တေးရေး - ကိကိ ၊ မိုးမိုး
တေးဆို - ကိကိ ၊ မိုးမိုး
V1:
စပြီးတော့တွေ့ကတည်းက ရင်းနှီးမှုတွေဖြစ် ..
မမြင်နိုင်အောင်ချည်နှောင်ထားတဲ့ သံယောဇဉ်တွေနှင့် …
ချစ်ခဲ့တယ် တိတ်တခိုးပဲ .. ဒါကို နင်စိတ်မဆိုးနဲ့ ..
ဒါပေမယ့် နင့်ရဲ့စိတ်ထဲ တစ်ခြားတစ်ယောက်ရှိနေတာက ဆိုးတယ် ..
ဒီလိုနဲ့ ရူးခဲ့ မူးခဲ့ မထူးတဲ့ အခြေနေနဲ့ .. ကျောက်ရုပ်လိုနေနေခဲ့ .. ငါ့စိတ်တွေလေနေခဲ့ ..
မေ့ချင်ခဲ့ မင်းအကြောင်းကို လုံးဝမတွေ့ချင်လည်း ..
နေ့စဉ်အမြဲ ငါ့ရင်ထဲက မင်းကိုအမြဲပဲ တွေ့ချင်ခဲ့ …
Cho:
ဒီလိုရပ်စောင့်ရင်းနဲ့ မင်းနဲ့ ငါ တဖြည်းဖြည်းဝေးပြီးရင်း ဝေးသွားခဲ့ရ ..
ဆုံးရှုံးခြင်းက ငါ့အတွက် အဖြေတစ်ခုလား ..
တကယ်အချစ်စစ်မဟုတ်တဲ့ မင်းအချစ်ကို တန်ဖိုးမထားခဲ့မိလို့ မှားသွားခြင်းလား ..
မှားယွင်းသွားလည်း ထားလိုက် နောင်တမရပါ ..
ငါလိုချင်တာ နင်လေ သိပ်ချစ်တယ် .. ဆိုတဲ့စကားမဟုတ်ပါ .. မင်းရဲ့ အချစ်များ ..
V2
မလိုချင်ဘူး လွမ်းဆွေးခြင်းများနဲ့ မင်းရဲ့ငြိုငြင်မှု .. တစ်သက်လုံးပဲ မင်းရဲ့ ရင်ခွင်မှာ ခိုဝင်ချင်သူ ..
ငိုချင်နေအခု မရနိုင်တာကို ငါလေ တောင့်တခဲ့ .. နောင်တလည်းမရခဲ့သိတယ် ..
ငါ တကယ်ကို အရိပ်ထင်မှားမှန်း .. ပန်းတွေလည်း မြေခခဲ့ .. အလွမ်းတွေလည်း မပျယ်ပျောက်ဘဲ ..
ဆက်ပြီးတော့ စောင့်နေမိတယ် .. မင်းအချစ်တွေ ဘယ်တော့ကြွေကျမလဲ ..
မင်းရဲ့အပြုံးရရင်ပဲ .. ငါ့မှာ တကယ်ကို ပျော်နေမိတယ် ..
အထီးကျန်ခြင်း အိမ်မက်ကမ္ဘာထဲက အချစ်ကို မျှော်နေမိခဲ့ …

V3:
မှောင်မိုက်တဲ့ ညတွေမှာ .. အလွမ်းငွေ့တွေ သန်းနေခဲ့ ..
တိတ်တခိုးနဲ့ ငါ့ရင်ထဲက မင်းကို လွမ်းနေခဲ့ ..
မမှီတဲ့ပန်းကို ခူးချင်ပေမယ့် အရမ်းကိုလှမ်းနေတယ် ..
ရူးနှမ်းနေခဲ့ ညဘက်တွေဆို အိပ်ရခက်စိတ်ကပျက် ဖုန်းလေးဘေးမှာအမြဲစောင့်နေခဲ့ ..
စကားမပြောရမှာကို ငါလေ သိပ်ကြောက်နေခဲ့ ..
ကြည်လင်နေရေတွေလည်း အခုတော့ အရောင်တွေနောက်နေခဲ့ ..
ငါ ဒီမှာ ရူးနေလည်း ကောင်မလေး ဘယ်ပျောက်နေလဲ ..
V4:
ဘ၀တွေ ခမ်းခြောက်သွားပါစေ .. ရှေ့ဆက်ပြီး မျှော်လင့်နေမယ် ..
အချိန်တွေများစွာ လှည့်ပတ်တိုင်းမှာ .. တိတ်ဆိတ်စွာ ..(တိတ်တဆိတ်နဲ့..)
ငါ စောင့်နေခဲ့ …

Download This Song Here
Credit to ထင်ရာစိုင်း

Comments
Post a Comment
ဝေဖန်မှုတွေကို ကြိုဆိုလျက်ပါ...