J Ki, Bobby Soxer Feat. Soe Phyoe - ဘဝရဲ့သင်ခန်းစာ

J Ki ရဲ့ မကြာခင်ထွက်မဲ့ Twist Game ဆိုတဲ့ Mixtape ထဲမှာ ပါတဲ့သီချင်းလေးတစ်ပုဒ်ကို ကြိုနားထောင်ရအောင် J Ki က ပို့ပေးလိုက်ပါတယ်။

Twist ကောင်းတဲ့ J Ki ကို အားဖြည့်ပေးထားတဲ့ Bobby Soxer နဲ့ Soe Phyo ရဲ့ သီဆိုမှုနဲ့ သီချင်းအကြောင်းအရာက လိုက်ဖက်တဲ့ သီချင်းကောင်းပါ။ နားထောင်ဖို့ Recommend ပါတယ်။

 
 
 
 
 
 
 
 
 
 
 
 
J Ki - https://www.facebook.com/TwistJayKi
        j.ki.twister@gmail.com
        096805305

Bobby Soxer - https://www.facebook.com/Bobbysoxer.fanspage?ref=ts&sk=wall
စိုးဖြိုး(Soe Phyo) - https://www.facebook.com/profile.php?id=100002467731635&sk=wall



















 
 
 
 
 
 
 
 
 
 
 
 
 
ဘ၀ရဲ့သင်ခန်းစာ                           တေးရေး/တေးဆို - စိုးဖြိုး - J Ki - Bobby Soxer

Yeah (စိုးဖြိုး - J Ki - Bobby Soxer)

စိုးဖြိုး (Chorus)
(ဓါးနဲ့သံလို အမှားနဲ့အမှန်တွေ ဘ၀ရဲ့ဒဏ်တွေ ဘ၀ရဲ့အသံတွေ ရဲ့ကြား
 ဘ၀ကတစ်ဖန် အစကပြန်နေလား (အမှားနဲ့အမှန်တွေက) ဒီဘ၀ဇာတ်ခုံအလယ်ထဲမှာ)

J Ki (Rap Verse 1)
လောကကြီးက မင်းအတွက်ကောင်းတဲ့အကျိုးတရားများကိုမပေးတော့ဘူးလို့မင်းစိတ်ထဲမှာတွေးထင်တယ်
ဒီလိုစိတ်ဓါတ်ကျတဲ့အတွေးတစ်ခုကြောင့် ဘ၀တစ်ခုလုံးနစ်မွန်းသွားအောင်မင်းကိုယ်မင်းအခု မဆင်မခြင်ဘဲလုပ်ရင်လဲ
မင်းကိုယ်မင်းအခု မီးလောင်တိုက်ကို သွင်းချင်နေတဲ့ မင်းစိတ်ဓါတ်ကို ခုကစပြီးမေ့ပစ်လိုက်ပါ စိတ်ဓါတ်စပြီးပြောင်း
ဒီလိုမင်းဘက်ကနေ ဘ၀ကြီးကိုအခုအရှုံးပေးနေလဲ တစ်ခြားတစ်ဖက်ကတော့ သိမှမသိပဲ မေ့သွားမှာပါ အချိန်နဲ့နာရီကြောင့်
မင်းထက်ပိုပြီး ဒုက္ခဖြစ်တဲ့ လူတွေဆိုတာ လောကကြီးမှာ ဒုနဲ့ဒေးကို ရှိနေတယ်
ဒါကိုမသိလေဘဲ မင်းက Weed တွေနဲ့ Ever မျောကာ မင်းမိဘကို စိတ်ပျက်မိစေမယ်
ဆိုးသွမ်းမှုတွေဆက်မလုပ်နဲ့ မင်းအတွက်ဘာများ ကောင်းကျိုးပေးတာ အခုရှိလို့လဲ?
မင်းအတွက်အကျိုးနဲ ဆိုးတဲ့ ရလဒ်တွေနဲ့ကြုံမှ နောင်တရမိသွားတာမျိုးနဲ့ အကျိုးမဲ့
ဒီလိုမျိုးဘဲ မင်းဘ၀ကိုအခု အချိန်ကုန်ခံပြီးလမ်းမထက်ကို ဆက်လျှောက်သွားမလို့လား
ဟေ့ရောင် ဘ၀ဆိုတာ ဒီလိုအချိန်ကုန်ခံပြီးလျှောက်လှမ်းဖို့အတွက် မင်းမိဘတွေမင်းကိုမွေးဖွားခဲ့တာမဟုတ်ဘူး
ဒီလို လုပ်ရူးတဲ့ လုပ်ရပ်တွေကို အခုရပ် မင်းကအခုမှမနူးမနပ်  စူးတတ် စမ်းတတ် တဲ့
ဆယ်ကျော်သက်တွေဆိုတာဘ၀ကိုတိုးတက်သွားအောင်လုပ်ဖို့အကောင်းဆုံးအသက်အပိုင်းအခြားဖြစ်နေလို့ခုပြောလိုက်မယ်ထပ်မရူးနဲ့
ကောင်းတာရှိသလို ဆိုးတာလဲရှိမယ် ဘ၀ဆိုတာ အနိမ့်အမြင့်အတက်အကျ ဖြစ်နေတာမျိုးကြီးပဲ
ဒါကိုအသိနဲ့သတိနဲ့ ထားရင်တော့ မင်းအတွက်ပိုပြီး ခံနိုင်ရည်နဲ့ အကျိုးတစ်ခုတော့ရှိမယ် 
ဒါကိုမသိတဲ့ အတိုင်း နားပိတ်ပြီးဆက်မိုက် အသိနဲ့သတိ မရှိခဲ့မိရင် ထိမဲ့မီး ကြီးမြဲကြီးလျှက်
ဆက်လက်ပြီးတော့အခုမင်း အမှားတွေဆက်ပိုက် လမ်းဆုံးရောက်ပြီပဲ

(Chorus)

Bobby Soxer (Rap Verse 2)
လောကထဲ ရောက်လာတဲ့ ဒုက္ခကို စီးချင်းထိုး ပါးပြင်မှာ မျက်ရည်က စီးဆင်းလို့
မနီးရင်ပို ရွှီးချင်သလို ရွှီးတဲ့ လူတွေရဲအပြောမှာ မျောမိရင်အပို ရောက်ချင်တဲ့ပန်တိုင်ကို ခရီးတွင်ဖို့
ပြသနာကို အပြီးရှင်းလို့ မဟုတ်ရင်တော့ ပူလောင်တဲ့မီးတွင်းသို့
လက်တည့်စမ်းပြီးပြုလေသမျှ တစ်ခုတစ်လေမကတဲ့ သုတေသနတွေရဲ့ရလဒ်က
ဆိုးကျိုးတွေဆိုရင် လူတွေအားလုံးနဲ့ဆန်ကျင်ဖို့မင်းမှာရှိမလား ထုချေလွှာ
အခုနေများ အစိုးမရဘဲ မင်းသေသွားခဲ့ရင် မင်းနာမည် ကျန်ခဲ့မလား လူ့ပြည်မှာ 
အတိတ်မှာ ကျန်ခဲ့တဲ့ကိစ္စတွေကို စိတ်နာရုံနဲ့ ဘာမှမထူးဘူး မင်းလိပ်ပြာမလုံ
ဖြစ်လာမဲ့ ပြသနာကို စိုးထိတ်ခါ မဖြုံနဲ့
ဘ၀မီးအိမ်လို့သတ်မှတ်တဲ့ ဓနစည်းစိမ်ကိုလဲမလား? သိက္ခာဂုဏ်နဲ့
လောဘဇောတိုက် သတ်ဖြတ်တာ အနိဋ္ဌာရုံပဲ
ပြန့်နှံ့နေတဲ့ ငါ့အတွေးတွေနဲ့ လူ့ဘ၀သက်တမ်းက ခဏလေးပေမဲ့
ဘ၀မှာ ဘယ်လောက်ဘဲ ငွေနဲ့ချယ်လှယ်ခဲ့ပါစေ
အခကြေးငွေနဲ့ ပေးလို့ရလား လာမေးမနေနဲ့
ကွာဝေးမနေခဲ့ အချိန်တန်လို့ သေမင်းကလာခေါ့်ရင် မင်းကအားလုံးက အမျှပေးဝေမယ်

(Chorus)

Bobby Soxer (Rap Verse 3)
လောကမှာ ကံကြမ္မာကစေလာတဲ့ အတိုင်းပဲ ကြိုးဆွဲရာ ကတယ်
ဒီလိုနဲ့ဘဲ အကျိုးနဲလာကြတယ် ဘ၀တွေက ကိုယ်အနာဂတ်ကို ကိုယ်ဘာသာကိုယ်ဘဲ
ရိုက်ချိုးခဲ့တာများတယ် ဘ၀မှာ အမှန်တရားဆိုတာကို ချိုးဖဲ့တာ မှားတယ်
သမိုင်းဆိုတာ ပြင်လို့မရဘူး မင်းရဲ့အတိတ်ဆိုးထဲကဘ၀လဲ
ဒီလိုနဲ့ ဒုက္ခသစ်ပင်ကို ပျိုးကျဲလာကြတယ် ပျိုးကျဲလာကြတယ် ပျိုးကျဲလာကြတယ်(ပျိုးကျဲ......)

J KI (Rap Verse 4)
ပျိုးကျဲလာတဲ့ ဒုက္ခသစ်ပင် သုခဖြစ်အောင်လို့
မင်းကိုယ်မင်းသာ ဆိုးညစ်တာကို သန့်စင်သွားစေဖို့
ခုလေပြောင်းလဲပစ်လိုက်ပါ မင်းရဲ့မကောင်းတဲ့စိတ်ဓါတ်သာ
ဒီလိုပြောင်းလဲရင်းနဲ့ သုခသစ်ပင် ဖြစ်လို့သွားမှာပါ
အတိတ်ဟောင်းထဲမှာပဲ နားကျင်မနေနဲ့ 
ဒီလိုအပြစ်တင်တဲ့ အပြစ်တွေနဲ့ မင်းကနစ်မွန်းခဲ့လို့လဲ
အခုလို မေတ္တာစစ် မေတ္တာမှန်
ခုထိဆက်လို့လွဲနေဆဲ ဒါကြောင့်အခုမှ မပြင်ရင် 
လက်ရှိဘ၀အတွက် ဆက်ပြီးလွဲနေမယ် 

(Chorus) x 2

Comments