'' Good bye to you '' (အလင်းZ ၊ကဲကဲ ၊၀တ်ရည်) Lyric

Girl Rap :အရင်စိတ်နဲ့ဆိုမုန်းတဲ့အကြောင်းကို စင်ပေါ်တက်ပြီး Rap မရွတ်ချင်ဘူး

လှေနံနင်းချက် 9 လောက်ရှိတယ် ဘယ်မိန်းမမှလက်မလွှတ်ချင်သူ

လုပ်ချင်ခဲ့တာပေါ့ ငါမွေးနေ့မှာ နင်ပြောဖူးတဲ့ လက်စွပ်ဆင်တူ

ဘုရားသွားတိုင်းလည်း မုဒ်ဝရောက်ရင် ဘယ်ယောက်ျားနဲ့မှ ဖိနပ်မချွတ်ချင်ဘူး

မမှီတဲ့ပန်းကို တုံးခုလှမ်းသလား မတော်တရော်မက်တဲ့ငါ

အော်... တော် တော် တက်တဲ့ စကားက နောက်ထပ်စော်ကော်အတွက်တဲ့လား

နင့်နားမှာ ရှိတဲ့ ငါက ဒူးထောက်မတက်ပျော်တော် ဆက်မယ့် အစား

မဟုတ်တော့ဘူး မေ့ထားလိုက်ပြီ ဟိုတစ်ချိန်က မျှော်မျှော်တတ်တဲ့ ဘဝ

အရံအတားကြားမှာ အကြံသမားများစွာ သေနတ်နဲ့ပစ်တောင် ကျည်ဆန်များကြားမှာ

မသေစေရဘူး ငါက အရှေ့က ခံထားပြမှာလေ... တူညီမှုပြန်ကားမရပါဟေ့...

မင်းစိတ်ကြိုက်ချန်ထားသွားပါလေ.. တစ်နေ့တော့ ငါ့မျက်ရည်ရဲ့တူညီမှုအတိုင်း နင်မခံစားရပါစေနဲ့...

မိန်းကလေးဆိုတာ စားပြီးထား သွားလို့ရတဲ့ပန်းကန်ပြားလည်းမဟုတ်..

ကြိုက်တာရွေးယူ ၁၅၀၀ နဲ့ ဘေထုပ်ဈေးက ပျံကျလည်းမဟုတ်..

လွှင့်ပစ်တဲ့ပန်းတစ်ပါးသူတစ်ယောက်က ကောက်ယူနမ်းချိန်ပြန်မရတဲ့အဆုံး

တမ်းတတဲ့အလုပ်လုပ်ချင်ရင်တော့ မြန်မာပြည် အနှံ့အပြားပဲသုတ်........

ငါ့ပါးတွေအစ်နေတယ် ..ငါ့အမှားတွေ ဖြစ်နေတယ် ..

ငါဘယ်တော့မှ အသစ်တွေမတွဲဘဲ .. ငါတစ်အားလေချစ်နေခဲ့ ..

Cho : မနေချင်တော့ဘူး ငါမင်းအနားက အရိပ်လေးလို

တစ်ပါးသူရင်ခွင်ပျောက်မှ တစ္ဆေလာမခြောက်နဲ့ ... အတူနေချိန်တွေမှာ တန်ဖိုးမထားတဲ့ မင်းအချစ်ကို ..ပြန်လက်ခံဖို့ ကြောက်နေခဲ့ .. အဝေးဆုံးကို ပဲ .. ၀ဲ... ၀ဲ.. ၀ဲလိုက်တာကောင်းပါတယ် ..ငါ့ရဲ့ အချစ်နဲ့ နင်မတန်တော့ဘူး ...Goodbye to you...

Boy Rap : အပ်ချည်ကြိုးချင်းတူနေရင်တောင် ဖြတ်မယ့်ကြိုးက မှန်စာခံထားတယ် ..

ငြီးငွေ့စရာသစ်ကိုင်းခြောက်ကို ငှက်တွေမပျော်ဘူး ပျံတာပျံမှာပဲ

သိန်း ၃၀၀ သုံးခါရမယ့် ရှေးကုသိုလ်ကံ အပျံစား ကံတရားလည်း

မရှိနိုင်လို့ရွေးချယ်လိုက်တယ် ငါ့ဘ၀နဲ့ တန်ရာတန်ရာပဲ

အချစ်နဲ့ဘ၀က တစ်ထပ်တည်းကျဖို့ မဖြစ်နိုင်တဲ့အခါရှိနိုင်တာပဲ ပျက်စဲတာမျိုး..

မိုးခေါင်တဲ့ အ၀န်းအ၀ိုင်းကိုမှ အကျပ်အတည်းလာတိုး ..

ဒေါင်းယောင်ဆောင်သော ကျီးတစ်ကောင်အဖြစ်အားလုံးက ပြက်ရယ်ကျလို့ ...

အထက်တန်းစား နှုတ်ခမ်းနီတစ်တောင့်အတွက် ထမင်း ဘယ်နှနပ် ငတ်ခဲ့တာကို ..

ပြန်မပြောချင်တဲ့ ကံကြမ္မာတစ်ကောင်ကို ပြန်လာအောင်လို့ လည်းတောင့်တမနေနဲ့

လူရှေ့သူရှေ့မထွက်ရဲတဲ့ဘ၀ ဘာမှမထူးဘူး ထောင့်မှာနေတယ်

မရင်းနှီး ရင်းနှီး အတင်းရှိခဲ့သော အငိုကန္တာရလမ်းမှာ တမ်းတ ...

နမ်းမယ့် သူမရှိတဲ့ နှုတ်ခမ်းတွေက ညိုနွမ်းသွားတာ ဆန်းသလား..

တစ်နေ့လုပ်တစ်နေ့စားလူတန်းစားအတွက် ချစ်တာမေတ္တာ သစ္စာတွေက

လစ်ဟာနေပါစေ ကြိုးစားပေမယ့် သူ့အတွက်ဘာမှ မဖြစ်တာတွေများ

ပိုက်ဆံအတွက်နဲ့တော့ မိန်းမတစ်ယောက်ကို ရင်ကွဲပက်လက်မချစ်တာအသေအချာ

နောက်ဘ၀ကျမှ နင့်အနမ်းကိုယူ အဆင့် အတန်းတူသူဖြစ်ပါစေသား...ငါ့ပါးတွေအစ်နေတယ် ..ငါ့အမှားတွေ ဖြစ်နေတယ် ..

ငါဘယ်တော့မှ အသစ်တွေမတွဲဘဲ .. ငါတစ်အားလေချစ်နေခဲ့ ..

Download this song here

Comments