TK: :အကို့ရဲ့ သီချင်းနဲ့ပါတ်သတ်ပြီး နည်းနည်းပါးပါး မေးမယ်နော် အကို သူတောင်းစားမင်္ဂလာပွဲ သီချင်းကို ဘယ်လို Idea ရပြီးလုပ်ဖြစ်သွားတာလဲဗျ
i-Beat : : ဟုတ် ပထမတော့ သူများနဲ.မတူတဲ့ဘ၀ပုံစံပြ Clip လေးရေးတာပေါ့ နောက်ကျတော့ MHA ပြိုင်ပွဲရှိတယ်ဆိုတာနဲ့ တစ်ခါတည်းသီချင်းတစ်ပုဒ်လုံးရေးလိုက်တော့တယ်
TK: : နောက်ပြီး ကွမ်းတောင်ကိုင်သီချင်းရေးဖြစ်ပုံလေးလဲပြောပြပါဦး
i-Beat : : ကွမ်းတောင်ကိုင်ကကျတော့ ကျွန်တော်ရယ် ကျွန်တော့်ရဲဘော် D-SKy ရယ်ပေါ့ သီချင်းတွေဆက်တိုက်ရေးရင်းနဲ. ၃ညလောက်မအိပ်ဖြစ်ကြဘူး ၄ ညမြောက်လဲကျရော လူတွေ ကကြောင်တောင်တောင်ဖြစ်ပြီး ကွမ်းတောင်ကိုင်ကိုတစ်ညတည်းနဲ့ အပြီးရေးအပြီးတီး Mixdown ပါဆွဲပြီးသွားတာ နောက်တော့အဲ့ဒါကို Myanmar Rap to The Beat မှာပြိုင်လိုက်ကြတယ်
TK: :တချို့ က အဲ့ သီချင်းနဲ့ ပါတ်သတ်ပြီး နည်းနည်း ကြောင်တယ်လို့ ယူဆကြတယ် ဗျ အဲ့အပေါ် ကို အကို ဘာများပြောချင်လဲဗျ
i-Beat : : ဟုတ်တယ်ဗျ ကိုယ်တိုင်တောင်ကြောင်တယ်လို.ထင်မိသလိုဘဲ :) ဒါပေမယ့် သေချာတာကတော့ ဘယ်သူမှမလုပ်ရဲ (မပေါရဲတဲ့) Music Theme တစ်ခုထွက်သွားတာတော့ သူတို့ လည်းငြင်းမရလောက်ပါဘူး :)
TK: : နောက်ပြီး Made In Japan သီချင်းကရော ဘယ်လိုများလုပ်ဖြစ်သွားလဲမသိဘူးဗျ
i-Beat : : အဲ့ဒါကတော့ ကျွန်တော်ရယ် D-Sky ရယ် DJ-Ag4(ခုမိန်းမရ) သူရယ်သုံးယောက်ထုတ်ထားတဲ့ 3G Mixtape ထဲမှာ Japan လိုအပြည့်ဆိုထားတဲ့သီချင်းတစ်ပုဒ်ရှိတယ်ဗျ အဲ့ဒီထဲက Rapကို DSky ကပြန်သုံးပါလားဆိုတာနဲ့ ရေးလိုက်ကြတာ ကံကောင်းချင်တော့ အဲ့ဒီသီချင်းက Myanmar Rap to The Beat မှာ တတိယ ရသွားပြီ ကွမ်းတောင်ကိုင်က ပထမရသွားပါတယ်။ ဘုရားမတာပေါ့
TK: :ခုနောက်ဆုံး ကျွန်တော်တို့ ဆိုဒ်(MHC)မှာ တင်ထားတဲ့ ဓါးနဲ့ထိုးမယ် သီချင်းကိုရော ဘယ်လိုများ လုပ်ဖြစ်သွားတာလဲဗျ
i-Beat : : အဲ့ဒီသီချင်းကျပြန်တော့ မကျေနပ်တာတွေရေးချင်တာရယ် iCeCold နဲ့ သီချင်းတွဲမလုပ်ဖူးသေးတာရယ်နဲ့ ပေါင်းပြီးရေးလိုက်တာပါ iCeCold ရဲ့ သင်္ဘောသားသီချင်း နားထောင်ပြီးတည်းက တွဲလုပ်ကြည့်ချင်နေတာ လက်တည့်စမ်း လိုက်တဲ့သီချင်းကြီးပေါ့ အဲ့ဒါက
:)
TK: : အကိုတို့ရဲ့ 3G Mixtape ထဲက Intro ကရောဘယ်လိုစိတ်ကူးနဲ့ လုပ်ဖြစ်သွားလဲမသိဘူးဗျ
i-Beat : : ဘိုဆန်းလိုလူမျိုးတွေ များများလာလို.ပေါ့ဗျာ Underground Show တွေမှာလဲဒါမျိုးတွေ များလာပြီလေ အဲ့ဒါကြောင့်..........
TK: : အကို က အချစ်သီချင်းဆိုတာ နည်းတယ်နော်.........။ ဆိုလိုက်ရင်လဲ Foul သီချင်းများတယ်...။ ဆော်ကိုကြွေတဲ့ သီချင်းမျိုးလုပ်ဖို့ ရော အစီအစဉ်ရှိလားဗျ
i-Beat : : ဆော်ကိုကြွေတဲ့ပုံစံကြီးကဘယ်လိုရေးရေးမရေးတတ်ဘူးဗျ ကျွန်တော်လဲကြိုးစားတာဘဲ ဒါပေမယ့် ၀စ္စနှလုံးပေါက် ထပ်ထည့်ရင်တော့ အဲ့ဒီပုံစံကရေးလို့ ပိုလွယ်လိမ့်မယ်ဗျ
TK: : MHC ရဲ့ Mixtape တစ်ခုမှပါတဲ့ အကို့ရဲ့ Easy Going ဆိုတဲ့ သီချင်းထဲ က အဖြစ်အပျက်တွေက အပြင်ကအကို့ရဲ့ အတွေ့အကြုံကို ရေးထားတာလားဗျ
i-Beat : : ကျွန်တော့်ဘော်ဒါအကြောင်းနဲ. ကျွန်တော့်နားက မိန်းကလေးတစ်ချို့ အကြောင်းဆိုပို မှန်တယ်ဗျ Lux ဘက်လိုက်တဲ့ကောင်မလေးတွေပေါ့ :)
TK: :UP & DOWN Town Mixtape ထဲက သီချင်းအကြောင်းလေးလဲပြောပြပါဦး
i-Beat : : အဲ့ဒါကတော့ MHA FreeStyle Battle (ကို Lil Snake) တို.စီစဉ်တဲ့ပွဲပေါ့ အဲ့ဒီမှာ ကျွန်တော်ဆုရသွားတယ် အဲ့ဒါနဲ့ ကို LilSnake ကသူတို.စီစဉ်တဲ့အခွေမှာ သီချင်းထည့်ပေးမယ်ဆိုတာနဲ့ Easy Going ရယ်ငရဲပြည်သို.ရယ် နှစ်ပုဒ်ပေးလိုက်တာ သူကငရဲပြည်သို့ ကိုရွေးသွားတယ်လေ အဲ့ဒါနဲ့ ပါသွားပြန်ရော
TK: :အကိုလုပ်ခဲ့တဲ့ သီချင်းတွေထဲကမှ လူကြိုက်အများဆုံး သီချင်းက ဘယ်သီချင်းဖြစ်မယ်ထင်လဲဗျ
i-Beat : : အဲ့ဒါတော့မပြောတတ်ဘူးဗျ ကျွန်တော့်သီချင်းတွေတောင် ကျွန်တော်သဘောမကျ တာအများကြီးဘဲ လူမကြိုက်ဆုံးသီချင်းဆိုရင်တော့ ဘာကောင်လဲဆိုတဲ့သီချင်းကိုပြရမှာဘဲ ဘယ်Punk မှမကြိုက်ကြဘူးလေ
TK: : အကို ကိုယ် တိုင် အားအရ ဆုံး သီချင်း ရောရှိလား ဗျ ရှိရင်အဲ့ သီချင်းအကြောင်းပြောပြပါဦး
i-Beat : : ကျွန်တော်အကြိုက်ဆုံးသီချင်းဆိုရင် သူတောင်းစာမင်္ဂလာပွဲဖြစ်မယ် ဘာလို့လဲ ဆိုတော့ သူက MHAပြိုင် ပွဲမှာကျွန်တော့်ကိုကယ်သွားတဲ့သီချင်းလေ
TK: : ဟုတ်ကဲ့ အကို့ ကို အားပေးတဲ့ ပရိသတ်ကို ဘာပြောချင်လဲ......... အကို့ကို မကြိုက်တဲ့ ပရိသတ်အတွက် ဘာပြောချင်လဲဗျ
i-Beat : : လူတစ်ယောက်ရဲ.နောက်မှာ ချစ်တဲ့လူနဲ.မုန်းတဲ့လူကတော့အမြဲရှိတာဘဲ အဓိက ကတော့ချစ်တဲ့လူက ဆက်ချစ်ခြင်းနဲ.သတိရပြီး မုန်းတဲ့လူကလည်း ဆက်မုန်းခြင်းနဲ.သတိရပေးပါလို့
TK: :ကျွန်တော်မေးသမျှ ပေါက်ကရ ကို အတည်ကြီးနဲ့သေသေချာချာ ဖြေပေးလို့ကျေးဇူးပဲနော် ဆြာ Beat ဒီ့ထက်အောင်မြင်ပါစေဗျာ
i-Beat : : ဟုတ်ပါဘူးဗျာ အတည်ကြီးနဲ့ မေးတာကိုပေါက်ကရဖြေတာပါ ဟုတ်ပေးတဲ့ဆုတဲ့ ဘ၀ဆက်တိုင်း ဆက်တိုင်းပြည့်ပါစေဗျာ.....
I Beat သီချင်းများ ဒေါင်းလုတ်လုပ်ရန်

Interviewd by MHM Ghetto Kingz
Comments
Post a Comment
ဝေဖန်မှုတွေကို ကြိုဆိုလျက်ပါ...