အခုခေတ်မှာ စတူဒီယိုသွားပြီး သီချင်း သွင်းတာကို လူငယ်တိုင်းက လုပ်နေကြတဲ့ အတွက် ဒီလူတွေအများကြီးအထဲကနေ ပုံစံ အသစ်တစ်ခုဖြစ်အောင် တအား ကြိုးစားရတယ်လို့ လွှမ်းပိုင်ကပြောပါတယ်။ အရင် ခေတ်ကလိုပဲ ဒီခေတ်မှာလည်း သူများနဲ့ မတူ တဲ့ပုံစံမျိုးကို လုပ်နိုင်မှပရိသတ်တွေက ကြိုက်ကြတာလို့ ထင်ကြောင်းလည်း ပြောပါတယ်။ ဒါကြောင့် အရင်ခေတ်က အဆိုတော်ကြီး တွေလိုပဲ ဒီခေတ်မှာ ကြိုးစားရပါတယ်လို့ပြောတဲ့လွှမ်းပိုင်က.. ”အရင်တုန်းကလည်း မတူအောင်လုပ်တဲ့ သူတွေပဲပေါ်တာများတယ်။ အခုခေတ် မှာလည်း ဒီလိုပဲ။ နောက်ပြီးပရိသတ်အကြိုက် ကိုလည်း လုပ်ရသေးတယ်လေ။ ဒါကြောင့် မလွယ်ပါဘူး။
ဒီခေတ်မှာက အဆိုတော် အသစ်တွေက အများကြီးပေါ်နေတော့ပိုကြိုး စားရတယ်။ ကြိုးစားမှုကိုတော့လျော့လို့ မဖြစ်ဘူး။ လျော့သွားတာနဲ့ နောက်ထပ် အသစ်ဆီ ကို အားလုံးက အာရုံစိုက်ကြမှာပဲလေ။ ပြောရရင်တော့ ဒီဘက်ခေတ်က အပြိုင်အဆိုင် များတယ်။ လူတွေအကုန်လုံးက လုပ်တတ်နေကြတာ ဆိုတော့လေ။ ဝမ်းစာလည်း ဖြည့်မှရတယ်။ အဓိကကတော့ သူများသီချင်းတွေကို နားထောင်ပြီးတော့ ကိုယ့်ဘာသာကိုယ် ပုံစံ အသစ်ရအောင် ကွန်ပျူတာရှေ့မှာ သီချင်း လုပ်ရတယ်။ အဲဒါကတော့ ဖြတ်လို့မဖြစ်ဘူး”လို့ ပြောပါတယ်။ ဆက်လက်ပြီး လွှမ်းပိုင်က အခုခေတ်မှာ စက်ပစ္စည်းတွေ တိုးတက်လာပေမယ့် စက်ပစ္စည်းကြီးကိုပဲ အားကိုးနေလို့ မရပါဘူးလို့ ပြောပါတယ်။ ”ရှိုးတွေဆိုတဲ့အခါ ဒီစက်တွေက ကူညီ ပေးနိုင်တာမဟုတ်ဘူး။ ရှိုးမှာက ကိုယ်တစ်ကယ် ဆိုနိုင်မှပဲရတာပါ။ ကိုယ်တကယ် မဆိုနိုင်ဘဲနဲ့ စတူဒီယိုထဲမှာ လုပ်ထားပြီး အပြင် မှာဆိုတဲ့အခါ မဆိုနိုင်ရင်လည်း မကောင်းဘူးလေ။ နားထောင်ကောင်းရုံ သက်သက် လုပ်ထားသလိုဖြစ်နေလိမ့်မယ်။ ကျွန်တော် ကတော့ စက်ပစ္စည်းတွေထက်စာရင် Show Mood ကို ပိုကြိုက်တယ်။ အခုခေတ်မှာက နည်းပညာတွေ တိုးတက်လာတော့ ကျွန်တော် တို့အတွက် အများကြီးအထောက်အကူ ပြုပါတယ်။ သီချင်းတွေကို အွန်လိုင်းကနေ တစ်ဆင့်ဖြန့်တဲ့အခါ နေရာအတော်များများ ကို ပျံ့စေတယ်”လို့ပြောပါတယ်။ လွှမ်းပိုင်က အရင်ခေတ်က အဆိုတော်ကြီးတွေရဲ့ သီချင်းတွေကိုလည်း နားထောင်လေ့ရှိပြီး သူအကြိုက် ဆုံးအဆိုတော်ကတော့ လွှမ်းမိုးပါပဲလို့ပြော ပါတယ်။
လင်းအက္ခရာ
Source : Popular News
Comments
Post a Comment
ဝေဖန်မှုတွေကို ကြိုဆိုလျက်ပါ...