နီးမှာပါ-ကိကိ ၊ အိမ့်ချစ်

တေးရေး - ကိကိ ၊ ရဲလေး
တေးဆို - ကိကိ ၊ အိမ့်ချစ်

V1:
အစကတော့ ရိုးသားစွာနဲ့ စကားတွေပြော .. ကြာလာတော့
ရိုးသားမှုတွေလည်း အရောင်တွေပြောင်းကုန်ရော .. နှစ်ယောက်သားချစ်ခဲ့ကြတယ် …
ဖြူစင်ပြီး အပြစ်မဲ့စွာနဲ့ ဘာကိုမှ ဂရုမစိုက်ပဲ ဖက်ထားမယ့်အထာနဲ့ ..
ဒီလိုနဲ့ ဖုန်းတွေပြောကြ .. ညဘက်ဆို မအိပ်ပဲ .. မင်းအပေါ် ဒေါသဖြစ်နေလည်း
မြိုသိပ်ထားမယ့် ငါ့စိတ်ထဲ .. မင်းအိမ်နဲ့ငါနဲ့ သဘောထားတွေ မတိုက်ဆိုင် အဆင်မပြေ …
သူတို့စိတ်ထဲ ကိကိက ရှုတ်တယ်လို့မြင်နေ .. အထင်တွေလွှဲမှား
အနှောင့်အယှက်တွေဝင်နေခဲ့တာ .. ဆက်ပြီး ဒီလိုမျိုးငါတို့ နှစ်ယောက်ပဲ ရင်တွေကွဲမှာ ..
ဘယ်သူမှမသိ ငါတို့နှစ်ယောက်က တိတ်တိတ်ပုန်းချစ်သူ .. အမြဲတမ်းခိုးတွေ့နေရတာ
ရေရှည်အတွက်မဖြစ်ဘူး .. ဒါကြောင့်မို့ တစ်ခေုခုလုပ်ဖို့မင်းလည်းပဲ စဉ်းစားပါ ..
တခြားတစ်ယောက်တွေ မလိုချင်တော့ ငါ နေချင်တာ မင်းအနားမှာ …
ကောင်မလေး ဒါကို မင်းလည်းသိတယ် .. လက်ရှိဒုက္ခတွေကို မကြည့်နဲ့ ..
နောင်တစ်ချိန်မှာ အမြဲတူရှိမယ် …
Cho:
မင်းလေးနဲ့ တို့ဝေးနေလည်း .. အချိန်တွေကို ခဏလေးသတ်မှတ်ပြီ .. နီးမှာပါ .. တစ်နေ့တော့နီးမှာပါ ..
မိဘအသိုင်းအ၀ိုင်းများက တားကြပါစေ .. ခံနိုင်ရည်တွေဟာရှိပြီးသား ..
တို့နီးမှာပါ .. တဖြည်းဖြည်းနဲ့နီးမှာပါ .. ဘေဘီ

V2:
စိတ်ကောက်ကြမယ် တစ်ခါတလေ ဒါတွေက ဖြစ်နေကျ .. ဘယ်လိုဖြစ်ဖြစ် ငါက မင်းကိုအမြဲပဲချစ်နေမှာ ..
မင်းမျက်ဝန်းထဲမှာ ၀မ်းနည်းမှုတွေနဲ့ မိုးအုံ့ခဲ့ .. မရွာချပါနဲ့မိုးရယ် .. မင်းငိုမှာကို အစိုးရိမ်ဆုံးပဲ ..
မင်း ငါ့ကို ထားသွားမှာကို ကြောက်လွန့်လွန်းလို့ ..မင်းအတွက်နဲ့ ငါဆိုတဲ့ကောင်က ဘာမဆိုစွန့်လွှတ် ..
ခွင့်လွှတ်ပေးခဲ့ တခြားကောင်လေးတွေနဲ့တော့ မရှုပ်ပါနဲ့ ..လှုပ်ကာရမ်း နှလုံးသားတစ်ခုလုံး မင်းအပိုင်ယူ…
နင်ဟာ ငါ့ဘ၀တစ်ခုလုံးနဲ့ သက်ဆိုင်သူ .. မဖြတ်နိုင်ဘူး မင်းကို သံယောဇဉ်တွေလည်း ဘယ်တော့မှာ မရပ်နိုင်ဘူး ..
ကောင်မလေးတွေ ငါ့ကို ကြိုက်တာတော့ ငါလည်း မတတ်နိုင်ဘူးး .. ဒီလိုအသေးအဖွဲ့လေးတွေကို မင်းနားလည်ပေးပါ ..
မင်းအကြောင်းကလွဲလို့ တခြားသူတွေအကြောင်း ငါ မတွေးပါ .. မင်း ငါ့ကိုချစ်ရဲ့လားလို့ ငါလေ ထပ်မေးချင် ..
မင်းနဲ့လည်း ငါ ဘယ်တော့မှ မဝေးချင် …
Cho:
မင်းလေးနဲ့ တို့ဝေးနေလည်း .. အချိန်တွေကို ခဏလေးသတ်မှတ်ပြီ .. နီးမှာပါ .. တစ်နေ့တော့နီးမှာပါ ..
မိဘအသိုင်းအ၀ိုင်းများက တားကြပါစေ .. ခံနိုင်ရည်တွေဟာရှိပြီးသား ..
တို့နီးမှာပါ .. တဖြည်းဖြည်းနဲ့နီးမှာပါ .. ဘေဘီ
Bridge:
I Love You(Love You)Baby I Need You (Need You)
အိုနီးမှာပါ ..(နီးမှာပါ…) တို့နီးမှာပါ .. (နီးမှာပါ ..)
I Love You(Love You) I Need You(Need You)
တဖြည်းဖြည်းနဲ့ ..(တဖြည်းဖြည်းနဲ့ ..) တို့နီးမှာပါ …
Cho:
မင်းလေးနဲ့ တို့ဝေးနေလည်း .. အချိန်တွေကို ခဏလေးသတ်မှတ်ပြီ .. နီးမှာပါ .. တစ်နေ့တော့နီးမှာပါ ..
မိဘအသိုင်းအ၀ိုင်းများက တားကြပါစေ .. ခံနိုင်ရည်တွေဟာရှိပြီးသား ..
တို့နီးမှာပါ .. တဖြည်းဖြည်းနဲ့နီးမှာပါ .. ဘေဘီ

Download This Song Here


Credit to ထင်ရာစိုင်း

Comments