MMHLS ရဲ့ Admin တစ်ယောက်ဖြစ်တဲ့ Sai Nyii ကို MMHLS က ပြန်ပီး အင်တာဗျူးလုပ်ထားတာကို share ပေးလိုက်ပါတရ် ...
အခုတခေါက် အင်တာဗျူးကို သီချင်းတွေလည်းဆို,
MMHLS ရဲ့ Admin တစ်ယောက်လည်းဖြစ်တဲ့ Sai Nyii နဲ့ဗျူးခဲ့ပါတယ်..။
အားလုံးလည်း ကျေနပ်နှစ်သက်လိမ့်မယ်လို့ မျှော်လင့်ပါတယ်…….။
MMHLS ။ ။ဟိုင်းးးး မင်္ဂလာပါမောင်စိုင်းညီ
Sai Nyii ။ ။ ဟုတ်ကဲ့……မင်္ဂလာပါဗျး)
MMHLS ။ ။ စိုင်းညီ နာမည်အရင်း ပြောပြပါအုံး.
Sai Nyii ။ ။ကျွန်တော့် အမေပေးထားတဲ့ နာမည်က သွင်ညီသန့်စင် လို့ခေါ်ပါတယ်ဗျ။
အဲဒါက နာမည်ရင်းပါပဲး)
MMHLS ။ ။Music ဖက်ကို ဘယ်လိုတွန်းအားတွေနဲ့ ရောက်လာတာလဲ
Sai Nyii ။ ။ အဲဒါက ကျွန်တော် အရင်ထဲက သီချင်းတအားဆိုချင်တာပါ…ဒါပေမယ့် ကျွန်တော်က တောင်ပေါ်မှာနေတာဆိုတော့ သီချင်းလုပ်ဖို့ကခက်တယ်လေ….နောက်ရန်ကုန်ရောက်တဲ့ အချိန်ကစပီးသီချင်းတွေစလုပ်ဖြစ်တာပါ
ဘယ်သူ့မှ တွန်းအားတော့မရှိပါဖူး….ကိုယ်တိုင်တွန်းအားကြောင့် ဒီလိုဖြစ်လာတာပါး)
MMHLS ။ ။ဒါဆို စိုင်းညီက တောင်ပေါ်သားပေါ့ 
Sai Nyii ။ ။ ကျွန်တော်က ရန်ကုန်မှာမွေးတာပါ…ဒါပေမယ့် လွိုင်ကော်မှာ ကျွန်တော်ကြီးတာပေါ့ အဲတော့ တောင်ပေါ်သား, လွိုင်ကော်သားလို့လဲပြောလို့ရပါတယ်း)
MMHLS ။ ။ ဟုတ်ပါပြီ ဒါဆို တောင်ပေါ်သား စိုင်းညီတယောက် music လောကမှာ ကြုံရတဲ့ အခက်အခဲတွေ ပြောပြပါအုံး
Sai Nyii ။ ။ အခက်အခဲတွေကတော့ဗျာ…..သီချင်းဆိုတဲ့ ဘယ်သူမဆို ရှိနိုင်ပါတယ်။ကျွန်တော်ကျတော့ အစက သီချင်းသာလုပ်ချင်တာ
အဆက်အသွယ်လည်းမရှိ နောက် သီချင်းလုပ်တဲ့သူတွေနဲ့လည်း ခင်တာမရှိဖူးဗျ…
နောက်ပိုင်း ကျွန်တော် BigBull နဲ့ စခင်တယ်….အဲကောင်က အဲအချိန်သီချင်းတွေလုပ်နေပီဗျ အဲကောင်ကို ကျွန်တော်က beat လေးတီးပေး မင်းနဲ့ငါနဲ့ဆိုမယ် စပီး စလုပ်ကြတယ်….နောက် ကျွန်တော်က beat မတီးတတ်ဖူးဗျ…အဲတော့ ကျွန်တော်beat တွေဝယ်ရတယ်….အဲခါကျတော့လည်း ကျွန်တော့်မှာကပိုက်ဆံမရှိတော့ BigBull ဆီကပဲ အကူအညီ တောင်းရတယ် beat လေးတီးပေးပါဆိုပီးတော့ပေါ့
နောက် ကျွန်တော် သီချင်းစဆိုတုံးကတော်တော်ဂွမ်းတယ်ဗျ….အခုလည်း ဂွမ်းနေတုံးပါပဲ…း)
အဲတော့ စိုင်းညီ ဆိုတာ ဘာတွေဆိုမှန်းမသိ နောက် အသံကလည်း ပိန်းတယ်ဆိုပီး အပြောခံရတယ်
အခက်အခဲတွေကတော့အများကြီးပါပဲ ကျွန်တော့မှာ ဆိုဖို့beat ရှိတာတောင် စတူဒီယိုဖိုးကို ရှာရသေးတယ်ဗျ…..
လုပ်ချင်တာသာသိတာ တကယ်တမ်းကျတော့ အခက်အခဲတွေအများကြီးပါပဲ….ဒါပေမယ့် တကယ်တမ်းတော့ ကိုယ်ကလုပ်ချင်တာဆိုတော့
ဒီလောက်တော့ အခက်အခဲရင်ဆိုင်ရတာ မထူးဆန်းပါဖူးဗျာ….. ။း)
အနှိမ်ခံရတယ်ဆိုတာကလည်း ကိုကမကောင်းလို့ပြောကြတာပါ….ကိုကောင်းနေရင် ဘယ်သူ့မှပြောမှာမဟုတ်ပါဖူးး)
MMHLS ။ ။ ဒါဆို ဒီလောက် ခက်ခဲတဲ့ ကြားထဲက ဘာလို့ ဆက်လုပ်ဖြစ်နေတာလဲ
Sai Nyii ။ ။ အဲဒါက ကျွန်တော့ ၀ါသနာပေါ့နော်…..ကျွန်တော်က ဒီသီချင်းတွေ လုပ်နေရရင် ပျော်နေတာဗျ….နောက် ကျွန်တော့်သီချင်းကိုပေါ့ အားပေးမယ့်ပရိသတ်နဲနဲတော့ လိုချင်တာပေါ့ဗျာ…သီချင်းကောင်းတယ်မကောင်းဖူးဆိုတာကလည်း ပရိသတ်ကဆုံးဖြတ်ပေးမှာဆိုတော့ ကျွန်တော့်သီချင်းကောင်းတယ်မကောင်းဖူးဆိုတာ့တော့ ပရိသတ်ပေါ်မူတည်ပါတယ်…..အခက်အခဲတွေ ဘယ်လောက်ပဲ ဘယ်လိုပဲများများ
ကျွန်တော် ဆက်ကြိုးစားမှာပါ….တနေ့မှာ ကျွန်တော့်အတွက် နေရာတနေရာ ရတဲ့အထိပေါ့ ။း)
MMHLS ။ ။ ဒါဆိုရင် ခုချိန်ထိပေါ့ နော် သီချင်း ဘယ်လောက် လုပ်ဖြစ်ပြီလဲ
Sai Nyii ။ ။ ကျွန်တော် လုပ်ထားတဲ့သီချင်းကတော့ နည်းသေးတယ်ဗျ……..ဖြန့်တဲ့ သီချင်းတွေကောပေါ့နော်……နောက်
မဖြန့်ရသေးတဲ့ သီချင်းတွေရှိသေးပါတယ်…..အဲဒါတွေက ကျွန်တော့အခွေအတွက်ပေါ့နော်..အဲကျမှ ဖြန့်ဖို့စီစဉ်ထားလို့ပါး)
MMHLS။ ။ဘယ်တော့ လောက်ဖြန့် ဖြစ်မှာတုန်း
Sai Nyii ။ ။ ကျွန်တော် ၁၀,၁၁ လပိုင်းလောက်တော့ မှန်းထားတယ်ဗျ…..အခုလောလောဆယ်က အဲအခွေထဲမှာ ပါမယ့်တချို့သီချင်းတွေ မသွင်းရသေးတာကျန်သေးလို့ ကြာနေတား)
MMHLS ။ ။အိမ်ကကော သီချင်းတွေလုပ်တာ သဘောတူရဲ့ လား
Sai Nyii ။ ။ အိမ်ကတော့ သီချင်းတွေလုပ်တာသဘောမတူဖူးဗျ…ကျွန်တော့်အဖေတခေါက် ရန်ကုန်လာတော့ ပြောဖူးတယ်
“အဖေ သားကိုအခွေလေးထုတ်ပေးပါလားပြောတော့ မင်းလုပ်တာမပေါက်ရင် အဲစိုက်ပေးတဲ့ ပိုက်ဆံပြန်ပေးမှာလား” တဲ့ဗျာ…..။
အဲလိုကြီးပါ….ကျွန်တော် သီချင်းလုပ်တာ ကို့ဘာသာကိုပဲ လုပ်နေတာပါ…… ဘယ်သူ့မှလည်း အားမပေးပါဖူးး)
MMHLS ။ ။ဒါဆို ရင် ခုထွက်ဖို့ ကြိုးစားနေတဲ့ ခွေက စိုင်းညီရဲ့  တကယ့် အခက်အခဲကြားက ထွက်လာတာပေါ့ 
Sai Nyii ။ ။ ဟုတ်ကဲ့……အဲလိုလည်း ပြောလို့ရပါတယ်…..
အခွေထွက်တယ်ဆိုတာကလည်း ကျွန်တော် ကြိုးစားထားတဲ့ အတိုင်းအတာလေးတခုပြချင်လို့ပါ
ဒါပေမယ့် အဲအခွေမှာ ကျွန်တော်ကြိုက်တဲ့ပုံစံမျိုးပါချင်မှပါလိမ့်မယ်….
ကျွန်တော်နဲ့ဆိုမယ့်လူတွေ လုပ်တဲ့ပုံစံမျိုးတွေများမယ်ဗျး)
MMHLS။ ။စိုင်းညီကြိုက်တဲ့ music style က ?
Sai Nyii ။ ။ အခုလောလောဆယ် ကျွန်တော် Pitbull Style ကိုခိုက်နေတယ်ဗျ….နောက် ကျွန်တော်အကြိုက်ဆုံးကတော့West Style ပါ
အဲဟာတွေကလည်း Muzik Style တွေတခြားဆီတွေကြီးပဲ
MMHLS ။ ။ကိုယ့် ရဲ့ ခွေမှာ ကိုယ်ကြိုက်တဲ့ ပုံစံ ပါချင်မှ ပါမယ်ဆိုတော့ ထူးဆန်းနေသလားလို့ 
Sai Nyii ။ ။ဟုတ်…….အဲဒါက ဘယ်လိုပြောရမလဲ
ကျွန်တော်လိုချင်တဲ့ ဘိတွေကျတော့ တီးပေးတဲ့သူနဲ့ သိပ်ပီးတော့ ကွက်တိမကျဖူးဗျ..
ကျွန်တော်လိုချင်တာတမျိုး သူတီးပေးတာတမျိုးပေါ့…..အဲလိုပါ…ဒါပေမယ့် တီးပေးတဲ့လူတွေကလည်း တကယ့်ရှယ်တွေတီးပေးမှာပါ……အကြိုက်မတူတာ ၁ ပုဒ် ၂ ပုဒ်လောက်ပဲပါမှာပါ….အဲဒါတွေကလည်း အချစ်သီချင်းတွေပါ…။း)
MMHLS ။ ။စိုင်းညီကို လက်တွဲခေါ်တာက ဘယ်သူတွေဖြစ်မလဲ
Sai Nyii ။ ။ လက်တွဲခေါ်လာတဲ့သူတော့မရှိပါဖူး…..ကျွန်တော်လုပ်ချင်လို့ ကို့ဘာသာကို လုပ်လိုက်တာပဲရှိတာပါ
ဒါပေမယ့် BigBull ပေါ့နော်……သူက ကျွန်တော့်ကို အများကြီးကူညီပေးတယ်….beat လိုချင်ရင် beat တီးပေးတယ်……သူအခုနောက်ပိုင်း မတီးတော့ဖူး…..ဒါပေမယ့် ကျွန်တော် အတင်းပြောရင် သူတီးပေးတယ်ဗျ……သူ့ကြောင့်လည်း ပါပါတယ်
ကျွန်တော့်အခွေထဲမှာတောင် သူတီးပေးတာတွေပါမယ်း)
BigBull က ကျွန်တော့်ကို အများကြီးကူညီပေးပါတယ်…..နောက်သူက သဘောထားလည်း ပြည့်တယ်ဗျ….ကျွန်တော်လိုချင်တဲ့ဟာကို အဲကောင်လုပ်ပေးတယ်……ကျွန်တော့်ကို တနည်းအားဖြင့် လက်တွဲခေါ်တယ်လို့လည်း ပြောလို့ရပါတယ်း)
MMHLS ။ ။ ဒါဆိုရင် ခုချိန်မှာစိုင်းညီရဲ့ အိမ်မက်က ဘာဖြစ်နိုင်မလဲ
Sai Nyii ။ ။ ဟီး…….လောလောဆယ် ကျွန်တော့်အိမ်မက်ကတော့ အဆိုတော်အကြီးကြီးဖြစ်ချင်နေတာပဲဗျ….နောက် ကျွန်တော် အတီးပိုင်းမှာဆရာတယောက်ဖြစ်ချင်တယ်….ဘာလို့လဲဆိုတော့ ကျွန်တော့က beat မတီးတီးတတ်တော့ တော်တော်ကို ကိုးလို့ကလန့်ဖြစ်တယ်ဗျ… Dr.Dre လောက်တီးတတ်ရင်ပဲတော်ပါပီဗျာ~
MMHLS။ ။ ဒါဆို အတုယူရတဲ့ လူတွေ ရှိမှာပေါ့ … ပြည်တွင်းကဆိုရင်ကော ဘယ်သူ့ ကို အားကျလဲ
Sai Nyii ။ ။ ပြည်တွင်းမှာ ကျွန်တော်အကြိုက်ဆုံးက Legendary တဖွဲ့လုံးပါ…အဲအဖွဲ့ထဲကဆို အကုန်ကြိုက်တယ်ဗျ…။
ကျွန်တော် အတုယူရတဲ့လူကတော့ ရသ ပါ
သူ့ရေးတဲ့ပုံစံတွေကို ခိုက်တာဗျ……သာမာန်ရိုးကျကနေ လုံးဝခွဲထွက်နေတဲ့ စတိုင်တွေ ရေးတာ
နောက် ကျွန်တော် N Zai ကိုလည်း ကြိုက်တယ်ဗျ…
MMHLS ။ ။ ဟား အကြိုက်ချင်းတူတယ် အမလဲ ရသဆို တကယ်ကြိုက်တာ..သူ့ သီချင်းတွေထဲက အကြိုက်ဆုံးတပုဒ်လောက်ပြောပေးပါလား
Sai Nyii ။ ။ကျွန်တော်ကြိုက်တာက Legendary အနေနဲ့ဆိုထားတဲ့ Can’t Stop Usပေါ့….အဲသီချင်းမှာ ရသဆိုထားတာကို ခိုက်တယ်ဗျ။
MMHLS ။ ။ဘယ်အချိန်လောက်ဆိုရင် သူ့ လိုအနေအထားဖြစ်လာနိုင်မယ်လို့ မှန်းလဲ
Sai Nyii ။ ။ အဲဒါကတော့ မဖြစ်နိုင်ဖူးထင်တယ်ဗျ…..ဘာလို့လဲဆိုတော့ သူကသူ ကျွန်တော်ကကျွန်တော်မို့လို့ပါ။း)
ကျွန်တော်လည်း ကျွန်တော့်ပုံစံနဲ့ကျွန်တော် သီချင်းတွေဆက်လုပ်နေမှာပါ…..သူများစတိုင်လိုက်တုပီးတော့ တော့ မလုပ်ချင်ဖူးဗျး)
နာမည်မကြီးရင် နေပါစေ…ကို့စတိုင်နဲ့ကိုပဲ ဖြစ်ချင်လို့ပါ။
MMHLS ။ ။: သတ္တိ ရှိတယ်ပေါ့ ..ဟုတ်လား
Sai Nyii ။ ။ ဟီး……..အဲလိုလည်း မဟုတ်ပါဖူးဗျ…..
ကျွန်တော့် ခံယူထားတဲ့ပုံစံကိုပြောပြတာပါ…
ဘယ်သူ့ကိုမှလည်း မတိုက်ခိုက်ပါဖူး……ကို့လမ်းကိုပဲလျှောက်နေတာပါ..း)
MMHLS ။ ။: တိုက်ခိုက်မှ ရှေ့ ရောက်မယ်ဆိုရင်ကော …
Sai Nyii ။ ။ အဲလိုဆိုရင်တော့ ကျွန်တော့ သီချင်းမဆိုတော့ဖူး
ဘာလို့လဲဆိုတော့ သူများကို တိုက်ခိုက်မှ ရှေ့ရောက်မယ်ဆိုတော့ ကျွန်တော့အနေနဲ့ပေါ့နော် လက်မခံဖူးဗျ…
ကို့မှာအရည်အချင်းရှိရင် အခုမဟုတ်တောင် တနေ့နေ့မှာရှေ့ကိုရောက်လာမှာပဲဗျာ….။း)
MMHLS ။ ။: ဟုတ်ပါပြီ ဒါက စိုင်းညီရဲ့ ခံယူချက်ပေါ့ ဟုတ်လား
Sai Nyii ။ ။ ဟုတ်ကဲ့……အဲလို ပြောလို့ရပါတယ်
Battle လုပ်တယ်ဆိုရင်တော့ တမျိုးပေါ့ဗျာ….
ပလိန်းကြီးတော့ သူများကို မတိုက်ခိုက်ချင်ပါဖူး။း)
MMHLS ။ ။သီချင်းရေးရင်ကော ကိုယ်တိုင်ပဲလား
Sai Nyii ။ ။ ဟုတ်ကဲ့…..ကျွန်တော့်သီချင်း ကျွန်တော့်ဆိုတဲ့ Rap တွေကိုပေါ့နော် ကျွန်တော်ကိုယ်တိုင်ပဲ ရေးပါတယ်….နောက် ကျွန်တော်က သူများရေးတာဆို မဆိုတတ်ဖူးဗျ….အရင်က ဝေယံ ရေးပေးတဲ့ R&B သီချင်းဆိုတာ တော်တော်ဂွမ်းတယ်ဗျ…..အဲသီချင်းတောင် ရှက်လို့ မဖြန့်ဖူး။
MMHLS ။ ။: ဒါဆို ထုံးစံအတိုင်း သီချင်း lyricsလေး တကြောင်းနှစ်ကြောင်းလောက် …အမှတ်တရပေါ့
Sai Nyii ။ ။ ကျွန်တော် အခုဆိုရင် ဘယ်လိုမျိုး ဆိုပြရမှာလဲဗျအချစ်သီချင်းလား HipHop သီချင်းလား??
MMHLS ။ ။ကိုယ့် ခံစားချက်အရပေါ့ .. rhyme ရွတ်ပြနိုင်မလား
Sai Nyii ။ ။ ဟုတ်ကဲ့ဗျ……။
“~~အခက်အခဲတွေ ဘယ်လောက်ပဲ ကြုံတွေ့ရပါစေ ငါသွေးမပျက် ဒီ Muzik လမ်းကြောင်းကနေ ဘယ်တော့မှငါ ပြေးမထွက်
မင်းသာ ငါ့ကို မနိုင်လို့ တကောင်ထဲ ချောင်ထဲမှာ ဆွေးလျှက်…ရှောင်လွှဲတာ မင်းရဲ့စိတ်ဓါတ်အရောင်ပဲလား ဟင်.ငါမေးလျှက်~~”
MMHLS ။ ။ wow အိုကေ… နောက်ဆုံး အချစ်ရေး….အေးဆေးပဲလား
Sai Nyii ။ ။ ဟုတ်ကဲ့….အမ်…..
ကျွန်တော့်အချစ်ရေးက…….၁ နှစ်လောက်ရှိပီဗျ..တယောက်တည်းနေရတာ…..
ဆော်လည်းမရှိတော့ပါဖူး….တယောက်တည်းပါပဲ~~
MMHLS ။ ။ အသဲကွဲသွားတာလား
Sai Nyii ။ ။ ဟုတ်……အသဲကတော့ ခဏခဏကွဲနေတာပါပဲဗျာ…
မောင်စိုင်းညီရဲ့ ထုံးစံလိုတောင်ပြောရလို့ပါတယ်….ကျွန်တော့ သူငယ်ချင်း Moe Zac ပြောသလိုပဲပေါ့
မောင်စိုင်းညီ ဆွေးရခြင်းပဲ ကိုဖြစ်နေတာ~
MMHLS ။ ။ MMHLS ကတဆင့် ဘယ်သူတွေကို ဘာများပြောချင်သလဲ
Sai Nyii ။ ။ ဘယ်သူ့ကိုမှတော့ မပြောချင်ပါဖူးဗျာ…..ကိုယ့်ကိုယ်ကိုတောင် ဘာကောင်မှမဟုတ်သေးတာ……သူများကို မပြောပဲ
ကိုယ့်ကိုယ့်ကိုပဲ ပြောပါတော့မယ်…မောင်စိုင်းညီ ဆက်ကြိုးစားပေါ့~
MMHLS ။ ။အမလဲ ပြောပါတယ် ဆက်ကြိုးစားပါ မောင်စိုင်းညီ…
Sai Nyii ။ ။ ဟုတ်ကဲ့….ကျေးဇူးဗျ…
ကျွန်တော်ဆက်ပီး ကြိုးစားသွားမှာပါ….ကျွန်တော့အတွက် နေရာတနေရာ ရလာတဲ့အထိပေါ့~~။
MMHLS ။ ။ MMHLS ရဲ့  family member မောင်စိုင်းညီ..ဖြစ်ချင်တဲ့ အဆိုတော်အကြီးကြီးဖြစ်ပါစေလို့  MMHLS ရဲ့ 
မောင်နှမအားလုံးက ဆုတောင်းပေးပါတယ်
Sai Nyii ။ ။ ဟုတ်ကဲ့ဗျ….ပေးတဲ့ဆုနဲ့ပြည့်ပါစေဗျာ…
နောက် MMHLS လည်း အဓွန့်ရှည်ပြီး လူတကာဝင်ကြည့်တဲ့ ဆိုဒ်ဖြစ်ပါစေလို့ဆုတောင်းပေးပါတယ်ဗျာ…။
MMHLS။ ။ ပေးတဲ့ ဆုနဲ့ အကြီးကြီးပြည့် ပါစေ….
Comments
Post a Comment
ဝေဖန်မှုတွေကို ကြိုဆိုလျက်ပါ...