V1:
ကံကြမ္မာရဲ့ လှည့်စားမူတွေကြောင့် .. အမှတ်မထင်ပဲ သူ့ကိုတွေ့ခဲ့ရ ..
သူ့ရဲ့အကြည့်တွေကြား .. ငါမူးလို့နောက် .. လိုက်ရှာနေမိခဲ့သူလေ ..
အခုဘယ်မှာ ရောက်နေလဲမသိ .. ငါကြောက်နေခဲ့မိ ..
ပြန်မဆုံနိုင်မှာကိုတွေးရင်း ဂေါက်နေခဲ့ပြီး .. ယောက်ယက်ခတ် ငါ့မှာ လမ်းစပျောက်လို့ ..
စဆုံတွေ့တဲ့နေရာလေးမှာ သွားစောင့်နေခဲ့မိ .. မိုးလင်းမိုးချုပ်ပဲ ငါ့မှာ မိုးလင်းမိုးချုပ်ပဲ …
စောင့်လို့နေခဲ့ .. ဘယ်သူဘယ်တော့များရောက်လာမလဲ ..
မိုးလင်းမိုးချုပ်ပဲ ငါ့မှာ မိုးလင်းမိုးချုပ်ပဲ .. တမ်းတနေမိခဲ့ကောင်မလေးရယ် .. ဘယ်မှာလဲ ..
Cho:
အိမ်ပြန်နှုတ်ဆက်သော အချိန်လေးတွေ မရောက်သေးခင်
အချိန်တွေ ရပ်တန့်လို့ထားမယ် .. ဒီညှိ့မျက်ဝန်းနဲ့အကြည့်တွေ
ငါမလွမ်းချင် .. ငါလေ သိပ်ချစ်မိသွားတယ် .. ပြန်ဆုံနိုင်ခွင့်ရနိုင်ဦး .. ဦးမလား …
ကောင်မလေးရယ် မင်းနဲ့ နောက်ထပ်များ တွေ့ခွင့်ရှိအုန်း …
ဦးမလား .. ငါတို့ အမှတ်တမဲ့မှ အမှတ်တရ ..
Rap Cho:
အမှတ်တမဲ့မှ အမှတ်တရ .. ချစ်မိခဲ့တဲ့ဝဋ်ဒုက္ခ ..
လွမ်းရဆွေးရ ဗရုတ်သုက္ခ .. အမှတ်တမဲ့မှ အမှတ်တရ ..
V2:
သူ့ကိုတွေ့ချိန်မှာ အရာရာ အနှေးပြကွက်လို အကြည့်တွေနဲ့ ... စကားပြော .. ငါတွေးရကြပ်လို့ …
အဓိပ္ပါယ်ရှာမရ .. ရူးမတတ်ကို ဖြစ်နေခဲ့ပြီ .. ငါ့မှာ နေရခက်လို့
ဒီရင်ထဲက မင်းအတွက်ပြောမယ့်စကား .. နင့်ကိုချစ်သော အချစ်တွေအား
တန်ပြန်တတ်သော နိယာမနဲ့ နင်လေပြန်လို့ ချစ်နိုင်မလား …
ဆို .. ဆိုတာပဲ ငါတွေးရင်း ရူးလို့ .. အချစ်နတ်သမီးရဲ့ …
အကြည့်တွေ ငါ့ရင်ကိုလာဆူးလို့ သုံးကြိမ်မြောက်ဆုံတွေ့ရင်
ဖူးစာဆိုတဲ့စကားကို ငါယုံခဲ့ဖူးလို့ .. ဒါပေမယ့်လည်း သိပ်တော့ မထူး ..
သူကိုတွေ့ချိန် ငါ့မှာစကားပြောဖို့ သတ္တိမရှိ …
ကောင်မလေးရယ် .. တကယ်ပါ မင်းနဲ့တွေ့မှ ငါ ပက်ပက်စက်စက် ဟတ်ထိပြီ …

V3:
Hello hi baby how are you doing
အပြုံးနဲ့ နှုတ်ဆက်တော့ ကြည်နူးရင်း …
စကားလုံးတွေက ပန်းလိုဖူးပွင့် .. ရင်ထဲမှာ
အချစ်တစ်ခုက စူးနစ် .. Hay နာမည်ဘယ်လိုခေါ်သလဲ ..
Ph: နံပတ်လေး ပေးပါဦး .. ဘယ်မှာနေသလဲ …
Facebook ပေါ်မှာ ဘယ်လိုရှာမလဲ … ဘယ်ကျောင်းကလဲ .. ဘာတွေလုပ်လဲ …
တစ်ကြိမ်တစ်ခါ ဒီနေရာမှာ ဆုံချင်တယ် … တစ်ဖျတ်ဖျတ် ရင်တွေတုန်ယင်လာခဲ့ ..
တို့နှစ်ယောက်ရဲ့ တွေ့ဆုံမှုက ပုံပြင်ပါပဲ …
နက္ခတ်တွေလည်း စုံလင်ပါတယ် .. ကောင်မလေးရေ …
မင်းငါ့ကိုမငြိုငြင်ပါနဲ့ .. ဘယ်တော့မှ မင်းအဝေးမသွားပါနဲ့ …
ငါ့ဘ၀က အချစ်အတွက် ပြန်မွေးဖွားခဲ့ ….

Download This Song Here
Credit to ထင်ရာစိုင်း

Comments
Post a Comment
ဝေဖန်မှုတွေကို ကြိုဆိုလျက်ပါ...