အလုပ်တွေရှုပ်ပြီး Baby ဒီလို Monday ဖုန်းလေးဆက်ဖို့တောင် မအားလပ်ခဲ့ လူချင်းတွေ့ဖို့ဆို ပိုတောင်ဝေးသေးတယ်
သတိရတိုင်းမင်းဓာတ်ပုံကိုထုတ် အလွမ်းပြေကြည့်ရင်းနဲ့ အနမ်းလေးတွေခြွေလို့ လွမ်းတယ်လွမ်းတယ် အချစ်လေးရယ်
မင်းလဲ ကိုယ့်လိုပဲလွမ်းတယ် ဆိုတာသိနေခဲ့ တို့နှစ်ဦးရဲ့အချစ်တွေ တို့နှစ်ဦးရဲ့ရင်ထဲ အပြန်အလှန်သိနားလည်
Baby Saturday ဆိုတွေ့ရတော့မယ် ရင်ထဲသိမ်းထား တစ်ပတ်လုံးလွမ်းသမျှ မင်းကိုပြောပြမယ်
Baby Sunday ဆိုလည်း တို့နှစ်ယောက်ထပ်တွေ့မယ် ဒီလိုကျောင်းပိတ်ရက် ဒီလိုရုံးပိတ်ရက် နေ့တိုင်းသာဆို ဘယ်လောက်ကောင်းနိုင်မလဲ
တစ်နေ့လုံးကျောင်းမှာထိုင်ပြီး စိတ်တွေတအားဖိစီး ဘာပဲလုပ်လုပ်ငါ့ရဲ့အနားဝယ်မင်းပုံရိပ်တွေလား ထင်ယောင်ထင်မှားနဲ့
မင်းရဲ့စိတ်နဲ့ရူးမယ် မင်းရဲ့အသံလဲလွမ်းတယ် မင်းရဲ့အပြုံးများနဲ့တွေ့ရင် ပြေးလို့စီးလို့ကြိုမယ်
မင်းလဲ ငါ့လိုပဲလွမ်းတယ် ဆိုတာသိနေခဲ့ တို့နှစ်ဦးရဲ့အချစ်တွေ တို့နှစ်ဦးရဲ့ရင်ထဲ အပြန်အလှန်သိနားလည်
ကိုယ်ရေ Saturday ဆိုတွေ့ရတော့မယ် ရင်ထဲသိမ်းထား တစ်ပတ်လုံးလွမ်းသမျှ မင်းကိုပြောပြမယ်
ကိုယ်ရေ Sunday ဆိုလည်း တို့နှစ်ယောက်ထပ်တွေ့မယ် ဒီလိုကျောင်းပိတ်ရက် ဒီလိုရုံးပိတ်ရက် နေ့တိုင်းသာဆို ဘယ်လောက်ကောင်းနိုင်မလဲ
အချိန်မှန်မနက်ဆို အသံပေးမင်းကနှိုးစက်လေး ငါ့ရဲ့မနက်တွေကို မင်းအသံလေးနဲ့ နိုးထချင်လို့
အချိန်မှန်ညဆို ဖုန်းလေးနဲ့မင်းကချော့သိပ်ပေး ငါ့ရဲ့ညတွေကို မင်းအချစ်များနဲ့ အိပ်စပ်ချင်လို့

Saturday ကျောင်းပိတ်ရက် Sunday ရုံးပိတ်ရက် Saturday ကျောင်းပိတ်ရက် Sunday ရုံးပိတ်ရက်

Download This Song Here

Comments
Post a Comment
ဝေဖန်မှုတွေကို ကြိုဆိုလျက်ပါ...