ဒီဇင်ဘာ၁၁မှာ ဒုံးပျံစီးကြတော့မယ့် လွှမ်းပိုင်နဲ့ Bobby Soxer

ရဲလေးရဲ့”တတိယကာရန်”အခွေထဲက”နှုတ်မဆက်ချင်ဘူး” သီချင်းမှာ ရက်ပ်စာသားတွေကို အတွဲညီညီ ရွတ်ဆိုခဲ့ကြတဲ့ ကောင်လေး တစ်ယောက်နဲ့ ကောင်မလေး တစ်ယောက် ရှိပါတယ်။ သူတို့က လွှမ်းပိုင်နဲ့ bobby soxer ပါ။ အခုသူတို့က “ဒုံးပျံ” ဆိုတဲ့ စီးရီးသစ်တစ်ခုကို ပရသတ်ဆီ အရောက် ပို့ ပေးလိုက်ပါပြီ။ အဲဒီစီးရီးထဲမှာတော့ သီချင်း အားလုံး ၁၇ပုဒ်ပါဝင်မှာဖြစ်ပြီး စုံတွဲသီချင်း ၂ ပုဒ်၊ လွှမ်းပိုင်က ၈ ပုဒ်၊ bobby soxer က ၇ပုဒ်သီဆိုထား ကြပါတယ်။ အဲဒီစီးရီးထွက်ရှိခြင်း အထိမ်းအမှတ်စာနယ်ဇင်းရှင်းလင်းပွဲကိုနိုဝင်ဘာလ၂၄ရက်နေ့ မနက် ၁၁ နာရီက ဘားလမ်းမှာရှိတဲ့ Cafe K’ssrမှာ ကျင်းပခဲ့ပါတယ်။ အခမ်း အနားကို

လွှမ်းပိုင်းန့ဲ bobby soxer ကိုချစ်ကြတဲ့ အနုပညာမောင်နှမ များနဲ့ စာနယ်ဇင်းများစုံလင်စွာ တက်လာရောက်ခဲ့ ကြပါတယ။် အခမ်းအနားမှာ လွှမ်းပိုင်းက ဒီစီးရီး ဖြစ်မြောက်ဖို့ ကြိုးစားခဲပုံအ ကြောင်း ကို ပြောပြခဲ့ပြီး bobby soxer က စီးရီးက ပါဝင်တဲ့သီချင်း အထားအသို ပုံစံများကို ရှင်းလင်းပြော ပြခဲ့ပါတယ်။ ဒုံးပျံစီးရီးမှာတော့ လွှမ်းပိုင်နဲ့ bobby soxer တို့ကိုအရင်နဲ့မတူတဲ့ သီချင်းပုံစံတွေနဲ့ မြင်တွေ့ ရမှာဖြစ်ပြီး ဒီဇင်ဘာ ၁၁ရက်မှာ CMP တေးသံသွင်းကနေ ဖြန့်ချိမယ် ဆိုတဲ့အကြောင်း သိရှိခဲ့ရပါတယ်။
ရဲရဲ @ popularnewsjournal

Comments