ဟစ်ဟော့ပ်လောကမှာ နေရာတစ်နေရဖို့ ခက်ခဲတယ်ဆိုတဲ့ လွှမ်းပိုင်

သတင်း,ဟစ်ဟော့ပ်လောကမှာ နေရာတစ်နေရဖို့ ခက်ခဲတယ်ဆိုတဲ့ လွှမ်းပိုင်,interviews
‘သင်္ကြန်မှာ…ရင်တွေ တုန် တာပေါ့’ဆိုတဲ့ သင်္ကြန်စီးရီးအခွေမှာ သီချင်းနှစ်ပုဒ်သီဆိုထားတဲ့ လွှမ်း ပိုင်က သင်္ကြန်သီချင်းမှာ တီးလုံးကို သင်္ကြန်ပုံစံပေါက်အောင် တီးဖို့လို တယ်လို့ပြောပါတယ်။ ”သင်္ကြန် Mood က အချစ်သီချင်းMood တွေနဲ့မတူ ဘူးလေ။ နွေရာသီ ရောက်သွားတဲ့အခါ လန်းလန်း ဆန်းဆန်းတက်တက်ကြွကြွပုံစံမျိုး ပေါက် အောင်ရေးရတယ်။ ပြီးတော့ တီးလုံးကလည်း နည်းနည်းစား တယ်။ ပုံမှန်အမြူးတီးလုံးလိုမျိုးသွား တီးရင် သင်္ကြန် Mood မပါတော့ဘဲ ဟစ်ဟော့ပ်မု(ဒ်) ဘက် ကို ပါသွား မယ်။ အဲဒါကြောင့်သင်္ကြန်အငွေ့ အသက်လေးပါ အောင်ရေးရတာ ပေါ့။ အဲဒီထဲကသီချင်းနှစ်ပုဒ်ကို လည်း အဲဒီလိုသင်္ကြန်ပုံစံရအောင် ရေးထားပါတယ်” လို့ ပြောပါတယ်။ အဆိုတော်တစ်ယောက် အနေနဲ့တစ်ကိုယ်တော်ခွေလုပ်ဖြစ် တာနဲ့



ပတ်သက်ပြီး…”တစ်ကိုယ်တော်အခွေထွက် နိုင်မှပဲအဆိုတော်တစ်ယောက်ဖြစ် တယ်လို့ ပြောမယ်ဆိုရင်တော့ရပါ တယ်။ ဘာလို့လဲဆိုတော့ အဲဒီလို ထွက်နိုင်မှပဲ နယ်ပရိသတ်လည်းပိုသိ မယ်။ပရိသတ်ပိုပြီးကျယ်ပြန့်တာပေါ့။ အဆိုတော် အစစ် မဟုတ်ဘူးလို့တော့ ပြောလို့မရဘူး။အဆိုတော် အကြီး ကြီးမဖြစ်သေးတော့အခွေထွက်နိုင် ဖို့လိုတာပေါ့”လို့ ပြောပါ တယ်။ဟစ်ဟော့ပ်လောကမှာ နေရာ တစ်နေရာရဖို့ ခက်ခဲတယ်ဆိုတဲ့ လွှမ်း ပိုင်က ”ဟစ်ဟော့ပ်မှာက လုပ်တဲ့လူ လည်း အရမ်းများတယ်။ အဲဒီအရမ်း များတဲ့အထဲမှာ မတူတဲ့တစ်ယောက် ဖြစ်ဖို့ဆိုတာ တော်တော်လုပ်ယူရ တယ်။ ဟစ်ဟော့ပ် ရှိုးကိုလာကြည့် တဲ့ ပရိသတ်ဆိုရင်လည်းအားလုံးနီး ပါးကအဆိုတော်ချည်းပဲ။ သူတို့ လည်း ဂီတကိုလုပ်နေကြတဲ့လူတွေ ပဲ။ အဲဒီတော့ သူတို့ လောက်မှ မတော်တဲ့လူတို့၊ မကောင်းတဲ့လူတို့ ကို လက်ခုပ်တီးမှာမဟုတ်ဘူး။ အဲဒီ တော့ခက်ခဲတာပေါ့။ တခြား ဂီတ တွေလည်းဒီလိုပါပဲ။ Band တွေဆို လည်းလူစုရ တာနဲ့ Vocal သမားရှာ ရတာနဲ့ စုစည်းရတာခက်ခဲတယ်။ ဂီတတိုင်းကတော့ သူ့ဟာနဲ့သူ ခက် ခဲမှုတော့ ရှိတာပါပဲ။ ကိုယ့်ကြိုးစား မှုကအဓိကပါပဲ” လို့ ပြောပါတယ်။
ရဲရဲ

Source : Popular News

Comments