့်နေဆဲ





CHO: [ခွေကိုင်ယိုင်လဲ အလွမ်းနဲ့ဓါတ်မတည့်ခဲ့တဲ့နေ့ မရေရာနိုင်တဲ့ မင်းအချစ်တို့ တပ်မက်ခဲ့တဲ့စိတ်

ရှူကာရှိုက်သွင်း ရေတိမ်မှာနစ်ရင်း မင်းအကြည့်တွေမှာ အိပ်မောကျခဲ့သူပါ]၂





Bridge: စိုးရိမ်စိတ်တွေနဲ့ ငါ့စိတ်ဖိစီးနေခဲ့ ငါ့အချစ်တွေလွန်ကာသွားတော့မှ

ကြာလာရင်တော့ရူးနိုင်တယ် သေချာနင်ဆုံးဖြတ်ပါ





CHO: [ခွေကိုင်ယိုင်လဲ အလွမ်းနဲ့ဓါတ်မတည့်ခဲ့တဲ့နေ့ မရေရာနိုင်တဲ့ မင်းအချစ်တို့ တပ်မက်ခဲ့တဲ့စိတ်

ရှူကာရှိုက်သွင်း ရေတိမ်မှာနစ်ရင်း မင်းအကြည့်တွေမှာ အိပ်မောကျခဲ့သူပါ]၂

Download This Song Here

Comments