မုန်းဖို့မလွယ်လို့
Vocals - Super Singer
သိပ်ကိုလွမ်းနေပြီ၊ ဒီရင်ခွင်မှာ ဟာတာတာနဲ့နေရသိပ်ခက်တယ်။ သိပ်ကိုချစ်နေပြီ၊ ဒီိချစ်သူတို့ပျော်ရွှင်စွာနဲ့ ပေါင်းကြရပါစေ။
မနက်မိုးလင်းတိုင်း အနမ်းလေးပေးကာ အမြဲနှိုးချင်တယ်။ ကြင်နာသူရယ်၊ ငါအပြုံးတွေနဲ့ စောင့်နေမယ်။ ဘ၀တစ်ခုလုံးအတွက်ရည်မှန်းခဲ့တယ်။ ဒီကောင်မလေးတစ်ယောက်
မိဘအသိုင်းအ၀ိုင်းကြား၊ ကြင်နာသူနင် ဗျာများရပြီလား။ ယုံကြည်နေပါ ကိုယ့်ရဲ့ချစ်ခြင်းများက မဟာတံတိုင်းကြီးလိုပဲ။
မုန်းဖို့မလွယ်လို့၊ မေ့ဖို့ဆိုပိုဆိုး ဒီအချစ်မျိုးနဲ့ချစ်သူမို့ (အိုး အိုး) ထွက်မသွားနဲ့ဟိုအဝေး နံဘေးနားမှာနေပေး၊ ဒီလိုလေး အရမ်းချစ်တယ်ဟေး။ မောဟိုက်နေပြီလား၊ လက်လျှော့ချင်ပြီလား မဖြစ်ဘူး။ မထားခဲ့နိုင်ပါဘူး။ (အိုး ဟိုး) ဘ၀ထဲဝင်လာပေး။ All the milky way to beyond all eternity
ဒီနှလုံးသားကမင်းလေး မရှိရင်နားခိုရာမဟုတ်ဘူးလို့တော့ ငါပြောချင်တယ်။ လက်ခံကွယ်။ ငါသိတဲ့ အချစ်က တကယ်ပဲ ဆန်းကြယ်တယ်။ လက်လွှတ်လို့မရဘူး။
မျက်လုံးလေးမှိတ်ထား၊ ခဏပါပဲ ချစ်သူရာမဝေးတော့ဘူး။ ငါတို့ရဲ့သီးသန့်ကမ္ဘာ၊ ဘ၀တစ်ခုလုံးအတွက် ရည်မှန်းခဲ့တယ်။ ဒီကောင်မလေးအတွက်…
မိဘအသိုင်းအ၀ိုင်းကြား၊ ကြင်နာသူနင် ဗျာများရပြီလား။ ယုံကြည်နေပါ ကိုယ်ရဲ့ချစ်ခြင်းများက မဟာတံတိုင်းကြီးလိုပဲ။
မုန်းဖို့မလွယ်လို့၊ မေ့ဖို့ဆိုပိုဆိုး ဒီအချစ်မျိုးနဲ့ချစ်သူမို့ (အိုး အိုး) ထွက်မသွားနဲ့ဟိုအဝေး နံဘေးနားမှာနေပေး၊ ဒီလိုလေး အရမ်းချစ်တယ်ဟေး။ မောဟိုက်နေပြီလား၊ လက်လျှော့ချင်ပြီလား မဖြစ်ဘူး။ မထားခဲ့နိုင်ပါဘူး။ (အိုး ဟိုး) ဘ၀ထဲဝင်လာပေး။ All the milky way to beyond all eternity
Comments
Post a Comment
ဝေဖန်မှုတွေကို ကြိုဆိုလျက်ပါ...