Interview With ရွယ်ရွယ်
ရွယ်: ဟုတ်ကဲ့
မင်္ဂလာပါရှင်
မေး: အရင်ဆုံးရွယ်ရွယ်ရဲ့နာမည်အရင်း ကိုပြောပြပေးပါဦး
ရွယ်: ရွယ့်နာမည်အရင်းကတော့ ဖြူဖြူပိုင်ပါ..
မေး: ဟုတ်ကဲ့..ပညာအရည်အချင်းနဲ့မွေး သက္ကရာဇ်ကရော.
ရွယ်: ရွယ် ဒုတိယနှစ်(မြန်မာစာ) နဲ့ကျောင်းခဏနားထားတယ်ရှင့်. မွေးနေ့  ကတော့ (၃၁.၇.၁၉၈၉) ပါ
မေး: ဟုတ်ကဲ့ပါ
ရွယ်ရွယ်အနေနဲ့.ဒီသီချင်းလော က.ကို.ဘယ်အချိန်ကစတင်ဝင်ရောက်လာ ခဲ့သလဲဆိုတာသိပါရစေ.
ရွယ်: ရွယ် ၀ါသနာပါခဲ့တာတော့ ၆ တန်းလောက်ကတည်းကပါ.. ဒါပေမယ့် UG လောကထဲ ကို စပြီးဝင်ခဲ့တာ ၅ လပိုင်း၂၀၁၁ လောက်က ပဲ သိပ်မကြာသေးပါဘူး
မေး: ဟုတ်ကဲ့
လက်တွဲခေါ်ခဲ့သူတွေများရှိသေး လား
ရွယ်: ဟုတ်ကဲ့ အရင်ဆုံး Mc yan yan . Mc Bay gyi တို့ Mc wailin တို့ နဲ့ စ ပြီး လက်တွဲဖြစ်တယ်
သူတို့ ကပဲ လက်တွဲ ခေါ်ခဲ့တာ ပါ
မေး: ဟုတ်ကဲ့
ရွယ်ရွယ်အနေနဲ့ပထမဆုံးဆိုတဲ့ အခါမှာဘယ်လိုအခက်အခဲမျိုးကြုံရေ သးလဲ..
ရွယ်: ပထမဆုံးဆိုတဲ့ အချိန်တုန်းကတော့ .. အခက်ကတော့ရှိပါတယ်.
ကီးချိန် ရတာ အခက်အခဲရှိတယ်.
ရွယ်က ဘယ်သံတွေဆို သိပ်မပိုင်ဘူးလေ.
အဲ့တော့ ကီးချိန်ရတာ . အခက်အခဲလေးတော့ရှိပါတယ်.
မေး: ဟုတ်ကဲ့.ရွယ်ရွယ်ကိုပရိတ်သတ်တွေ သတိထားမိသွားတဲ့သီချင်းကိုရေြာေ ပာပြပေးပါလား
ရွယ်: ဟုတ်ကဲ့ .. သတိထားမိသွားတဲ့ သီချင်းတွေတော့ရှိပါတယ်. ဝေလင်းရေးပေးတဲ့သီချင်း (တိတ်တခိုးလေး)ရှိမယ်. ပြီးတော့ ရန်ရန်နဲ့ ( Magical Love) ပြီးတော့ဗေကြီး ရေးပေးတဲ့ ( အလွမ်းနဲ့တမ်းချင်း) အဲ့သီချင်းလေးတွေ နဲ့ .. စခဲ့ တယ် လို့ပြောလို့ရပါတယ်..
မေး: ဟုတ်ကဲ့
ရွယ်ရွယ်ရဲ့သီချင်းတွေထဲက.အြ ကိုက်ဆုံးသီချင်းလေးတစ်ပုဒ်ကိုေ ရွးပေးလို့ရမလား
ရွယ်: အကြိုက် ဆုံးဆိုပြီးတော့ တော့ မရွေးတတ်ဘူးရှင့် ..သီချင်းအားလုံးကိုတော့ ကြိုက်ပါတယ်..
ခုနပြောတဲ့သီချင်းလေးတွေ တော့ နားထောင်ရတာ ရော ဆိုရတာရော အဆင်ပြေခဲ့ပါတယ်
မေး: အခုရော..ရွယ်ရွယ်အနေနဲ့..ပရိတ် သတ်ကိုဘယ်လိုပုံစံမျိုးတွေနဲ့ချ ပြမယ်လို့စိတ်ကူးထားသေးလဲ..
ရွယ်: အခုက R&B ပုံစံလေးတွေ ထဲမှာ အချစ်သီချင်းအလွမ်းသီချင်း အဲ့ပုံစံလေးတွေ က လူကြိုက်များကြတယ်လေ. ရွယ်က ပိရိတ်သတ်ကို မရိးမဆန်းပုံစံလေးတွေ နဲ့ လုပ်ဆောင်သွားမှာပါ..
မေး: ဟုတ်ကဲ့..အများပြောနေတဲ့R&B အပေါ်မှာရော..ရွယ်ရွယ်အနေနဲ့ဘယ် လိုသဘောပေါက်ထားလဲ.
ရွယ်: ရွယ်က R&B ကိုတော့ အများကြီးနားမလည်ထားဘူး.. ရွယ်က အမှန်ဆို PoP ကို ကြိုက်တယ်.. အေးအေးလေးတွေပေါ့.. ရွယ့်အသံနဲ့ကလည်း အရမ်းမြူးမြူးကြီးတွေ ဆို မလိုက်ဘူးရှင့်..
မေး: ဟုတ်ကဲ့..လတ်တစ်လော.ရော.ဘာသီချ င်းးတွေထွက်ဖို့ရှိသေးလဲ..ဘယ်သူ တွေနဲ့ရောတွဲဆိုဖို့ရှိသေးလဲ. တစ်ကိုယ်တော်အခွေအတွက်ကြိုးစားေ နတယ်လို့လည်းသတင်းကြားထားပါတယ်. .အဲ့ဒါကရော..ဟုတ်ပါသလား..
ရွယ်: အခုတလောကတော့ ရွယ် သီချင်းတပုဒ်လုပ်ဖို့ရှိပါတယ်. ရွယ်ကိုယ်တိုင်ရေး တာပဲ.အတွဲသီချင်းကတော့ ဝေလင်း နဲ့ Untitle Miss ကို အလန်းလေး ပြန်လုပ်ဖြစ်မှာပါ.. တကိုယ်တော် အခွေကတော့ အခုရွယ်သီချင်းတွေ စုနေတယ်. နောက်နှစ် ပိုင်းလောက်မှလုပ်ဖြစ်မယ်
မေး: ဟုတ်ကဲ့..
ရွယ်ရွယ်ရဲ့သီချင်းတွေအားလုံးကကိုယ်တိုင်ရေးတာပဲလား.
ရွယ်: သီချင်းတွေ အားလုံးတော့မဟုတ်ပါဘူး.. နောက်ပိုင်းအတွဲ သီချင်းတွေ ကို တော့ မယ်လိုဒီ အပိုင်းကိုရွယ်ရေးတာပါ.. Rap ကတော့ ရန်ရန် ပဲ ရေးတာပါ..
မေး: ဟုတ်ကဲ့...ရွယ်ရွယ်ရဲ့နှလုံးသား ရေးရာကိစ္စလေးလည်းနည်းနည်းလောက်ေ ပြာပြပါဦး
ရွယ်: ဟုတ်ကဲ့ .. ရွယ်က ချစ်ခဲ့ဖူးပြီးပြီ. သူက တော့ ဒီ လောက ထဲမှာမရှိတော့ပါဘူး. ရွယ့်ကိုလည်း အရိပ် ကလေးတခု အနေနဲ ပဲ သူစောက်ရှောက်နိုင်လိမ့်မယ်ထင် တယ်.. ရွယ်က သူနဲ့အတူ ရွယ့်နှလုးသားတခြမ်းကို အပိုင်ပေးလိုက်ပြိလေ.
အခုလက်ရှိကတော့ .. မစဉ်းစားဖြစ်သေးဘူး.. မေ့ ဖို့ခက်လို့ ပါ
မေး: ဟုတ်ကဲ့..ရွယ်ရွယ်အနေနဲ့.ပြည်တွ င်းပြည်ပမှာ..အားကျလေးစားတဲ့အဆိုတော်တွေကိုပြောပြပေးပါဦး
ရွယ်: ပြည်ပ မှာဆိုရင်တော့ ရွယ် Mariah Carey ကိုအကြိုက်ဆုံးပဲ. သူ့ သီချင်းတွေထဲက (Bye Bye )တို့ ( Angel Cry ) တို့ဆို အရမ်းကြိုက်တာ ..ပြည်ပ မှာတော့ (မတင်ဇာမော်)က ရွယ့်ရဲံ့  Crazy Singer ပါ
မေး: ဟုတ်ကဲ့..ရွယ်ရွယ်ပရိတ်သတ်တွေကိုရော.စကားလက်ဆောင်လေးပြောပေးပါ ဦး
ရွယ်: ဟုတ်ကဲ့ . ရွယ်က မကြာသေးခင်က မှ ဒီ လောကထဲဝင်လာတာဆိုတော့. ရွယ့်သီချင်းတွေကိုနာေးထာင်ရင်း ရွယ့်ကိုအားပေးပါလို့ ..
နောက်အခွေ
ထွက်ရင်လည်း အားပေးပါလို့ 
မေး ကျွန်တော်တို့MHC ဆိုဒ်အပေါ်မှာမြင်တဲ့အမြင်လေးကို လည်းပြောပါဦး
ရွယ်: ဒီဆိုဒ်လေးက အလွန်ကောင်းပါတယ်. အခု UGမှာ ရှိနေတဲ့ သူတွေ ရဲ့ သီချင်းတွေကိုလည်း လွယ်လွယ်ကူကူဒေါင်းလို့ရတယ်. ကောင်းပါတယ်..
မေးရွယ်ရွယ်ရဲ့ Gtalk account နဲ့ FaceBook Account ကိုလည်းပြောပြပေးပါဦး..ဆက်သွယ် ချင်တဲ့ပရိတ်သတ်တွေအတွက်ပေါ့
ရွယ်: ဟုတ်ကဲ့ပါ. ရွယ့်ဂျိတော့ အကောင့်ကတော့ (bigheat3@gmai.com )ပါ ဖေ့ဘွတ်အကောင့်ကတော့ (http://www.facebook.com/ pages/Ywal-Ywal/ 143119752413234) Ywal Ywal နာမည် နဲ့ လည်း ရှာလို့ တွေ့ နိုင်ပါတယ်.
မေး ကျွန်တော်တို့မေးတဲ့မေးခွန်းတွေ ကိုအခုလိုဖြေကြားပေးတဲ့ရွယ်ရွယ် ကိုကျေးဇူးတင်ပါတယ်. ဒီထက်မကအောင်မြင်ပါစေလို့လည်းကျွန်တော်တို့MHC ကနေဆုတောင်းပေးလိုက်ပါတယ်
ရွယ်: ဟုတ်ကဲ့ ရွယ်လည်း ပဲ MHC ကို အားကြီး ကျေးဇူးတင်ပါတယ်. ဒီ အင်တာဗျူးလေးကို ဖတ်နေတဲ့ သူငယ်ချင်းအားလုံးကိုလည်းကျေးဇူးတင်ပါတယ်
Comments
Post a Comment
ဝေဖန်မှုတွေကို ကြိုဆိုလျက်ပါ...