Title - သူစိမ်းတစ်ယောက်လို
Written By : SiThu Hninn Moe, Phyo Ko
Performed By : BooM feat: SiThu Hninn Moe
Produced By : Kyaw Htet (BooM)
Intro :: သူစိမ်းတစ်ယောက်လိုငါမင်းနဲ့ အမှတ်တမဲ့ တွေ့တဲ့အခါ...မင်းမသိလို့လား
...ဟွန်း... ဟန်နီ မင်းဖြေပါ...ဟန်နီ မင်းဖြေလိုက်ပါ...မင်းရဲ့ လိုအင်အတိုင်း
မင်းစိတ်ကြိုက် လိုက်လုပ်မိတာ...အရူးတစ်ယောက်လိုငါ...ဒါနဲ့ပဲသေမှာ...ဒါနဲ့ပဲ
ငါသေမှာပါ.....Rap 1 :: သူစိမ်းတွေလို . ဒီမျက်ဝန်းအစိမ်းတွေကို . ငါ
ရှောင်ခွာတိမ်းနေလို့ . နင့်ဘက်ကခံစားချက်တွေ မလတ်ဆတ်တော့တာကျိန်းသေလို့
.အတူတူတည်ဆောက်ခဲ့တဲ့ကမ္ဘာတစ်ခု လဲပြိုပြီမို့ . မဖြစ်နိုင်တော့တာသိတယ်
ငါတို့သက်ဆိုင်သူတွေကိုယ်စီမို့ . မျက်နှာချင်းဆိုင်ဆုံတဲ့အခါ
အရင်လိုမင်းရင်တွေခုန်ရဲ့လား . တိုက်ဆိုင်မှုတွေကြုံတဲ့အခါ
သတိရမယ်လို့ငါယုံဆဲပါ . မင်းပျော်ရဲ့လား . အစစအရာရာအဆင်ပြေလား .
မင်းနေရောကောင်းရဲ့လား . ဂရုစိုက်မှုတွေပေးနိုင်လား
ငါ့လိုမင်းအပေါ်မှာသည်းခံနိုင်စွမ်းရှိရဲ့လား ငါသိချင်တာ . ငါသိချင်တာ .
ဘာဖြစ်လို့ ငါ့ရင်ခွင်ကိုစုန်ကန်ထွက်ခွာ . ရက်မှ နှစ်သို့ ပြောင်းလဲ
ရည်းစားဟောင်းနဲ့ . ပြန်တွေ့တဲ့အချိန်မှာ . အရင်လိုမဟုတ် တုန့်ပြန်မှုတွေအေးခဲ
. ငါ့နှလုံးသားလှိုက်ဖိုနွေးဆဲ . မင်းစိတ်ကြိုက်လိုက်လုပ်ပေးလဲ .
တိမ်တွေလိုအဝေးသို့လွင့်ပြယ် . မေ့မရတဲ့မျက်နှာလေးနဲ့ .
ထပ်တွေ့ခွင့်ရချင်သေးတယ်. ဖြစ်နိုင်ရင်တစ်ခေါက်ထပ်ပေးကွယ် .
အငြိမ်းချမ်းဆုံးရင်ခွင်လေးထဲ . မှေးစက်ခွင့်ပေးပါခလေးရယ်...ဲ
CHO :: သူစိမ်းတစ်ယောက်လိုငါမင်းနဲ့ အမှတ်တမဲ့ တွေ့တဲ့အခါ...မင်းမသိလို့လား
...ဟွန်း... ဟန်နီ မင်းဖြေပါ...ဟန်နီ မင်းဖြေလိုက်ပါ...
မင်းရဲ့ လိုအင်အတိုင်း မင်းစိတ်ကြိုက်
လိုက်လုပ်မိတာ...အရူးတစ်ယောက်လိုငါ...ဒါနဲ့ပဲသေမှာ...ဒါနဲ့ပဲ ငါသေမှာပါ.....
Rap 2 :: (အတိတ်) မေ့ဖျောက်လို့ မရနိုင်ခဲ့တာ တစ်ကယ်ကိုဆိုးတယ်.
(စိတ်)ခန့်မှန်းလို့မရနိုင်ခဲ့ဘူးဘယ်လိုမျိုးလဲ.(အရိပ်) မင်းအရိပ်တွေရင်ကို
လာလာတိုးတယ်. ငါ ကြိတ် မှိတ် အိပ်လဲ သတိရခြင်းကငါ့ကိုအခါခါနှိုးတယ်.
အမှတ်တမဲ့နင်နဲ့ငါနဲ့လမ်းမှာပြန်တွေ့ရင်. နှုတ်ခမ်းဖျားက
ဖွင့်ဟနင့်ကိုဝမ်းသာစွာမေးချင်.သံယောဇဉ်နည်းနည်းလောက် ငါ့အတွက်ကျန်သေးရင်.
အခွင့်အရေးပြန်ပေးရင် ငါက နင့်ရင်မှာ ပြန်မှေးချင်. မဖြစ်နိုင်တော့မှန်းလဲ
ငါ့ဘက်ကအသေချာသိနေခဲ့. မညီမျှခြင်းတွေနဲ့ နင့်အချစ်ကိုငါကအဖြေရှာကြည့်နေဆဲ.
အတိတ်ရဲ့ ဝေဒနာမီးတွေထဲ နင့်အရိပ်တွေဖွေရှာမိနေခဲ့. ငါမဟုတ်တဲ့
တစ်ခြားလူတစ်ယောက်အတွက်နင့်ရင်ထဲမှာတစ်နေရာရှိနေမယ်. အွန်း
.ဟန်ဆောင်ထားတဲ့မျက်လုံးတွေနဲ့မင်းငါ့ကိုဖုံးကွယ်.
လမ်းမှာတွေ့ရင်ပြုံးပြပါဦးဟိုအရင်လိုအပြုံးနဲ့. ဘာကြောင့်မို့ငါ့ကိုမုန်းလဲ
မင်းတော့ငါ့ကိုမမုန်းနဲ့ . ကိုစည်သူနှင်းမိုးဆိုတဲ့သီချင်းလို
ငါ့ကိုယ်ငါပဲမုန်းတယ်...
CHO :: သူစိမ်းတစ်ယောက်လိုငါမင်းနဲ့ အမှတ်တမဲ့ တွေ့တဲ့အခါ...မင်းမသိလို့လား
...ဟွန်း... ဟန်နီ မင်းဖြေပါ...ဟန်နီ မင်းဖြေလိုက်ပါ...
မင်းရဲ့ လိုအင်အတိုင်း မင်းစိတ်ကြိုက်
လိုက်လုပ်မိတာ...အရူးတစ်ယောက်လိုငါ...ဒါနဲ့ပဲသေမှာ...ဒါနဲ့ပဲ
ငါသေမှာပါ.....Rap 3 :: ချိန်းထားတဲ့နေရာလေးမှာအချိန်မှန်စောင့်နေလို့ .
ရောက်လာမယ်ဆိုပြီးငါ့ရဲ့မသိစိတ်ကထင်နေတုန်း . အတွေးတစ်စစီနဲ့အတိတ်တွေက
မြူတွေဖုံး . သူစိမ်းဆန်တဲ့အကြည့်တွေနဲ့ အကြင်နာတရားတွေပျက်သုန်း .
အလွယ်တကူမေ့နိုင်ဖို့ ရင်နာရမှာအခက်ဆုံး . စိတ်ထဲကအချစ် မင်းအတွက်တစ်သက်လုံး
. ရည်စူးလို့ထား မင်းလေးဘာ့ကြောင့်များ . နားမလည်နိုင်တဲ့ကစားနည်းတစ်ခုလို
ငါ့ကိုလှည့်စား . ရင်ခွင်သစ်မှာအိပ်စက်ရတာပျော်ရဲ့လား . လှည့်မကြည့်ပါနဲ့
စိတ်ချမ်းသာမဲ့လမ်းကိုသွား . ငါ့ဘ၀ကတစ်ယောက်ထဲမို့ အသားကျပြီးသား .
မင်းကိုချစ်လို့ငါ့ဘက်ကငြင်းစရာမရှိပါ . နားလည်ပါတယ်
မင်းဘ၀နဲ့ယှဉ်ပြီးတွေးတဲ့အခါ . အချစ်တစ်ခုထဲရှိတဲ့ ရင်ခွင်ကနေအဝေးထွက်သွား .
တစ်ယောက်ထဲချန်ကာထား ငါ့နှလုံးသားဒဏ်ရာများ . အမှားနဲ့အမှန်ကမကွဲပြား
နောက်ဆုံးမှာလမ်းခွဲသွား .....
CHO :: သူစိမ်းတစ်ယောက်လိုငါမင်းနဲ့ အမှတ်တမဲ့ တွေ့တဲ့အခါ...မင်းမသိလို့လား
...ဟွန်း... ဟန်နီ မင်းဖြေပါ...ဟန်နီ မင်းဖြေလိုက်ပါ...
မင်းရဲ့ လိုအင်အတိုင်း မင်းစိတ်ကြိုက်
လိုက်လုပ်မိတာ...အရူးတစ်ယောက်လိုငါ...ဒါနဲ့ပဲသေမှာ...ဒါနဲ့ပဲ ငါသေမှာပါ....
Download With Mediafire
Comments
Post a Comment
ဝေဖန်မှုတွေကို ကြိုဆိုလျက်ပါ...