လတ်တလောထွက်ရှိတော့မယ့် ‘ဒုံးပျံ’ အခွေမှာ လွှမ်းပိုင်ခေါင်းစားရတဲ့အပိုင်းက တော့ ဖန်တီးမှုပိုင်းပါ။ ဒီအခွေထဲက သီချင်း တွေမှာ လွှမ်းပိုင်ရဲ့ သီချင်းတွေက သူကိုယ် တိုင်ရေး၊ သူကိုယ်တိုင်တီးထားတာပါ။ အဲဒါ ကြောင့် ခေါင်းတစ်ခေါင်းတည်းက ထွက်တဲ့ အတွေးကများသောအားဖြင့် တူသွားမှာကို စိုးရိမ်နေတဲ့ လွှမ်းပိုင်က…
”ဒီထဲက သီချင်းတွေအကုန်လုံးက အခွေအတွက်ဆိုပြီး ရည်ရွယ်ထားတာတော့ မဟုတ်ဘူး။ အကုန်လုံးက ကျွန်တော့်ရဲ့ နေ့ စဉ်၊လစဉ်အလိုက်ပြောင်းလဲနေတဲ့ Moodအပေါ်မှာမူတည်ပြီးတော့ ရေးထားတဲ့ သီချင်း တွေကို ဒီအခွေထဲမှာ စုဖြစ်သွားတာပေါ့။ အားလုံးက ကျွန်တော်အကြိုက်ဆုံးသီချင်း တွေပါ”လို့ပြောပါတယ်။ ကိုယ်ကြိုက်တဲ့သီချင်း ဆိုရင်ပရိသတ်လည်းကြိုက်နိုင်မယ်လို့
ယုံ ကြည်တဲ့လွှမ်းပိုင်က သီချင်းလုပ်နေရင်းနဲ့ ပရိ သတ်လက်ခံနိုင်ပါ့မလားဆိုတဲ့စိုးရိမ်စိတ်တော့ ဝင်မိတယ် လို့ပြောပါတယ်။ ”ကျွန်တော်က ကျွန်တော့်အကြိုက်တွေ လုပ်တာများတော့ လုပ်တော့လုပ်လိုက်တယ်။ ကိုယ့်သီချင်းကို ကိုယ်မှမကြိုက်ရင်ဘယ်သူ မှကြိုက်မှာ မဟုတ် ဘူး။ အဲဒါကြောင့် ကိုယ့်သီချင်းကိုကိုယ်ကြိုက် အောင်လုပ်တယ်။ စိုးရိမ်စိတ်ကတော့ ပရိသတ်နဲ့ငါနဲ့ အကြိုက်ချင်းတူပါ့မလား ဆိုပြီး ဖြစ်တယ်” လို့ ပြောပါတယ်။လွှမ်းပိုင်းက သီချင်းရေးရင် လူအများ စုဖြစ်တတ်တဲ့ အကြောင်းအရာမျိုးကို အဓိက ထားရေးပြီး တစ်ခါတလေတော့ကိုယ့်ရဲ့ စိတ် ခံစားချက် အတိုင်းပဲေ ရးတယ်လို့ပြောပါတယ်။ နောက်ပိုင်း ဟစ်ဟော့ပ်လူငယ်တွေထဲမှာ ရက်(ပ်)စာသားအရွတ်နိုင်ဆုံးလို့ သတ်မှတ်ခံ ထားရတဲ့လွှမ်းပိုင်ကို ကိုယ့်ကိုယ်ကိုယ် ဘယ် လောက် ထိရွတ်နိုင်တယ်ထင်မိလဲဆိုတော့ ”အဲဒါမျိုးတော့တွက်မကြည့်ဖူးဘူး။ သီချင်း တစ်ပုဒ်ကို အမြန်ဆိုတာမဆိုတာကတော့ ဘနအေ နဲ့လည်း အများကြီးဆိုင်ပါတယ်။ သီချင်းပုံစံချထားပုံနဲ့ဆိုင်ပါတယ်။ ကျွန် တော်ကိုယ်တိုင်တော့ဘယ်လောက်ရွတ် နိုင်တယ်ဆိုတာတော့တိုင်းမကြည့်သေး ဘူး”လို့ပြောပါတယ်။ လွှမ်းပိုင်ကအခု လက်ရှိထွက်လာတော့မယ့်အခွေထဲမှာ အရင် ပေါက်ခဲ့တဲ့’ခုန်လိုက်’သီချင်းလိုမျိုးပဲအခုအခွေ ထဲမှာ’ဒုံးပျံ’သီချင်းကိုအားထားတယ်လို့ပြော ပါတယ်။” ‘ဒုံးပျံ’သီချင်းကို ကျွန်တော်မှန်းထား ပါတယ်။ ‘ခုန်လိုက်’နီးပါးပေါ့။ ‘ခုန်လိုက်’ထက် လည်း ပေါက်ရင်ပေါက်သွားနိုင်တယ်။ အဲဒီလို မျိုးတော့ မှန်းထားပါတယ်။ဒီအခွေကကျွန်တော်တခြား အခွေတွေမှာဆိုခဲ့တဲ့သီချင်းတွေနဲ့မတူတဲ့ ဖန် တီးမှုပုံစံနဲ့သီချင်းတွေလုပ်ထားတယ်ဆိုတာ ကိုတော့ အာမခံပါတယ်”ဆိုတဲ့ အကြောင်းကို လွှမ်းပိုင်က ရဲရဲကြီးပြောပြ ခဲ့ပါတယ်။
ရဲရဲ @ Popularnewjournal

Comments
Post a Comment
ဝေဖန်မှုတွေကို ကြိုဆိုလျက်ပါ...