တေးဆို - သားကြီး၊ Album - ဆယ်ပုံတစ်ပုံ
ရှေ့ဆက်မဲ့ငါ့ရဲ့နှလုံးသားမင်းမရှိတော့လှိုင်းထန်ပြီး တနုတ်နုတ်နဲ့ငါ့စိတ်ထဲကမင်းအကြောင်းတွေးရင်းငိုငြီး
ငါအခုထိမမေ့နိုင်ခဲ့ မင်းပေးတဲ့လမ်းတွေလဲ ညှာတာပါအရင်လိုတစ်ခါပြန်ပြီးတော့ရချင်တယ်
ဘုရားရှေ့မှောက်ဒူးထောက်သစ္စာဆိုဘူးခဲ့ပင်မဲ့ မင်းပြောင်းလဲသွားခဲ့တဲ့နှုန်းကသိပ်မြန်ဆန်လွန်းတော့
တဖြည်းဖြည်းနဲ့ရောဂါတိုးပြီ ငါ့အိပ်မက်တို့လွဲပြီးတစ်စစီ ငါ့အဖြစ်ကိုနင်မမြင်နိုင်ရူးတဲ့နေ့တွေ
ငါအခုထိ နင်အမုန်းနဲ့သံသရာရှည် နေပေးခဲ့ဒီအပြုံတွေ မပိုင်ချင်ဘူး မဆိုင်တော့ဘူး ငါဥာဏ်နည်းလို့လား ဒီလိုရူးခဲ့ရသူ
ငါ့ နားထဲပြန်ကြားနေ ဟိုအရင်လိုကြည်နူးတဲ့အသံလှိုင်းများ တကယ်မဟုတ်ဘူး မယုံနိုင်ဘူး ငါတကယ်မင်းရဲ့အဝေး ရှင်သန်ရတော့မယ် အလွမ်းများ
အလွမ်းတွေ အလွမ်းတွေ အလွမ်းသင့်နေ အလွမ်းတွေ အလွမ်းတွေ လွမ်းနေလို့ အလွမ်းတွေ အလွမ်းတွေ အလွမ်းသင့်နေ
ပြဿဒါးနဲ့လုံးထွေးခဲ့ပြီအတိတ်ကိုမဲ့သူငါ့ရင်ထဲ ပျက်သားပြီးမုန်းလိုက်ဖို့ကိုငါ့စိတ်ထဲကမလုပ်နိုင်ခဲ့
တသသနဲ့လွမ်းနေတယ် စန်းတ၀ါးဝါးအခန်းလိုပဲ အရူးအမူးနဲ့ချစ်ခဲ့ဖူးတာ မင်းတစ်ယောက်တည်းကိုပဲ
အသစ်ထပ်မရှာမင်းနေရာလဲ တစ်ခြားသူဘယ်သူ့မှငါမပေးခဲ့ ငါ့အချစ်တို့မမေ့ပါနဲ့ တစ်ခြားပျော်မွေ့ယာနင်သွားလဲ
ငါခွင့်လွှတ်ပေးပါတယ် မင်းစိတ်နဲ့မင်းကိုယ်ပဲ ကျန်နေသူဒီလူမှာအစွဲအလန်းကြီးတော့လဲ

ငါဘ၀နဲ့ငါ့အတွက်မင်းရဲ့အချစ်တွေဝေးလွှင့်ခဲ့ပြီပဲ အားလုံးပျောက်ပြီလေထဲ
အခုထက်ထိစဉ်းစားလို့မရနိုင် မင်းအချစ်ရဲ့ပုဒ်စာတွေနဲ့ အဖြေရှာမရနိုင်သူနောက်ဆုံးထိ

Download This Song Here
Credit to DemoPhyo

Comments
Post a Comment
ဝေဖန်မှုတွေကို ကြိုဆိုလျက်ပါ...