မကြာခင်လပိုင်းလောက်က ဟစ်ဟော့ပ်အကြောင်း ဟောပြောခဲ့တဲ့ အနဂ္ဂ က သူ့အနေနဲ့ ဟစ်ဟော့ပ်အကြောင်းကို စာရေးပြီးစာအုပ်အဖြစ်ထုတ်ဝေဖို့ တော့ အစီအစဉ် မရှိသေးပါဘူးလို့ပြောပါတယ်။ စာအုပ်တစ်အုပ်ဖြစ်ဖို့ အနေနဲ့ရော ကိုယ်ရေးတဲ့စာအုပ်ကို သူများတွေဖတ်တဲ့ အခါအချက်အလက် စုံလင်စွာဖြစ်ဖို့ အတွက်ပါ ပြင်ဆင် ရဦး မှာဖြစ်ကြောင်း အနဂ္ဂကပြောပါတယ်။ မြန်မာနိုင်ငံမှာဟစ် ဟော့ပ်နဲ့ပတ်သက်တဲ့စာအုပ်တစ်အုပ်ရှိသင့်ပြီလို့ ထင်မိလားလို့ အနဂ္ဂကိုမေး ကြည့်တော့” ရှိသင့်ပြီလို့ ထင်ပါ တယ်။ ဟစ်ဟော့ပ်ဒီကိုစရောက်လာတာ ကို စာမျက်နှာ ၁ဝ မျက် နှာ၊ ၁၅ မျက်နှာလောက်နဲ့ ပြောလိုက်ရင် အဆင်ပြေပါတယ်။ဒါပေမဲ့ဟစ်ဟော့ပ်ရဲ့
အဓိပ္ပာယ်၊ဟစ်ဟော့ပ် ကဘာကြောင့်ဖြစ်ပေါ်လာတယ်ဆိုတာတွေ၊ ဟစ်ဟော့ပ်နဲ့ပတ် သက်တာတွေကို အကုန်လုံးပြောရမယ်ဆိုရင် စာမျက်နှာ ၂ဝဝ စာလောက်ပြောမှပဲအဆင်ပြေမှာပါ။ ဒါတောင်တချို့အပိုင်း တွေလိုနေတာတွေရှိမယ်။ ဒါကြောင့်ကျွန်တော် ကိုယ်တိုင်စိစိ စစ်စစ်လုပ်ပြီးတော့မှပဲ စာအုပ်ထုတ်ဖို့စဉ်းစားမှာပါ။ ဟောပြောပွဲ အတွက် ဟစ်ဟော့ပ်အကြောင်းပြင်ဆင်ရင်းနဲ့ပိုသိ လာတာ တွေလည်းရှိပါတယ်”လို့ပြောပါတယ်။ အနဂ္ဂရဲ့တစ်ကိုယ်တော်အခွေကလည်း လုပ်နေတာ တစ်နှစ်လောက် ကြာသွား ပြီဖြစ်ပြီး မကြာခင်လပိုင်းအတွင်း မှာ ထွက်နိုင်အောင်ကြိုးစားနေပြီး အခွေရဲ့ခေါင်းစဉ်ကိုတော့ ‘လူတိုင်းသိတယ်’လို့နာမည်ပေးထားတယ်။’လူတိုင်းသိတယ်’ ဆိုတဲ့ ခေါင်းစဉ်သီချင်းကအချစ်သီချင်းလေးတစ်ပုဒ်ဖြစ်ပါ တယ်။”ဒီသီချင်းလေးကကျွန်တော်ဆိုပြချင်တဲ့ပုံစံ၊ကျွန်တော် သွားချင်တဲ့ပုံစံတစ်ခုကို ဆိုပြတာပါ။ နောက်ပိုင်း မှာလည်း ကျွန်တော်သွားချင်တဲ့ပုံစံတစ်ခုမှာ တခြားအကြောင်းအရာ တွေနဲ့ ရေးဖြစ်ဦးမှာပါ”လို့ အနဂ္ဂကပြောပါတယ်။ ‘လူတိုင်းသိတယ်’ ဆိုတဲ့သီချင်းက သူတို့ နှစ်ယောက် ရဲ့အကြောင်းအရာလေးတွေလည်း ပါမှာဖြစ်သလို၊ တချို့ အကြောင်းအရာတွေကလည်း သီချင်းခံစားချက်အပေါ်မှာ စီးမျောပြီးလိုက်ရေးထား တာတွေ လည်းပါပါတယ်လို့အနဂ္ဂက ပြောပါတယ်။
လင်းအက္ခရာ
@popular news journal
Comments
Post a Comment
ဝေဖန်မှုတွေကို ကြိုဆိုလျက်ပါ...