V1:
မင်းကို ငါ စတွေ့ကတည်းက ချစ်တဲ့စိတ်တွေဖြစ်တည်ခဲ့ပြီး …
ဘယ်သူတွေ ဘာတွေပြောပြော ငါ့ရဲ့စိတ်က မင်းကို ချစ်သည် …
မင်းကတော့ မသိတဲ့အတိုင်းပဲ .. ငါ ဒီမှာတော့ အရူးမီးဝိုင်း …
တခြားကောင်တွေနဲ့ ငါ့ကိုမနှိုင်းနဲ့ .. ငါ့ရင်ထဲ မင်းဝင်ကြည့်လိုက် …
အခု ငါတို့နှစ်ယောက်တွေ့တဲ့အချိန် စိတ်ညစ်စရာတွေ ခဏမေ့ထားလိုက် …
ဖုံးကွယ်ရခက်တဲ့ ခံစားချက်တွေနဲ့ မင်းကို ငါ ချစ်တဲ့ အခိုက် …
တကယ်ပါ မင်းအကြောင်းကလွဲရင် တခြားအရာတွေ ငါ မသိတော့ဘူး …
ဘာကြောင့်လဲဆိုတော့ မင်း သာလျှင် ငါ တကယ်ကို ချစ်တဲ့သူ …
Pre Cho:
ငါ တကယ်ကို ချစ်တာ မင်းတစ်ယောက်တည်းပါပဲ .. တိတ်တဆိတ်နဲ့ ခံစားချက်တွေ ရင်ထဲခိုးဝင်နေတယ် …
ဒီလိုနဲ့ပဲ အခုတော့ ငါ့မှာ ရူးပြီ .. စွဲလမ်းစေမယ့် မင်းအပြုမူကြောင့် ငါလေ ယစ်မူး …
Cho:
မင်းတစ်ယောက်ကိုပဲ ငါလေ ချစ်မိ .. ဘယ်လိုမှ တားမရ ငါ့မှာ ရူး …
အိပ်မက်တွေ နင် ၀င်လာခဲ့ပြီး ပြန်ထွက်ပြေးသွားမှာ ကြောက်လို့နေမိသူ …
V2:
ဒီလိုပဲ နေ့စဉ်အမြဲ ညဘက်တိုင်းမှာဖုန်းတွေဆက် …
မင်းရဲ့စကားလုံးတွေ အောက်မှာ .. ငါလေ အရှုံးနဲ့ ကျော်ဖြတ် …
တစ်ယောက်တည်းနေ့တွေ အဖော်မဲ့ရင်း လွမ်းနေပြီဟေ့ …
မိနစ်စက္ကန့် အချိန်တိုင်း ငါ တကယ်ကို ရူးသွပ်နေတယ် …
တိမ်တိုက်တွေ ကင်းမဲ့ အတူနေရင်း မင်းနဲ့ .. မလိုချင်ဘူး နာကျင်မှု တစ်ခါပြန်ပြီးမပေးပါနဲ့ …
V3:
ကြင်နာခြင်းတွေနဲ့ ညင်သာစွာ ၀င်လာသူ .. သူ့အတွက် နှင်းဆီပွင့်လေးတွေနဲ့ လမ်းလေး ခင်းထား အခု …
စက္ကူငှက်လေးတွေစု ကဗျာတွေရေးတာ သူ့ရဲ့ .. အရမ်းချစ်ဖို့ကောင်းတဲ့ အမူအယာတစ်ခု …
ငါလေ အတူသွားချင်ရဲ့ သူနဲ့ ရောမမြို့ကို .. အရမ်းချစ်တဲ့အကြောင်းလေးတွေ ပြောပြဖို့ကို …
ဂျူးလိယက်ရဲ့ မွေးရပ်မြေမှာ အချစ်ကို ပုံဖော် …
သူ့ကို လက်ထပ်ခွင့်လေး .. ငါ တောင်းရဖို့ဆိုတာကလည်း …
လူတွေအမြင်မှာ ရယ်စရာဖြစ်လို့သွားလည်း …
ဂရုမစိုက် ရူးမိုက်စွာ အချစ်ကို ယုံကြည်ထားဆဲ …
အားလုံး လက်မြှောက် အရှုံးပေးသွားမယ် …
မင်းအပေါ်ထားတဲ့ ငါ့ရဲ့ အချစ်တွေ မြင်ရုံခဏနဲ့
ကောင်မလေးရေ အရမ်းကို လွမ်းတယ် ဟေး…
ဆယ်ကမ္ဘာလောက်ကြီး ဝေးနေတဲ့ အတိုင်းပဲ …
မအောင့်နိုင်တော့လို့ပါ အချစ်အဖြေမြန်မြန်ပေး…
ကိုယ့်အတွက် မင်းလေးဟာ အနှိုင်းမဲ့ …

V4:
သူ့ရှေ့ကို ရောက်တိုင်း ရင်ခုန်သံတွေ မတည်ငြိမ် ရူးတယ် ..
သူ့အကြည့်တွေကြား ယစ်မူး ငါ လုံးဝ မခံနိုင်ဘူးကွယ် ..
အကြီးကြီး အကြီးကြီးကိုချစ်တယ် .. အချိန်တိုင်း မင်းအကြောင်းတွေ စဉ်းစားလို့ ..
စုံတွဲလေးတွေလမ်းမှာတွေ့ရင် အားငယ်စိတ်နဲ့ သက်ပြင်းချလို့ ..
ငါလေတွေး မင်းပြန်ချစ်မယ့်နေ့ရက်လေးကို ..
တစ်ယောက်တည်း အဖော်မမဲ့ချင်ပါ .. Valentine’s Day ဆို …
ပန်းစည်းလေးနဲ့ အတူ ချောကလက်တွေပေးပို့ …
ကြည်နူးနေမိ တစ်ယောက်တည်း ငါလေ တိတ်တခိုးနဲ့ စိတ်မှာ …
မင်းအကြောင်းကလွဲရင် တခြားအရာ ငါ ဘာမှ မသိတော့ဘူး…
ဘာကြောင့်လဲဆိုတော့ မင်းသာလျှင် ငါ တကယ်ကို ချစ်တဲ့သူ …

[ မင်းတစ်ယောက်ကိုပဲ ငါလေ ချစ်မိ .. ဘယ်လိုမှ တားမရ ငါ့မှာ ရူး …
အိပ်မက်တွေ နင် ၀င်လာခဲ့ပြီး ပြန်ထွက်ပြေးသွားမှာ ကြောက်လို့နေမိသူ …] 2
Download This Song Here
Credit to ထင်ရာစိုင်း

Comments
Post a Comment
ဝေဖန်မှုတွေကို ကြိုဆိုလျက်ပါ...