တွေ့ဆုံခွင့်

Title - တွေ့ဆုံခွင့်
Vocals -  U RP , U K , U Paing

တမ်း တမ်းတရင်းနဲ့ ငါ့ရဲ့ မနက်ကိုစ အနား အနားကိုစမ်းကြည့်တော့မင်းမရှိတော့ပါ
ငါ့ ငါ့မှာရှိနေတဲ့ မင်းရဲ့ အနမ်းများ အလွမ်း အလွမ်းလို့ အော်နေလဲငါ့မှာမထူးတော့ပါ
အလန်း အလန်းခင်းသွားတဲ့မင်းရဲ့ရွေ့ တဲ့ဇယား ပြန် ပြန်စဉ်းစားတိုင်းအလွမ်းမီးတက်လို့ လာ
မင်းအချစ်ကိုနားမလည်တဲ့အဖြစ်ဟာကိုယ့်အတွက်သိပ်ကိုနုံချာ
အရူးတစ်ယောက်လိုလျှောက်အော်ချင်တယ်ပိုးစိုးပက်စက်ဖြစ်လာ
နောင်တတွေတစ်သီကြီးရမှချစ်တတ်ခဲ့တာအပြစ်ပါ
အရာရာကိုမင်းရဲ့ သဘောတိုင်းဆုံးဖြတ်ပြီးတော့မထင်ပါနဲ့ 
မှောင်နေတဲ့ကိုယ့်ရဲ့ ဘ၀ထဲအလင်းရောင်ဆောင်ကြဉ်းခဲ့သူရယ်
မင်းကနောက်ဆုံးမှီတွယ်ရာပါငါ့ကိုပစ်မထားခဲ့ပါနဲ့ 
မသိစိတ်ထဲမှာပြောနေပေမယ့်ဆန့် ကျင်ဘက်တွေဖြစ်နေတယ်
အပြစ်ကင်းစင်တဲ့မင်းလေးကငါလိုကောင်နဲ့ မတန်ပါဘူး
ချစ်ချစ်ချစ် ချစ်နေခွင့်လေးပြန်ပေးပါဦးလား
တွေ့ တွေ့ တွေ့  တွေ့ ဆုံခွင့်လေးပြန်ရချင်သေးတာ

ကိုယ့်တွက်အမြဲရှိနေသူလေးတစ်ယောက်ပါ မင်းမရှိတဲ့ ငါ့ဘ၀အမှောင်တွေနဲ့ ပဲခြောက်ခြား
မင်းအတွက်ဆိုငါအမြဲပေးဆပ်ချင်နေခဲ့တာ ပစ္စုပ္မန်အချိန်မှာမင်းမရှိတော့ဘူးငါ့အနား
ငါသိတဲ့ အချိန်ဟာသိပ်ပြီးနောက်ကျနေပြီလားကွာ သူငယ်ချင်းတွေပြောပြောနေတဲ့နောင်တဆိုတဲ့ စကား အကောင်လိုက်ကြီးတွေ့ ရတော့ကြောက်ရွံ့ မိတယ်ကွာ ဒီအချိန်မှာချစ်တယ်ပြောဖို့ မင်းကအနားမှာရှိမလား

(တွေ့ ဆုံခွင့်လေးပေးဦး အလွမ်းတွေနဲ့ မွန်းကျပ်နေလို့  ချစ်နေခွင့်လေးပေးဦး မေ့နိုင်ဖို့ လည်းခက်နေလို့ )

ဘယ်လိုရှေ့ဆက်မလဲ တစ်ယောက်ကတစ်ယောက်ကိုတော့ ထားခဲ့ရမယ်
ဒီစကားနဲ့ ငါထပ်ကြားတယ် နင်မရှိရင်ကမ်းပါးရှားတဲ့ ပင်လယ်ပြင်လို ငါ့ကိုယ်ငါ ပြန်လည်ပြီး တိုက်စားလည်း (အလကားပဲ)
မျှော်လင့်ချက်တွေထဲမှာ ရွှေတွေငွေတွေက နတ်ဘုရားတဲ့ (ငါမှတ်သားတယ်)
ဘ၀ကနင်ဖျော်ပေးတဲ့ကော်ဖီခွက်တွေထက်ပို ခါးတယ် (ဘယ်လိုရှေ့ဆက်မှာလဲ)
လက်ပြနှုတ်ဆက်ဖို့အတွက် အားအင်တွေက ငါ့ရဲ့ ဘက်မှာ ပြိုပျက်ကာလဲ (မလိုအပ်ပါပဲ)
လမ်းခွဲလိုက်ဖို့ ဆုံးဖြတ်ချက်က သူရဲ့ ဘက်က ပိုပြတ်ပါတယ် (ဒီလိုနဲ့)
ခိုကပ်လာတဲ့ သံယောဇဉ်လေးတွေကြောင့် နှလုံးသားက ပိုအက်ကာကွဲ (ဘယ်လိုပြန်ဆက်ရမလဲ)
အလွမ်းလေးတွေတောင် အုံနဲ့ကျင်းနဲ့ ငွေ့ရည်ဖွဲ့လို့ ငိုတတ်လာခဲ့....
ကိုယ့်တွက်အမြဲရှိနေသူလေးတစ်ယောက်ပါ မင်းမရှိတဲ့ ငါ့ဘ၀အမှောင်တွေနဲ့ ပဲခြောက်ခြား
မင်းအတွက်ဆိုငါအမြဲပေးဆပ်ချင်နေခဲ့တာ ပစ္စုပ္မန်အချိန်မှာမင်းမရှိတော့ဘူးငါ့အနား
ငါသိတဲ့ အချိန်ဟာသိပ်ပြီးနောက်ကျနေပြီလားကွာ သူငယ်ချင်းတွေပြောပြောနေတဲ့နောင်တဆိုတဲ့ စကား အကောင်လိုက်ကြီးတွေ့ ရတော့ကြောက်ရွံ့ မိတယ်ကွာ ဒီအချိန်မှာချစ်တယ်ပြောဖို့ မင်းကအနားမှာရှိမလား

(တွေ့ ဆုံခွင့်လေးပေးဦး အလွမ်းတွေနဲ့ မွန်းကျပ်နေလို့  ချစ်နေခွင့်လေးပေးဦး မေ့နိုင်ဖို့ လည်းခက်နေလို့ )

(ပြန်ဆုံမယ့်နေ့ စောင့်နေတယ် ဒဏ်ရာများနဲ့ ငါ့တစ်ယောက်တည်းမျှော်လင့်ရင်းနဲ့ လွမ်းနေဆဲ ပြန်ဆုံမယ့်နေ့ ဘယ်တော့ရောက်မလဲ)

ကိုယ့်တွက်အမြဲရှိနေသူလေးတစ်ယောက်ပါ မင်းမရှိတဲ့ ငါ့ဘ၀အမှောင်တွေနဲ့ ပဲခြောက်ခြား
မင်းအတွက်ဆိုငါအမြဲပေးဆပ်ချင်နေခဲ့တာ ပစ္စုပ္မန်အချိန်မှာမင်းမရှိတော့ဘူးငါ့အနား
ငါသိတဲ့ အချိန်ဟာသိပ်ပြီးနောက်ကျနေပြီလားကွာ သူငယ်ချင်းတွေပြောပြောနေတဲ့နောင်တဆိုတဲ့ စကား အကောင်လိုက်ကြီးတွေ့ ရတော့ကြောက်ရွံ့ မိတယ်ကွာ ဒီအချိန်မှာချစ်တယ်ပြောဖို့ မင်းကအနားမှာရှိမလား

(တွေ့ ဆုံခွင့်လေးပေးဦး အလွမ်းတွေနဲ့ မွန်းကျပ်နေလို့ 
ချစ်နေခွင့်လေးပေးဦး မေ့နိုင်ဖို့ လည်းခက်နေလို့ )

တွေ့ဆုံခွင့်လေး ပေးပါအခု ချစ်နေခွင့်လေးတောင်းကာရူး
လွမ်းနေခွင့်လေး ပေးပါအခု ချစ်နေခွင့်လေးတောင်းကာရူး

Song download.

Comments