ဒီသီချင်းလေး နားထောင်လို့ကောင်းတရ် ... (း
မနေ့ကလိုပဲ (BAsEd On TruE StORy)
ရေး - ရဲမြတ်/ကျော်ဇင် ဆို - ကျော်ရဲနိုင်၊ဆုသက်ငယ်၊ကျော်ဇင် ၊ရဲမြတ်
ပြန်လိုချင်တယ် မင်းရဲ့အနမ်းလေး ရင်ခုန်စေတယ့်မင်းရဲ့နှုတ်ခမ်းလေး ပြန်မြင်ယောင်နေ မနေ့ကလိုပဲလေ ရင်ခုန်သံတွေတကယ်ပါဝေးခဲ့ ပျော်စရာအချိန်ဟာ တကယ်ခဏလေးပဲ ပြန်လိုချင်တယ် မနေ့ကလိုပဲလေ ရင်မှာလွမ်းလို့ငါ စောင့်နေဆဲပါ ချစ်တယ့်သူ မင်းတစ်ယောက်တည်းသာ ပြန်ဆုံချိန်တွေကို တမ်းတနေဆဲလေ တကယ်ပါ အလွမ်းများက နှိပ်စက်ဆဲပါ
မင်းမရှိတယ့် နေ့ရက်များစွာ ဟိုအရင်အချိန်တွေကို နှမြောလို့နေဆဲလေ
ရာသီတွေပြောင်းလဲ ရင်ခုန်သံတွေ ဟောင်းလဲ ထာဝရအမြဲ မင်းအတွက် ကိုယ်ရှင်သန်မယ်
အခြေအနေတွေပြောင်းလဲ တစ်နေရာစီဝေးလဲ အစဉ်သာပဲ အချစ်က နင်တစ်ယောက်တည်း
အရယ်ရပ်သွားကာနွမ်းခဲ့ရတဲ့ ဘယ်ဘက်ပါးကအနမ်းလည်း
ငါ့ရဲ့ရင်မှာ ခုချိန်ထိ ပယ်ပျက်မသွားပါ လွမ်းဆဲ
တကယ်ထွက်သွားတာမှန်းလဲသိတော့ ကြိတ်ကာကြေကွဲ
ဝေးနေရမဲ့ အချိန်တွေကိုငါ စိတ်နာနေအမြဲ
အတိတ်မှာလေလည်း ပြောခဲ့ကြတဲ့ ချိုသာတဲ့စကားတွေ
နင်မရှိတော့တဲ့ ဘ၀ရဲ့လမ်းမှာ ငိုကာလည်းသွားနေ
ဘိုင့်ဘိုင့်ဆိုတဲ့ နှုတ်ဆက်စကားက မလိုတမာပဲခါးနေ
နင့်ရဲ့အကြောင်းကို ရေးကာစပ် ဆိုတာလည်းကြားစေ
နှစ်ယောက်အတူတူပျော်တဲ့အကြောင်းတွေ စဉ်းစားလိုက်တိုင်း အတွေးကငို
ငါ့ရဲ့ရင်မှာ တမြည့်မြည့်နဲ့ ပြန်မြင်ယောင်တယ် မနေ့ကလို
ရေးချဆို တေးအလှကို နင့်အတွက်ငါလေ စပ်ထားကာ
ငါ့ဘ၀ကိုပိုင်စိုးတဲ့ နင်ကငါ့အတွက် နတ်ဘုရားပါ
ရက်များစွာ ခေါက်ခဲ့ရတဲ့ နင့်ကိုပေးမယ့် ကြိုးကြာဘူးလည်း
ပေးမယ့်နေ့မှာ နင်ထွက်သွားတော့ ငါတစ်ယောက်တည်း ဆွေးကာရူးဆဲ
အချစ်နာကျတဲ့ ဒဏ်ရာနဲ့ ကုသရာမဲ့ ဆေးဟာမထူးလည်း
ငါ့နှလုံးသားမှာ မေ့လို့မရ နင်တစ်ယောက်ပဲ အရေးပါဘူးတယ်
ရာသီတွေပြောင်းလဲ ရင်ခုန်သံတွေ ဟောင်းလဲ ထာဝရအမြဲမင်းအတွက် ကိုယ်ရှင်သန်မယ် အခြေအနေတွေပြောင်းလဲ တစ်နေရာစီဝေးလဲ အစဉ်သာပဲ အချစ်က နင်တစ်ယောက်တည်း
ကမ္ဘာမြေရဲ့ တစ်ဖက်တစ်ချက်ဆီ ဝေးကွာလို့သွားလဲ
တစ်နေ့နေ့မှာ ကိုယ့်အနားပဲ ပြေးကာ ခိုနားလှည့်
ရေးကာဆိုထားတယ့် သီချင်းတွေ Mail မှာ ပို့ထားတယ်
နင့်ကိုလွမ်းရင်းနဲ့ မျက်ရည်ဝဲခဲ့ အဆွေးကမ္ဘာ တို့ကြားထဲ
အချစ်စစ်ဆိုရင် မဝေးနိုင်ပါဘူး ရှေးစာဆိုစကားလဲ
နင့်ရဲ့အကြောင်းကလွဲပြီးတော့ မတွေးပါ အပိုများလဲ
ခိုင်လွန်းတယ့် ငါ့မျက်ရည်တောင် နင့်အကြောင်းတွေးတိုင်း ပြိုသွားခဲ့
ပြန်လာမယ်ဆိုတယ့် စကားတစ်ခွန်း ကြားနေမိခဲ့ ကိုယ့်နားထဲ
ငါဘယ်လိုမေ့နိုင်မှာလဲ ပျော်စရာကောင်းတယ့် အတိတ်ဘဝကို
ဖြူစင်တယ့် နင့်ရဲ့ အပြုံးက ဂန္ဒဝင်ဆန်အောင် သိပ်လှလို့
နင့်အကြောင်းကိုတွေးမိတိုင်း လည်း အလွမ်းတွေပြည့်ကြပ် အိပ်မရလို့
ငါမရှိတယ့် ရေမြေခြားမှာ နင့်ကို တစ်ယောက်တည်းစိတ်မချလို့
လွမ်းလွန်းလို့ အရောက်ပြန်ခဲ့ပါ ချစ်သူ ငါ့ရဲ့ဘေးနားကို
ဘဝတစ်လျှောက်လုံး နင်ပျော်စေဖို့ ငါ့အချစ်တွေနဲ့ ဖေးမလို့
ဘုရားမှာတိုင်တည် ဆုတောင်းဆဲ နောက်တစ်ခါ နင်နဲ့ဝေးမသွားဖို့
ဆက်ပြီးတော့ ရှင်သန်နေဆဲ ငါ့အချစ်တွေက မနေ့ကလို
ဖျောက်မရတယ့် အိပ်မက်ကလေးတွေ လွမ်းလွန်းလို့ ငါ့ရင်မှာ ဆွေးနေ ဟိုးအတိတ်က ပျော်စရာလေးများ စဉ်းစားရင်းနဲ့ ရင်မှာနွေးနေ ပေါင်းဖက်ဖို့ အရင်က အတွေးတွေ ပေးခဲ့ဖူးတယ့် အကြင်နာလေးတွေ
နောင်တစ်ချိန်မှာ နီးစပ်ဖို့အတွက် တို့တဒင်္ဂဝေးနေ ....
Chorus x 2
~~~~~~THE END~~~~~~
Download this song with minus.
Download this song with mediafire.
Comments
Post a Comment
ဝေဖန်မှုတွေကို ကြိုဆိုလျက်ပါ...