စတူဒီယိုမှာထက် ရှိုးမှာဆိုရတာကို ပိုနှစ်သက်တဲ့ Bobby Soxer



ရှိုးပွဲတွေမှာ သီချင်းတော်တော်များများဆိုပြီးမှ စတူဒီယိုထဲကို အသံသွင်းဖို့ရောက်ရှိ ခဲ့သူကတော့ Bobby Soxer ပါ။ သူက ရှိုးမှာဆိုရတဲ့ မု(ဒ်)ကို စတူဒီယိုမှာ သွင်းတဲ့ မု(ဒ်) ထက်ပိုကြိုက်တယ် လို့ ပြောပါတယ်။ “ရှိုးမှာဆိုရတဲ့ မု(ဒ်)လောက်တော့ စတူဒီယိုထဲမှာ မရှိဘူးပေါ့။ စတူဒီယိုထဲမှာ သဘောကျ တာက အသံသွင်း တဲ့အခန်းထဲမှာ မီးပိတ်ထားပြီး တစ်လောကလုံးမှာ ကိုယ်တစ်ယောက် တည်းရှိတဲ့ပုံစံမျိုးလေးနဲ့ သွင်းရ တာလေးကို သဘောကျတယ်။ စတူဒီယိုကို စရောက်တုန်းကတော့ ထူးထူးဆန်းဆန်းဖြစ်တယ်။ သုံးတဲ့ ပစ္စည်းတွေ ဘာတွေက ကိုယ့်အတွက် ဆန်းနေတယ်။ ပထမဆုံးသွင်းတဲ့အခေါက်က ဘယ်လိုသွင်းရ မှန်းမ သိဘူး။ အဲဒီတုန်းကတော့ နည်းနည်းတိုင်ပတ်တယ်။ နောက်ပိုင်း အင်ဂျင်နီယာတွေ က ပြောပြတော့ မှ သိလာတာ”လို့ ပြောပါ တယ်။


သူ့ရဲ့စာသားတွေကို တစ်ခါနားထောင်ရုံနဲ့ သိပ်နားမလည်ဘူး လို့ပြောကြတဲ့ ပရိသတ်တွေရှိတယ်ဆိုတဲ့ Bobby Soxer က “ပရိသတ် တွေက နားမလည်လို့ နားလည်အောင် ဆိုပေးပါ လို့ ပြောကြတယ်။ ဒါပေမဲ့ အပြောင်းအလဲတစ်ခုအနေနဲ့ပေါ့။ ပြီးတော့ ပရိသတ်က ကိုယ့်ကိုအသိ အမှတ် ပြု ထားတဲ့ပုံစံလေးတစ်ခုကိုလည်း ဆိုပြတာ ပေါ့။ အမျိုးမျိုးပေါ့၊ကြိုက်တဲ့ပရိသတ်ရှိသလို မကြိုက်တဲ့ ပရိသတ် လည်းရှိတဲ့အခါကျတော့ မျှအောင်တော့လုပ်ရ တာပေါ့”လို့ ပြောပါတယ်။ Bobby Soxer ရဲ့သီချင်း တော်တော် များများမှာ တခြားဟစ်ဟော့ပ်အဆိုရှင်တွေ လို ဖီးချားရင်းသိပ်မတွေ့ရပါဘူး။ အဲဒီအ ကြောင်းနဲ့ ပတ်သက်ပြီး သြဘဘပှသထနမ က ရှိုးတွေမှာဆိုတဲ့အခါ လူမစုံရင် အခက်အခဲရှိ မှာစိုးလို့ပါလို့ ပြောပါတယ်။ ဖီးချားရင်းသိပ်မသုံးဖြစ်ဘဲ တစ် ယောက်တည်းပဲရေးဆိုဖြစ်တဲ့ Bobby Soxer က သီချင်းတစ်ပုဒ်လုံးရေး ရာမှာ အခက်အခဲတွေ ဖြစ်တယ်လို့ ပြောပါတယ်။”သီချင်းတစ်ပုဒ်ကို ၂ပိုဒ် လောက်ရေးပြီးရင် နောက်တစ်ပိုဒ် ထပ်ရေးလို့အကြောင်းအရာထပ်နေရင် ခဏထားထား တယ်။ ပြီးတော့ နောက်တစ်ခါ မု(ဒ်)ဝင်မှ တစ်ခါ ထပ်ရေးတယ်။ အဲဒီရေးတဲ့ဟာက ပထမဟာနဲ့ အံ့ဝင်နေရင် သုံးဖြစ်တယ်”လို့ သူ့ရဲ့သီချင်းရေးတဲ့ပုံစံကို ပြောပြပါတယ်။
ရဲရဲ

source here

Comments