ဆို၊ က၊ ရေး၊ တီးပြိုင်ပွဲမှာ ရွှေရအောင် ကြိုးစားမယ့်ရသ

ရသက ဆိုကရေးတီးပြိုင်ပွဲကို ရန်ကုန် တိုင်းဒေသကြီးကိုယ်စားပြုသွားရောက်ယှဉ် ပြိုင်ဖို့ အောက်တိုဘာ ၁၅ ရက်နေ့က နေ ပြည်တော်ကို သွားရောက်ခဲ့ပါတယ်။ ပြိုင်ပွဲ မတိုင်မီ ရသရဲ့ရင်ခုန်သံကို တီးခေါက်ကြည့် တော့ ”ကျွန်တော့်ဘဝမှာ ကျွန်တော်လုပ်ခဲ့တဲ့ အရာတွေက စိန်ခေါ်မှုတွေကို ရွေးချယ်ပြီး လုပ်ခဲ့တယ်။ ဒီပြိုင်ပွဲပြိုင်တာက လည်း ကျွန်တော့်အတွက် အဆိုတော်တစ်ယောက်အနေနဲ့ တာဝန်ကြီးပါတယ်။ နောက်ပြီး ကျွန်တော့်မှာလည်း ကျွန်တော့် ရည်ရွယ်ချက်တွေ အများကြီးရှိပါတယ်။ ပညာရေးစနစ်မှာ ဂီတကို ထည့်သွင်းလို့ရရင် အဆင်ပြေမှာပါ။ တစ်နှစ်မှာ ကလေးတစ်ယောက်က နှစ်ပုဒ်လောက်ပဲရရ ဆိုတာမကောင်းရင်တောင်မှ

ခံစား တတ်အောင် လုပ်သင့်တယ်။ ဒီလိုထိန်းမှပဲ ကျန်မှာပဲ။ ခုလို ဆိုကရေးတီးက တကယ်ကောင်းပါတယ်” လို့ ပြောပါတယ်။
ပြိုင်ပွဲအတွက် ဘယ်လိုပြင်ဆင်မှုတွေနဲ့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု ဘယ်လောက်ရှိ နေပြီလဲဆိုတာကိုတော့ ရသက ”ဒီပြိုင်ပွဲ ပြိုင်ဖို့လုပ်နေတဲ့ ကာလတစ်လျှောက်လုံး တခြားဘာအလုပ်မှ လက်မခံဖြစ်ဘူး။ တခြားအလုပ်တွေ သီချင်းရေးဖို့အပ်ထားတာတို့၊ ဘာတို့ အကုန်လုံး ဒီအတိုင်းပုံထားတာ။ အားလုံးကိုနားပြီး ဒီအလုပ်ကိုလုပ်ရတာ။ တာဝန်လည်းကြီးပါတယ်။ ကျွန်တော် အကောင်းဆုံးဖြစ်အောင် ကြိုးစားမှာပါ။ ကိုယ့်ကိုယ်ကိုယ် တအားကြီးလည်း ယုံမ ထားသလို ဘာကိုမှလည်း ပုံသေတွက်မထား ဘူး။ ဒါပေမဲ့လည်း ကျွန်တော်ရွှေရအောင် ကြိုးစားမှာပါ။ ကျန်တဲ့ ပြည်နယ်နဲ့တိုင်း ဒေသကြီးတွေက လူတွေလည်း ဒီလိုစိတ်မျိုးနဲ့ပဲ တက်လာမှာပါ။ ခု သီချင်း ၈ ပုဒ်ထဲက မဲနှိုက်ပြိုင်ရမှာဆိုတော့ အပိုင်ဆုံး သီချင်းရယ်လို့တော့ ပြောလို့ မရဘူး။ အကုန်လုံးကိုပိုင်အောင် လုပ်ထားရတယ်” လို့ ပြောပါတယ်။
ရဲရဲ

via popular news

Comments