ချစ်သူ့အနား-ဘန်နီဖြိုး

မနက်ခင်းလေး အိပ်ယာနိုးရင် နင်အပြုံးလေးနဲ့ အတူနိုးချင်
အလှဆုံးသော မင်းကိုငေးကြည့်ရင်း….
နင်ပြင်ပေးတဲ့မနက်စာလေးနဲ့ ငါ့တစ်နေ့တာများကိုအစပြုချင်
မျှော်လင့်မိသောအတူရှိခွင့်ရမယ့်နေ့
နင်ကြိုက်တဲ့ဆေးရောင်လေးတွေ သုတ်ထားမယ့်ငါတို့ရဲ့အခန်းလေး
ငါ့စိတ်ကူးထဲအရမ်းကိုလှပလျှက်
အတူတူနေရှေ့ဆက်ကြမယ် အပြင်မှာတကယ်လက်တွေ့ဖြစ်လာရေး….
အိုတစ်ချိန်ချိန်မှာမင်းနဲ့….
ချစ်သူ့အနား…ချစ်သူ့အနားမှာ….
အမြဲတမ်းရှိခွင့်ရရင်…ဘာမှထပ်ငါမတောင့်တတော့ပါ အားလုံးပြည့်စုံငါ့ရဲ့နေ့ညများ…

ဘာမဆိုရင်ဆိုင်ရဲတယ်
ချစ်သူ့အနား…ချစ်သူ့အနားမှာ….
အမြဲတမ်းရှိခွင့်ရရင်… မင်းအလိုများဖြည့်ဆည်းပေးမှာ ဘာကြောင့်လဲဆိုတာမင်းလေးသိရဲ့လား..
အို…နင်ဟာငါ့ရဲ့ကမ္ဘာ အို…နင်ဟာငါ့ရဲ့ကမ္ဘာ
မင်းတစ်ယောက်သာငါ့ရဲ့ဘ၀ ဘေးစကားတွေလုံးဝငါမယုံဘူး…
ဘယ်သူတွေဘယ်လိုပဲတားတား ငါတို့ချစ်မှာ
တစ်ချိန်ချိန်မှာလေ အားလုံးနားလည်ကြမှာပါ…
(ချစ်သူ့အနား…ချစ်သူ့အနားမှာ….
အမြဲတမ်းရှိခွင့်ရရင်…ဘာမှထပ်ငါမတောင့်တတော့ပါ အားလုံးပြည့်စုံငါ့ရဲ့နေ့ညများ…
ဘာမဆိုရင်ဆိုင်ရဲတယ်
ချစ်သူ့အနား…ချစ်သူ့အနားမှာ….
အမြဲတမ်းရှိခွင့်ရရင်…မင်းအလိုများဖြည့်ဆည်းပေးမှာ ဘာကြောင့်လဲဆိုတာမင်းလေးသိရဲ့လား..
အိုး…နင်ဟာငါ့ရဲ့ကမ္ဘာ)

Download This Song Here

credit to DemoPhyo

Comments