ယုံကြည်လိုက် (Bobby Soxer Feat နီနီခင်ဇော်)

ငါလေပြောချင်တဲ့ ဒီစကားများ မင်းကိုရင်မှာသိပ်ဆည်းထား နင်လေသိနိုင်တယ် အိုငါရဲ့အချစ်ကို
ဘယ်လိုပင်မုန်းဝှက်ထားလဲ ဘာအတွက် ဘာလဲ ဘယ်လိုတားတား မင်းကိုငါလေအဆက်မဖြတ်ပါ လိုအပ်တိုင်းမှာလည်း
ငါမင်းရဲ့အနားမှာရှိနေပေးလို့သွား အမြဲ အမြဲတမ်း အမြဲတမ်းပဲ တို့နှစ်ယောက်အချစ်ကို မေးခွန်းထုတ်နေသလို 
တားဆီးလို့ထိုးနှက်အဆက်ဖြတ်ထားလည်း စိတ်ထဲကနီးနေသလို အမြဲတမ်းအမြဲတမ်းပဲ ငါ့ရဲ့ အချစ်ကမင်းတွက် ရှိနေသလို
အမြဲတမ်းအမြဲတမ်းပဲ မင်းရဲ့အချစ်သာငါ့အတွက်ရှိနေပါ
ယုံကြည်နေလိုက် ဒီကမ္ဘာမြေ၌ ငါ့ရင်မှာမင်းတစ်ယောကကလွဲရင် ကြင်နာမှုများမရှိဘူး သစ္စာရည်စူး
ယုံကြည်နေလိုက်ပါ ဒီမတွေ့နေစဉ်အခုက်မှာ အရင်တုင်းပဲ စိတ်မှာလစ်ဟာမနေဘူး ယုံကြည်နေလိုက်ကွာ
ငါကျေးဇူးတင်လိုက်တာ ဒီလိုမင်းနဲ့တွေ့ဆုံခွင့်ရလို့

တကယ်ကိုမသိတော့ဘူးမင်းအပေါ်မှာငါကအတ္တကြီးခဲလား အသေးအမွှားဘေးနား သွေးထိုးစကားအပြင်
နှစ်ယောက်ကြား ပြဿနာမရှိခဲ့ပါ အသိမဲ့စွာ ဒီ့ထက်ငါချစ်တာတစ်ခုနဲ့စိုးရိမ်မှုတွေကြီးခဲ့ရ ရည်ရွှယ်ပြီးသား
သူနဲ့လက်တွဲကတည်းကတစ်သက်စာခရီးအတွက်ပါမကြာခဏတိုက်ခိုက်တဲ့မုန်းတိုင်းများစွာသွေးအေးတဲ့
လူတွေကြားမှာနွေးထွေးတဲ့ တို့နှစ်ယောက်ဆက်ဆံရေးက ပေါင်းပူးတံတားအလား ဘယ်သူတွေဘယ်လိုတားတား အမြဲတမ်းရှိနေပေးပါ အနားမှာစိတ်ပူမနေပါနဲ့တော့ သူ့အပြင်လည်းငါနောက်တစ်ယောက်မထားပါ
တကယ်တော့လည်း ငါမဟုတ်တဲ့တခြားတစ်ယောက်ကသူ့ကိုပိုပြီးပျော်ရွှင်စေနိုင်မလား 
ဒီအဖြေကိုသိနေလည်း ငါမဖြေနိုင်ပါ ငါမရှိဘဲ သူနေနိုင်မလား သူ့အတွက်ငါပေးနိုင်တဲ့ပျော်ရွှင်မှုဆိုတာကလည်
ခဲလုံးတစ်လုံးပစ်ချမိလိုက်တဲ့ရေအိုင်အလား စိုးရမ်လို့ပြောတဲ့စကားတွေကို ဂျစ်ကန်ကန်လုပ်ခဲ့ဖူးတယ် သူငယ်ချင်းတွေငါ့ကိုရူးတယ်ပြောလည်း မငြင်းဘူး ဟုတ်တယ် အရူးပဲ ဘယ်သူသိမလည်း လွမ်းရလွန်းလို့
အိပ်ရာပေါ်မှာ အလူးအလဲ သူကသာ ငါ့ဘ၀မှာ နောက်ထပ်မရှိနိုင်တော့တဲ့ အချစ်ရဆုံးသူတစ်ဦးပဲ

ယုံကြည်နေလိုက် ဒီကမ္ဘာမြေ၌ ငါ့ရင်မှာမင်းတစ်ယောကကလွဲရင် ကြင်နာမှုများမရှိဘူး သစ္စာရည်စူး
ယုံကြည်နေလိုက်ပါ ဒီမတွေ့နေစဉ်အခုက်မှာ အရင်တုင်းပဲ စိတ်မှာလစ်ဟာမနေဘူး ယုံကြည်နေလိုက်ကွာ
ငါကျေးဇူးတင်လိုက်တာ ဒီလိုမင်းနဲ့တွေ့ဆုံခွင့်ရလို့

Okay လက်ကိုတွဲနှစ်ယောက်သားနားလည်မှုနဲ့ဘ၀ကိုနေကြည့်ကြမယ်ဘယ်အရာအတွက်မဆိုအမြဲတမ်းဘေးကနေပြီးတော့
ငါဖြည့်ဆီးသွားမယ် တစ်ချက်မပြိုလဲဘယ်အခြေအနေပဲရောက်နေပါစေ ဘေးမှာနေပြီးသားပဲ
ဘယ်သူ့ကြောင့်ဘာကြောင့်ဘာဆိုဘာမှမပြောပဲနဲ့ အဖြေရှိထားခဲ့ ရှေ့ဆက်ဘာတွေဖြစ်ဦးမလည်းဆိုတာမှန်းဖို့ခက်တယ်
သံသယနဲ့စိုးရိမ်မှုလွှမ်းမှိုးနေချိန် အလွမ်းမြို့ကမ္ဘာပျက်မယ် ခြေတစ်လှမ်းတိုးတာအတွက်နဲ့ အနာဂတ်လမ်းကြမ်းလို့ကွာခက်တယ် ဒီလိုအချိန်ရင်ဘတ်ထဲ ဗြောင်းဆန်လာပြီးအလွမ်းမိုးရွှာတတ်တယ် No တစ်နေ့နေ့တစ်ချိန်ချိန် သူလည်းစိတ်ကုန်သွားမှာစိုးတယ် တစ်ဖက်သတ် ဆန်တာမျိုးလည်း မဖြစ်ချင်ပေမယ့် 
စွန့်လွှတ်ဖို့မလွယ်လို့ တကယ်မျက်ရည်မိုးလည်းမစဲဘဲသဲခဲ့ တစ်ဖွဲဖွဲ နေ့ရက်တိုင်းရွှာလို့ အမြဲအကြိမ်ကြိမ်အဖန်ဖန် ပျော်ခဲ့တဲ့အချိန်တွေကို တွေးလိုက်တိုင်းကြည်နူးဆဲ

ယုံကြည်နေလိုက် ဒီကမ္ဘာမြေ၌ ငါ့ရင်မှာမင်းတစ်ယောကကလွဲရင် ကြင်နာမှုများမရှိဘူး သစ္စာရည်စူး
ယုံကြည်နေလိုက်ပါ ဒီမတွေ့နေစဉ်အခုက်မှာ အရင်တုင်းပဲ စိတ်မှာလစ်ဟာမနေဘူး ယုံကြည်နေလိုက်ကွာ
ငါကျေးဇူးတင်လိုက်တာ ဒီလိုမင်းနဲ့တွေ့ဆုံခွင့်ရလို့

အတွေးများစွာနဲ့ချာချာလည်ငါ Psycho ဖောက်တာအခါခါပဲ မတွေ့ရတဲ့ရက်တွေဆို အချိန်တွေကုန်တာ အရမ်းကို
ကြာပါတယ် တစ်ခါတစ်ခါ ငါကစိတ်ဆိုးပြောတဲ့စကားတွေကိုစာနာပါကွယ် အရာရာစိတ်ပူတစ်ဖွဲဖွဲဆုံးမ
သူ့စကားကအစ သာယာအမြဲ ကျေးဇူးတင်စရာတွေကများတယ် ဖြေရှင်းရခက်တဲ့ကြားထဲမဆိုင်တဲ့ဘေးလူစကားတွေကိုသိပ်ပြီးတော့အာရုံမထားနဲ့ သွက်လက်စွာနေတတ်တဲ့ ငါ့ကိုအပြစ်ပြောလည်း ဒီ့အတွက်မှားချင်မှားမယ် ဘယ်သူနဲ့မှလည်း မပတ်သက်ခဲ့ ဒါတောင်မအပ်စပ်တဲ့စွပ်စွဲချက်တွေနဲ့ စကားကိုကတ်ကတ်သပ်သပ် အမြဲ အဆက်မပြတ်ပြောပီး ရစ်ချက်ကပတ်ပတ်စက်စက်ပဲဆိုတော့ ငါလည်းတစ်ချက်တစ်ချက်တော့ဒေါသထွက်တတ်တယ် ငါကသူ့အတွက် စိတ်ရှုပ်စရာတွေကိုပဲ ယူလာခဲ့သူလား ငါကသူ့ကိုမစွန့်လွှတ်နိုင်လို့ အတ္တကြီးခဲ့မိသူပါ ငါက သူ့အတွက်စိတ်အနှောက်အယှက် ဖြစ်စေမဲ့လူလား ငါက ဘယ်တော့မှမပြောင်းလဲဘဲနဲ့ချစ်နေမယ့်လူပါ

ယုံကြည်နေလိုက် ဒီကမ္ဘာမြေ၌ ငါ့ရင်မှာမင်းတစ်ယောကကလွဲရင် ကြင်နာမှုများမရှိဘူး သစ္စာရည်စူး
ယုံကြည်နေလိုက်ပါ ဒီမတွေ့နေစဉ်အခုက်မှာ အရင်တုင်းပဲ စိတ်မှာလစ်ဟာမနေဘူး ယုံကြည်နေလိုက်ကွာ
ငါကျေးဇူးတင်လိုက်တာ ဒီလိုမင်းနဲ့တွေ့ဆုံခွင့်ရလို့

Comments

  1. ကျေးဇူးတင်ပါတယ်....ဗျာ။ ဒီသီချင်းစားသားကို..လိုက်ရှာနေတာ.....။
    Myanmar HipHop Channel ဒီ့ထက်မက အောင်မြင်ပါစေဗျာ...။

    ReplyDelete

Post a Comment

ဝေဖန်မှုတွေကို ကြိုဆိုလျက်ပါ...