ချစ်တဲ့သူရဲ့ အမှား

hiphop revolution mixtape ထဲကသီချင်းစာသားလေးပါ..

song name ~ Chit tae thu yae a mharr..
Vocalist ~ oakkar ( The Littl3 )
 Feat     ~ YanNaingLynn ( The Littl3 )
Lyrics by Littl3


     ချစ်တဲ့သူရဲ့အမှား

Chor1 :  ကြွေကျသွားတဲ့သစ်ရွက်လိုပဲ…ဖမ်းဆုတ်မရခဲ့ငါ့ရဲ့အိမ်မက်တွေထဲ…ကံကြမာများရယ်ခါးသီးလွန်းခဲ့..ဝေးခဲ့ပြီးမှလွမ်းလို့မငိုနဲ့.
Rap :   အချစ်တစ်ခုနဲ့စပြီးတော့အမုန်းတစ်ခုနဲ့ဆုံး…အချစ်လောကမှာဖြစ်နေကျသုံးနေရတဲ့စကားလုံး..အမုန်းမပါတဲ့အချစ်တစ်ခုကို
တည်ဆောက်ဖို့ကအခက်အခဲဆုံး…ငါ့ကိုထားသွားပြီးတော့မင်းကိုမေ့ဖို့သင်ပေးခဲ့ဦး...ငါကအရူးတစ်ယောက်လိုဖုန်းတွေဆက်     နင်ကငါ့ကိုအဆက်အသွယ်ဖြတ်..တစ်ခြားကောင်တွေနဲ့ဖုန်းတွေပြောမယ်..QတာမQတာမသိတဲ့အချက်…ငါမရှိတဲ့ငါ့ကွယ်ရာမှာပ်ချင်တိုင်းလည်းလုပ်တော့ခက်…သတင်းတွေကြားလည်းမဟုတ်ပါဘူးလို့ငါ့ကိုယ်ငါတွေးရင်းမှတ်
တိတ်ဆိတ်တဲ့ကောင်းကင်ထက်ကမိုးရေစက်တွေရွာကျ..တိမ်တွေကိုလည်းမုန်းတတ်လာပြီမှောင်မိုက်ခဲ့တဲ့ငါ့ဘဝ
နင်ဝင်ချင်တိုင်းဝင်လာခဲ့တဲ့ငါ့ရဲ့ရင်ခွင်တံခါးလေးက…ပြန်ထွက်သွားတော့ကွယ်ပျောက်သွားခဲ့..အရင်တစ်ချိန်ကနေ့ရက်များ
 ကြင်နာခြင်းနဲ့ပျော်ရွင်ခြင်းတွေရသင့်သလောက်လည်းငါမရ…သေလောက်အောင်လည်းချစ်ခဲ့ပါတယ်မင်းယုံကြည်အောင်
 ကြိုးစားသမျှ..အရူးတစ်ယောက်လိုခံစားခဲ့ငါ..မင်းမရှိတဲ့နေ့ရက်အစ..ငါတစ်ယောက်ထဲလွမ်းနေပါ့မယ်အလွမ်း
 ဇာတ်ခုံထက်က…
Chor 2: ဘာလိုလိုနဲ့ဝေးခဲ့ရတဲ့နေ့ရက်များလည်း…အရင်လိုပဲမင်းရဲ့အနားမှာ.ရှိချင်သေးရဲ့…ငါမေ့ထားလိုက်တယ်..အတိတ်က နေ့စွဲအချို့ကိုလည်း…ဘာလိုလိုနဲ့..မင်းငါ့ကိုမေ့လို့သွားခဲ့…ကြယ်ကြွေရင်လည်းငါ့ဆုတောင်းဟာအမြဲလိုမင်းပဲ…ငါကြေကွဲရင်းနဲ့..မင်းထားခဲ့တဲ့အလွမ်းဇာတ်ခုံထက်………
Rap :  မင်းရဲ့ရင်ခွင်ထက်ကတားဆီးထားတဲ့ငါ့အတွက်ပေါ့အမုန်းတံတိုင်း...မင်းရဲ့စိတ်နဲ့လုပ်ပစ်ချင်တယ်.အရာအားလုံးကို
ထင်ရာစိုင်း..မင်းလုပ်ချင်ရာလုပ်ခဲ့ပြီးတော့ငါ့ရဲ့အပြစ်ပဲဆိုတာရိုင်း…အလာကားနေရင်းမင်းကောင်တွေနဲ့ယှဉ်ယှဉ်
 ပြီးတော့လာလာနှိုင်း..လာကာမနှိုင်းနဲ့..ငါ့အတွက်တော့မင်းလေးပြီးရင်းအနုပညာ…မင်းအတွက်တော့ငါကနောက်ဆုံး..
မင်းလေးပေးတဲ့ငါ့နေရာ…ဒါပေမယ့်လည်းမမုန်းရက်ပါဘူး..အဝေးကနေလွမ်းနေမှာ..မင်းထားသွားလည်းမင်းလွဲရင်မချစ်တတ်
တာသေချာ…မင်းအတွက်တော့ငါကဘာလည်းစဉ်းစားပြန်ကာမေးကြည့်..မင်းကြောင့်ရတဲ့အချစ်
နာကိုလည်းကုစားဖို့ငါဆေးမရှိ…သေလောက်အောင်လည်းမင်းကိုချစ်တာ.မင်းကလွဲရင်ဘာမှမသိ…လူ့လောကမှာ နေထိုင်ရင်းနဲ့
အချစ်တစ်ခုကိုစူးစမ်းမိ…စူးစမ်းမိတဲ့အချစ်တစ်ခုကငါ့အတွက်တော့အမှားလား…အခြားကောင်တွေနဲ့ မင်းကပျော်ဖို့..
အပြူံးကလေးနဲ့ထားသွား…တစ်ချိန်တုန်းကပေါ့မှေးစက်ဖူးတဲ့ငါ့ရဲ့ရင်ခွင်လေးအား…သတိရရင်ပြန်ဝင် လာခဲ့အချစ်အငွေ့ အသက်လေးများ…..:
Chor1: (   )                                                                                 
Chor2: (ဘာလိုလိုနဲ့ဝေးခဲ့ရတဲ့နေ့ရက်များလည်း…အရင်လိုပဲမင်းရဲ့အနားမှာ.ရှိချင်သေးရဲ့..အကုန်ပျက်စီးပျောက်ကွယ်..
မိုးစက်တွေထဲမျောလွင့်နေခဲ့..)
Rapး နောက်ဆုံးတော့လည်းဝေးသွား…တားဆီးမရတဲ့အတွေးများ…လမ်းခွဲချင်လို့..လုပ်ဇာတ်ခင်းပြီးပုံပြင်ပြောကာအသုံးချ..လမ်းမ
ခွဲပါနဲ့..ငါကမင်းကိုတောင်းဆိုတောင်းဆိုလိုက်တိုင်းပြူံးပြ..မင်းပါးစပ်ကထွက်ကျလာမယ့်စကားလုံးရဲ့အဆုံးအစ..အမုန်းဆိုတဲ့
စကားလုံးကလွဲ..ဘာတွေဖြစ်မှာလည်း…လူတွေပြောနေကြတယ်..ဟာ..အချစ်ဦးဆိုတာလွဲ…ငါ့ရဲ့အဖြစ်ကဒီလိုပဲ..ပြန်တွေး
 ကြည့်တိုင်းအရင်လိုပဲ….လိုချင်ခဲ့သည်မင်းရဲ့အချစ်နဲ့အမုန်းမဲ့ထာဝရကမ္ဘာကိုပဲ…လိမ်ညာနေမှန်းသိရဲ့သားနဲ့..ငါကမင်းရဲ့အချစ်
မှာသာယာ…မရေးချာ..ယရေးချာ..မင်းသုံးခဲ့မာယာ…ငါ $ ရမ်းချစ်ရဲ့သားနဲ့..ငါ့ရဲ့အချစ်ကိုမစာမနာ...နောက်တစ်ယောက်နဲ့တွဲ
 လိုကိသေးတယ်..ငါ့ကိုမှမညှာမတာ…)

Chor2: (           )                                                                                  
****************
Download here.

Comments