မင်္ဂလာပါ အစ်မ . . . ကျွန်တော်က Myanmar Hip Hop Channel က OKH ပါ ..။ အမ ကို Interview နည်းနည်းမေးမယ်နော် ။
ဟုတ်ကဲ့ပါ.. မင်္ဂလာပါရှင့် :)
အရင်ဆုံး အမ နာမည် အရင်းလေး နဲ့ မွေးနေ့လေး ပြောပြပေးပါလား . . .?
ဟုတ်....အိမြတ်မြတ်မွန်ပါ...။ 15.10.89 ပါ
အမ က ရန်ကုန် ဇာတိ မဟုတ်ဘူးလို့သိရပါတယ် ။ ဘယ်ဇာတိ လည်းမသိဘူး ပြောပြပါလား . . ?
ဟုတ် မော်လမြိုင်ကပါ...။
ပီးတော့ အဲအဲဆိုတဲ့နာမည်လေးဘယ်လိုပေးဖြစ်သွားတာလဲဆိုတာ ပြောပြပေးပါလား…?
ဟုတ် အိုက် နာမည်လေးက မွေးတဲ့နေ့မှာ ဖေကြီး နဲ့ မေကြီး ပေးခဲ့တာလေးပါ နောက်ပိုင်း ကျောင်းတတ်ဖြစ်မှ အိမြတ်မြတ်မွန်ဆိုတဲ့ နာမည်ကို ဖေကြီး ကိုယ်တိုင်မှည့်ပေးခဲ့တာပါ..။
ဟုတ်ကဲ့. . .။ အမ ဘယ်အချိန်လောက်က သီချင်းတွေစလုပ်ဖြစ်လဲ . . .?
ဟုတ် သီချင်းတွေကို ဆယ်တန်းပြီးလောက်မှာ စလုပ်ဖြစ်တာပါ 2006 ခုနှစ်ပေါ့ ။ စတူဒီယိုမှာ စသွင်းဖူးတာကတော့ 2010 နိုဝင်ဘာ အကုန်လောက်က မှ စပီး သီချင်းသွင်းဖူးတာပါ..။
အမ ရဲ့ ပထမ ဆုံး သီချင်းလေးပြောပြပါလား . . . ?
ဟုတ် New My Heart Beat ဆိုတဲ့သီချင်းလေးပါ..။ အိုက်သီချင်းလေးနဲ့ UG မှာ စပြီးအခြေချခဲ့တာပါ.။
ဒါနဲ့ အမ MHL နဲ့ဆိုတဲ့ သီချင်းလေးက တော်တော်ပေါက်သွားတယ်နော် . . အဲသီချင်းလေးလုပ်ဖြစ်ပုံလေးပြောပြ ပါဦး . . .?
ဟုတ် ကျေးဇူးပါ...။ အိုက်သီချင်းလေးက ရေးထားတာ ကြာပီး အမ ဂစ်တာ စစ တီးတတ်ချင်းမှာ ရေးဘူးတဲ့ သီချင်းလေးပါ..။ အကို MHL နဲ့ လုပ်ဖြစ်သွားတာက အမတို့ *ကဲလိုက်* ဆိုတဲ့ သင်္ကြန်သီချင်းလေးကို တီးလုံးအပ်ဖြစ်ရင်းနဲ့ အကို့ကို ဒီသီချင်းထုတ်ပြဖြစ်ပါတယ် အိုက်မှာ အကို MHL က ကူညီပြီးတော့ Feat ပါတွဲဆိုပေးသွားတာပါ...။
အမ သီချင်းတော်တော်များများ အချစ်သီချင်းတွေတော်တော် များတယ်နော် . . .။ RNB ကိုနှစ်သက်လို့လား။?
ဟုတ်ကဲ့ R&B ကို နှစ်သက်ပါတယ် ..။ R&B မှမဟုတ်ပါဘူး I Like Music ပါ Crazy On Music ပေါ့ ..။ အချစ်သီချင်းတွေ များတယ်ဆိုတာက ဘ၀သီချင်းရေးဘို့ အရည်အချင်းမရှိသေးလို့ပါ ..။ အချစ်သီချင်းမှာတောင် Level က Zero ဖြစ်နေသေးတာ..။ ဘ၀သီချင်းကတော့ လိုပါသေးတယ် ...
အမ ကို ဒီလို သီချင်းတွေလုပ်ဖို့ သင်ပေးတဲ့သူကော ရှိလား…။ရှိရင်လည်းပြောပြပါဦး . . .?
သင်ပေးတဲ့သူက တစ်ဦးတစ်ယောက်ရယ်လို့မရှိပါဘူး ...။ ကိုယ်က သိချင်တာတွေ အကုန်လိုက်မေးရတာပေါ့နော်..မေးသမျှလဲ အကုန်လုံးက စိတ်ရှည်လက်ရှည်ရှင်းပြကြပါတယ်..။ အခုလက်ရှိမှာတော့ အသံပိုင်းဆိုင်ရာကော Vocal Note တွေကော ဂစ်တာတီးခတ်ပုံက အစ သင်ပေးနေတာ Pempo က ကိုခိုင်ထူးပါ.။ ရန်ကုန်ရောက်ရင်တော့ အမြဲ အဲဒီမှာသွားသင်ပါတယ်.။
ဟုတ်ကဲ့ပါ ။ အမ အနေနဲ့ RNB အပေါ် မြင်တဲ့ Image လေးပြောပြပါလား . . .?
R&B ဆိုတာက Rhythm & Blue ပေါ့ . soft ဖြစ်တဲ့ အဓိပ္ပါယ်ရတယ်..။ 1940 လောက်မှ စပေါ်လာတဲ့ Music အမျိုးစားတစ်ခုပေါ့နော် Music based က Urbane,Rocking, Jazz R&B မတိုင်ခင်ကတည်းက Electric blues doe, Gospel, Soul music အဲ့ဒါတွေရှိသေးတယ်..။ အများကြီးပဲပေါ့နော် ..။အမှန်တိုင်းဝင်ခံရရင် အရင်ကဆို Music အမျိုးအစားတွေ ဘယ်ဟာက ဘယ်လိုဆိုတာမသိဘူး အခုထိလဲ မခွဲတတ်တာတွေရှိသေးတယ် Music အမျိုးစားများစွားထဲက တစ်ခုပေါ့နော် လောလောဆယ်တော့ အိုက်လိုနားလည်ထားပါတယ် ..။
အမ Personal နည်းနည်းလောက်မေးမယ်နော် . . .။ အမ ရဲ့အချစ်ရေးလေး က ?
ဟုတ် ကဲ့ မေးပါ..။ အချစ်ရေးလေး က၊ ခ၊ ဂ၊ ဃ၊ င အပိုင်းလိုက်ဖြေရမှာလား ဟီးးးးးးးးး မောင်လေးက အချစ်ရေးလေး က ဆိုပြီးမေးလို့ ခ၊ ဂ၊ ဃ၊ င .... :P ဒီလိုပါပဲ မချစ်တတ်သေးဘူးလို့ထင်တယ် ကျန်တာတော့ မသိဘူး
အမ သီချင်းတွေ ကို ကော ဘယ်သူတွေရေးပေးသေးလဲ . . .။ အမ ကိုယ်တိုင် ရေးတာလား . . .?
ဟုတ် အမ သီချင်းတွေက တော့ အမ ကိုယ်တိုင်ရေးထားတာပါ..။ Feat ကို လဲ ကိုယ်တိုင်ရေးဖြစ်ပါတယ် ..။ Baby Only With U နဲ့ New My Heart Beat ကတော့ TG ရေးပေးတာပါ...။ နောက်ထွက်မယ့် သီချင်းတစ်ပုဒ်တော့ရှိတယ် အိုက်သီချင်းလေးကိုတော့ ကိုကြည်သာ ကရေးပေးထားပါတယ်..။
International အဆိုတော်တွေထဲမှာကော ကြိုက်တဲ့သူရှိလား ?
ဟုတ် ရှိပါတယ်.။
ပြောပြပါဦး ?
Rihanna, Park Boom, Demi Lovato, ရယ် ကြိုက်ပါတယ်.။
အမ သီချင်းတွေကို RNB မဟုတ်ဘဲ တခြားပုံစံဆိုဖို့ အစီအစဉ်ရှိလား?
ဟုတ် ရှိပါတယ်...။ အသစ် အသစ်ပေါ့နော် ကြိုးစားနေပါတယ် R&B ထဲကတော့ မထွက်ပါဘူး အိုက်ကနေမှ အသစ် ပုံမျိုးပေါ့ နော်
Solo ထွက်ဖို့ကော အစီအစဉ်ရှိလားမသိဘူး ?
ကြိုးစားနေပါတယ်...။ သေချာပေါက် ထွက်နိုင်အောင်...
ဟုတ်ကဲ့ပါ . . . အခု လတ်တလော အနုပညာ လှုပ်ရှားမှု လေး ပြောပြပါဦး ?
အနုပညာလှုပ်ရှားမှုကတော့ သီချင်းအသစ်လေးတွေ ကြိုးစားထားပါတယ် *ဂျစ်ပစီရဲ့မင်းသမီး* ဆိုတဲ့သီချင်းလေးကို သွင်းထားပါတယ်... ။ Bay Gyi နဲ့ MC Yan Yan က ကူညီပေးထားပါတယ်..။ နောက် ပြီးတော့ G Fam က ကိုကြည်သာနဲ့ အသည်းကွဲသီချင်းလေး တစ်ပုဒ်တွဲလုပ်ထားပါတယ်.. Doe Doe က Beat တီးထားပေးပါတယ်။ Solo အနေနဲ့ တော့ မင်းကြောင့် ဆိုတဲ့သီချင်းလေး တစ်ပုဒ်သွင်းထားတယ်...။
အမ သီချင်းတွေထဲမှာ ကော ဘယ်သီချင်းတွေအကြိုက်ဆုံး လဲ မသိဘူး ?
အကို MHL နဲ့ဆိုတဲ့ အနားမှာနေချင်တယ် ဆိုတဲ့သီချင်းလေးအကြိုက်ဆုံးပါ...။ နောက်တစ်ပုဒ်ကတော့ အခု *ဂျစ်ပစီရဲ့မင်းသမီး* ဆိုတဲ့သီချင်းလေးပါ..။
အမ အနေနဲ့ ကျွန်တော် တို့ Myanmar Hip Hop Channel အပေါ်အမြင်လေးပြောပြပါလား?
အရမ်းအောင်မြင်တဲ့ ဆိုဒ်တစ်ခုပါ..။ ဒီဆိုဒ်က Underground ကလူငယ်တွေအတွက် ရပ်တည်ခွင့်တစ်နေရာ ပေးထားတယ်လို့ မြင်ပါတယ်သီချင်းတွေ အများကြီး ဒေါင်းလို့ရတာပေါ့ တတ်သစ်စလူငယ်တွေအတွက် အရမ်းအကျိုးရှိပါတယ်..။MHC Forever !!!!! ...
ဟုတ်ကဲ့ . . . အမ ကို ချစ်တဲ့ ပရိသတ်ကြီး အတွက် စကားလက်ဆောင်လေး ပြောပါဦး ?
ဟုတ် ... နောက်ထွက်မယ့် သီချင်းလေးတွေကိုလဲ အရင်ထွက်ခဲ့တဲ့ သီချင်းလေးတွေလိုပဲ အားပေးကြပါဦးလို့...။နောက်ပြောချင်တာက Air Air က Underground က လာတာပါ.။ Air Air သီချင်းမှမဟုတ်ပါဘူး Air Air တို့လို့ သီချင်းဖန်တီးနေတဲ့ သူတွေ အားလုံးရဲ့ သီချင်းတွေကို ပရိတ်သတ်ကြီးက နှလုံးသားနဲ့ နားထောင်ပေးပါလို့ ..။ နှလုံးသားနဲ့ နားထောင်တဲ့ သီချင်းတိုင်းက လှနေမှာပါ..။ တချို့ အခုမှစကြိုးစားနေတဲ့ လူငယ်လေးတွေရှိပါတယ် အဲအဲတို့လိုပေါ့ သူတို့မျှော်လင့်ချက်လေးတွေ မပျက်သွားအောင် ပရိတ်သတ်ကြီးက နှလုံးသားနဲ့ နားထောင်ပြီး အားပေးကြပါလို့...။
အမ ကို ဆက်သွယ်လို့ ရမယ့် G mail ဒါမှမဟုတ် Facebook လေးရှိရင်ပြောပြပါ လား …။
ကျွန်တော် MHC ကနေ အမ ကို ဒီထက်မက အောင်မြင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်နော် ။
ဟုတ် တောင်းပေးတဲ့ဆုလေး ပြည့်ပါစေလို့* Air Air ကို Underground မှာ ရပ်တည်ခွင့် တစ်နေရာပေးတဲ့ MHC ဒီထက်မက အောင်မြင်ပါစေလို့ ပြန်ဆုတောင်းပေးပါတယ်.။
ဟုတ်ကဲ့ . . . အခု လို ကျွန်တော်တို့အတွက် အချိန်ပေးပီးဖြေကြားတဲ့ မ အဲအဲ ကို ကျွန်တော် တို့ MHC မှ အထူးကျေးဇူးတင်ရှိပါတယ် . . .။
ဟုတ် အဲအဲ ကို အချိန်ကုန်ခံ ပြီးမေးခွန်းတွေမေးတဲ့ MHC ကိုလဲ ကျေးဇူးများကြီး တင်ပါတယ်။
Comments
Post a Comment
ဝေဖန်မှုတွေကို ကြိုဆိုလျက်ပါ...