Respect Albumn ထွက်လာလို့လဲ ကျွန်တော့် Life Style မပြောင်းသွားပါဘူး ဆိုတဲ့ ဇေရဲ

TK: :ပထမဆုံး အကို့ရဲ့ ဒီrespect ခွေကို စလုပ်ဖို့ စိတ်ကူးဘယ်လိုပေါ်ခဲ့တယ် ဆိုတာ လေးပြောပြ ပေးပါဦး
ဇေရဲ : :Rebirth ဆိုတဲ့ သီချင် ကို စလုပ် ဖြစ်တာဗျ... အဲ့မှာ ကိုယ့် သချင်း ကို ကိုယ်တန်ဖိုးထားတတ် သွားတယ်.....။ စပြီး ကပ်စီးနည်း တတ်တာပေါ့လေ... ၁ယောက် ၂ယောက်ကို ချပြရတာနဲ့ အားမရလို့ လူတွေအများကြီးကို ချပြချင်လာလို့.........။ အဲ့မှာ ဇာတ်လမ်း စတာပဲ.....။

TK: :အဲ့ခွေထဲက အကို့ အကြိုက်ဆုံး ပရိသတ် အကြိုက်ဆုံး သီချင်း အကြောင်းလေးပြောပြပါဦးဗျ
ဇေရဲ : :သိတဲ့အတိုင်း ပဲ ကိုယ့် သီချင်းဆိုရင်တော့ အကုန်ကြိုက်တာပဲ.........(ရယ်လျက်) Fan အကြိုက်ဆုံး သီချင်းအကြောင်းကိုပြောပြမယ်....။ ညီဘယ်သီချင်းလို့ထင်လဲ..........။

TK: :ဟုတ် ကျွန်တော်ကတော့ Icecream ကြိုက်တယ် ငွေရောင်လက်စွပ်ကြိုက်တယ်
ဇေရဲ: :ဒါဆို ကျွန်တော် Ice Cream ကိုအရင် ပြောကြည့်မယ်ဗျာ...... .စော်တစ်ယောက်နဲ့ ပြတ်သွားတယ်.... အဲ့အချိန်မှာ ကျွန်တော့် အပေါ် အရမ်းကောင်းတယ်... အရမ်းအနွံတာ ခံတယ် အဲ့လိုကောင်မလေး တစ်ယောက်ကို သွားတွေ့တယ်... သူ့ကိုရည်းစား စကားပြောချင်တယ်...။ ဘယ်လို ပြောပြော မယုံဘူး.... အဲ့တော့ Rapper တစ်ယောက်ရဲ့ ထုံးစံအတိုင်းပေါ့............... ဒါပါပဲ...... ထူးထူးခြားခြားတော့ ဘာမှ မရှိပါဘူး...... :) ငွေရောင်လက်စွပ် သီချင်းကိုတော့ interview တိုင်းမှာ မေးတယ်....။ သူငယ်ချင်းတွေကလဲ မေးတယ်...။ အဲ့သီချင်းကတော့ နားထောင်ကြည့်ရင် သိမှာပါ.......

TK: :ဟုတ်ကဲ့ အကို့ရဲ့ Respect ခွေ ကို ပထမဆုံး စ ဖြန့်တဲ့နေ့က အကို့ရဲ့ ခံစားချက်လေး ပြောပြပေးပါဦး
ဇေရဲ : :album စဖြန့်တုန်းက promotion မှာ ကျွန်တော့် program တွေ အရမ်း ညံ့ သွားတယ်....။ fan တွေကို အရမ်းအားနာတယ်...။ ညကျတော့ သူတို့ အရမ်းချစ်ဖို့ကောင်းပါတယ်... poster လေးနဲ့ album လေးကို ကိုင်ပြီး အားပေးနေကြတာဗျာ........။ ကျွန်တော် အဲ့သည့်အချိန်မှာ ပီတိ အဖြစ်ဆုံးပဲ.... အိမ်ပြန်ရောက်တော့ ကျွန်တော့် အမေကိုပါပြောပြီး မျက်ရည် ကျမိတယ်....။ :)

TK: :အကို့ခွေ လုပ်တော့ ဘယ်လောက်ထိ ပေါက်မယ်လို့ မျှော်လင့်ထားသလဲဗျ.......... ထွက်လာ တော့ရော ထင်သလောက်ဖြစ်ခဲ့ လားဗျ..........
ဇေရဲ : :ထင်ထားတာထက် ပိုပေါက်တယ်ဗျ..... UG ကကောင်ဆိုတော့ ကိုယ်ပေးနိုင်သလောက် ပေးမယ်....။ ယူနိုင်တဲ့ fan အတိုင်းအတာကိုလက်ခံတယ်.... ဒါပါပဲ....။ အခုထက် ပိုပြီး fan တွေရလာတော့ အတိုင်းမသိပေါ့...........။

TK: :အကို ခု Main Stream ပေါ်တက်လာတော့ အကို့ UG က ဘ၀ ကိုဘယ်လို ဆက်ဖြတ်သန်းမလဲ ဆိုတာ လေးလဲပြောပြပေးပါဦး
ဇေရဲ : :UG မှာက လွတ်လပ်တယ်...။ ကျွန်တော်က အဲ့ ၂ ခုမှာ UG ကို ပိုကြိုက်တယ်....။ UG မှာပိုပျော်တယ်ပေါ့ဗျာ....။ လောဘကြီးလာလို့ သာ main string ပေါ်တက်တာ....။ UG က ရှင်းရှင်းလေးပါ..... လုပ်ချင်တာ လုပ်လို့ရ တယ်...။ ကျွန်တော် လွတ်လွတ်လပ်လပ် အကန့်အသတ်မရှိတဲ့ သီချင်းလုပ်ချင်ရင် UG အတွက်လုပ်မယ်......။ UG Show တွေမှာ UG အတွက် သီချင်းတွေဆိုမယ်....။ Main Stream အတွက်ရည်ရွယ်ရင် Main Stream အတွက်လုပ်မယ်....။ Show ပွဲ အကြီးတွေမှာ Main Stream က သီချင်းတွေ ဆိုမယ်...... :)

TK: :ဟုတ် အခု အကို့ရဲ့ ဒီ Respect albumn ထွက်လာပြီးတဲ့နောက် အကို့ရဲ့ Life Style အပေါ် ဘာတွေ လွှမ်းမိုးမှု ဖြစ်လာ သလဲဗျ
ဇေရဲ : :ဘယ်လိုမှ တော့ မထူးခြားသေးပါဘူးဗျာ....။ အရင်အတိုင်းပဲ Bus စီးလို့ရတယ်....။ ၀က်သားတုတ်ထိုး စားလို့ရတယ်...။ ကိုယ့် အပေါ်မှာပဲ မူတည်တာပါ....။ ငါနာမည်ကြီးနေပြီ....င်အောင်မြင်နေပြီ ဆိုပြီးနေရင်လဲ အဲ့လို Life အတိုင်းပဲ.....။ ကျွန်တော်ကတော့ လူတစ်ယောက် သီချင်းဆိုတယ်...။ လူတစ်ယောက် သီချင်းတွေကို ပရိသတ်လက်ခံတယ်....။ ပေါ့ပေါ့ ပါးပါး ပါပဲ....။ :) ဒါပေမယ့် အိမ်မှာတော့ ကွိုင် ရှိတယ်......။ သူတို့ သားကို အဆိုတော်လို့ သတ်မှတ် လာကြတယ်ဗျ....။(ရယ်လျက်) သန့်သန့်ပြန့်ပြန့်နေတဲ့ ........ သိတဲ့အတိုင်းပဲ ကျွန်တော်က နေချင်သလိုနေတတ်သလို နေတာ.......။

TK: :ဟုတ် နောက်ဆုံးအနေနဲ့ အကို့ ရဲ့ ဒီခွေ နဲ့ ပါတ်သတ်ပြီး ဘာများ ထူးထူးခြားခြား ပြောချင်သေးလဲဗျ
ဇေရဲ : :ဒီ Albumnနဲ့ပါတ်သတ်ပြီး ဆိုရင်တော့ အားလုံး သိတဲ့အတိုင်းပါပဲ....။ CD ပြီးရင် VCD VCD ပြီးရင် Next Albumn Next Albumnမင်းသား (actor)လုပ်...။ (ရယ်လျက် ) နောက်တာပါ...။ သီချင်းတွေအများကြီး မသေမချင်း လုပ်နိုင်သလောက်လုပ်သွားပါမယ်...။ ပရိသတ် ကြီးက လဲ ဇေရဲ ကို ယုံယုံကြည်ကြည် လက်ခံပေးပါလို့ပြောချင်ပါတယ်

TK: :ဟုတ်ကဲ့ ကျွန်တော်မေးသမျှ ဟိုရောက် ဒီရောက်များကို စိတ်ရှည်လက်ရှည် ဖြေပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်. ကိုဇေရဲ ဒီ့ထက် အောင်မြင်ပါစေဗျာ.....။
ဇေရဲ : :(ရယ်လျက်)ကျွန်တော် အပြည့်ချင်ဆုံး ဆုပါဗျာ.....။ ပေးတဲ့ဆုနဲ့ပြည့်ပါစေဗျာ....။ MHC site ကြီးလဲ အဓွန့်ရှည် တည်တံ့ ခိုင်မြဲပါစေဗျာ....။

ဇေရဲ၏ Respect Album ဒေါင်းလုတ်လုပ်ရန်

Interviewed by MHM Ghetto Kingz

Comments