လေးစားမှု-Zay ye

(လေးစားမှုမရှိတဲ့ကောင်တွေဆိုရင်အဝေးဒိုး ငါတို့ကအေးဆေး ငါတို့ကအေးဆေး
မင်းရဲ့အချိုးကခုကြတော့ကလေးအမျိုး ငါတို့ကအေးဆေး ငါတို့ကအေးဆေး
လေးစားမှု လေးစားမှု လေးစားမှု respect )
အရေးကြီးတာလေစားမှုတစ်ခု မင်းဘဝအတွက်သက်သေပြုလိုက် လျှောက်ဆဲလမ်းမပေါ်အဖုအထစ်များရင်ဆိုင်အခု၌
အာရုံတွေစူးဆိုက် ဆိုက်beat နဲ့ flow တွေအပေါ် ဘယ်တော့မှမရိုးနေသော ငါ့တို့ရဲ့ .... လေးစားမှုတစ်ခုကိုတန်ဖိုးထား
တစ်လွဲတွေလျှောက်လုပ် အဲ့ဒီလေးစားမှုနဲ့မင်းကတန်လို့လား မင်းမိဘအသိုင်းအဝိုင်းတွေက ငွေကြေးတွေနဲ့ ပံ့ပိုးသမျှ ငါတို့ကဂရုမစိုက်ဘူး အမြဲအေးဆေးပဲအမှန်ကြိုးစား မင်းတို့တွေရန်လိုတာကိုနောက်မှာထား မင်ဘောဒါချာတိတ်တွေတစ်ပြုတ်နဲ့
ဪdressing အပြည့်လျှောက်ကာသွား အဲ့ဒါတွေမြင်ရင် လူတွေမင်းကိုကြောက်မှာလား ငါတို့က respect အပြည့်နဲ့ရပ်ကွက်ထဲမြောက်ကာကြွ
အောက်မှာနေ အောက်မှာစား ကလေးကအစလေးစားမှုမရှိတော့ မင်းနာမည်ပျောက်မှာသား

ဟ JJ နဲ့အသိုင်းအဝိုင်းကရောက်လာပြီ We have a lot respect ဘယ်ကောင်မှကြောက်စရာမရှိ
(လေးစားမှုမရှိတဲ့ကောင်တွေဆိုရင်အဝေးဒိုး ငါတို့ကအေးဆေး ငါတို့ကအေးဆေး
မင်းရဲ့အချိုးကခုကြတော့ကလေးအမျိုး ငါတို့ကအေးဆေး ငါတို့ကအေးဆေး
လေးစားမှု လေးစားမှု လေးစားမှု respect )
အပေါင်းအသင်းကောင်းလို့ rapper ဖြစ်တယ် အပေါင်းအသင်းကောင်းလို့ rocker ဖြစ်တယ် အပေါင်းအသင်းကောင်းလို့ emo ဖြစ်တယ်
အပေါင်းအသင်းကောင်းလို့ လိုင်းကြောင်ဖြစ်တယ် ကျွန်နုပ်ကတော့အပေါင်းအသင်းကောင်းလို့ rapper ဖြစ်တာတဲ့
မိုက်ကိုကိုင်တဲ့ ခင်ဗျားတို့ရှေ့က MC အသစ်ပါပဲ အရိုးဆုံးစကားလုံးတွေ ပစ်ကာထဲ့ ဒီချာတိတ်ကိုချဉ်ပါတယ်
အေးဒီချာတိတ်ရဲ့အသည်းကွဲသီချင်းတွေ နားထောင်ရင်းနဲ့ ရင်ပါကွဲ ဒါတွေမေ့လိုက်တော့ ငါတို့နဲ့ခဏတာလေးတွေ့ခိုက်ပေါ့
လုပ်စရာရှိတာကိုလုပ် ပုတ်စရာရှိတာကိုပုတ် ဝုန်းစရာရှိတာကိုဝုန်း respect တွေသုံးစရာရှိတာကိုသုံး ဪပေါ်ပင်တွေခေါက်ထား
ဝုန်းစရာရှိတာကိုဝုန်း သဘောကျသွားလား ပြုံးစရာရှိတာကိုပြုံး သဘောမကျဘူးလား မုန်းစရာရှိတာကိုမုန်း လူလူချင်း respect နည်းနည်းလေးထားလိုက်
လေးစားမှုမရှိတဲ့ကောင်တွေဆိုရင်…..
(လေးစားမှုမရှိတဲ့ကောင်တွေဆိုရင်အဝေးဒိုး ငါတို့ကအေးဆေး ငါတို့ကအေးဆေး
မင်းရဲ့အချိုးကခုကြတော့ကလေးအမျိုး ငါတို့ကအေးဆေး ငါတို့ကအေးဆေး
လေးစားမှု လေးစားမှု လေးစားမှု respect )

Download This Song Here

ကိုဇေရဲရဲ့လေးစားမှုအခွေထဲက သီချင်းစာသားတွေကို ယမင်း ကပေးပို့လိုက်ခြင်းဖြစ်ပါသည်
နောက်ထပ်ကျန်တာလေးတွေ ဆက်တင်ပေးပါဦးမည်

Comments