အချစ်အိမ်မက် ( Lyric )

လျှောက်လည်ကြမယ် ရည်းစားတွေဖြစ်ရင် အနမ်းတွေပေးမယ်
နင့်ပါးကို လက်ကိုတွဲကာ မြို့အနှံ့လျှောက်သွားမယ် ချမ်းနေတဲ့အခါ
ငါဖက်ထားမယ် အိပ်မက်ထဲမှာညဘက်ဆိုတွေ့မယ် အနမ်းတွေပေးမယ်
နင့်ပါးကို စိတ်ကူးတွေပဲကွာ လက်တွေ့နဲ့တခြားစီ
ဆုတောင်းတွေမပြည့်ငါရူးပြီ...

ငါ့ရင်တွေခုန်နေတယ် Yeah! real cool.. အသံတွေပါတုန်နေတာ
ငါကိုယ်တိုင်ဘာမှန်းမသိတော့ဘူး ဘာအတွက်ကြောင့်ကြောက်နေလဲ
မတွေ့တတ်ဘူး ဖွင့်ပြောဖို့ကြိုးစားတိုင်း အသံတိတ်လို့ဆွံ့အသွားသူ
ရင်ထဲမှာ ပန်းနုရောင်လွှမ်းခြုံထားတဲ့စကားလုံးများစွာနဲ့
နင်သိအောင် ဘယ်လိုမှပြောမထွက်ဘူး ငါသတ္တိမဲ့နေဆဲ
တကယ်တမ်းလက်တွေ့မဖြစ်တဲ့ အပေါစားအတွေးတွေနဲ့ Hey Girl!..
ငါကအိပ်မက်မက်ခဲ့သူ ဖွင့်ပြောပြဖို့အတွက်တော့ ကြိုးစားလို့နေတယ်
Hey Girl..

လျှောက်လည်ကြမယ် ရည်းစားတွေဖြစ်ရင် အနမ်းတွေပေးမယ်
နင့်ပါးကို လက်ကိုတွဲကာ မြို့အနှံ့လျှောက်သွားမယ် ချမ်းနေတဲ့အခါ
ငါဖက်ထားမယ် အိပ်မက်ထဲမှာညဘက်ဆိုတွေ့မယ် အနမ်းတွေပေးမယ်
နင့်ပါးကို စိတ်ကူးတွေပဲကွာ လက်တွေ့နဲ့တခြားစီ
ဆုတောင်းတွေမပြည့်ငါရူးပြီ..

နေ့တိုင်းငါ နင့်နောက်တကောက်ကောက်လိုက်တာ နင့်ရဲ့အရိပ်လိုအမြဲ
နင်သိအောင် ဖွင့်ပြောဖို့ကြိုးစားတိုင်းငါ ကျောက်ရုပ်တစ်ရုပ်လိုပဲ
တကယ်တမ်းလက်တွေ့မဖြစ်တဲ့ အပေါစားအတွေးတွေနဲ့ Hey Girl!..
ငါကအိပ်မက်မက်ခဲ့သူ ဖွင့်ပြောပြဖို့အတွက်တော့ ကြိုးစားလို့နေတယ်
Hey Girl..

လျှောက်လည်ကြမယ် ရည်းစားတွေဖြစ်ရင် အနမ်းတွေပေးမယ်
နင့်ပါးကို လက်ကိုတွဲကာ မြို့အနှံ့လျှောက်သွားမယ် ချမ်းနေတဲ့အခါ
ငါဖက်ထားမယ် အိပ်မက်ထဲမှာညဘက်ဆိုတွေ့မယ် အနမ်းတွေပေးမယ်
နင့်ပါးကို စိတ်ကူးတွေပဲကွာ လက်တွေ့နဲ့တခြားစီ
ဆုတောင်းတွေမပြည့်ငါရူးပြီ..

(အမြဲတမ်းနေချင်တာ နင့်အနားမှာ အိပ်မက်တွေမှာ ငါ့ကိုဖက်ထားပါ
ငါ့ရဲ့အူကြောင်ကြောင်စိတ်ကူးများ ဆုတောင်းတွေမပြည့်ငါရူးသွား..)x2
လျှောက်လည်ကြမယ် ရည်းစားတွေဖြစ်ရင် အနမ်းတွေပေးမယ်
နင့်ပါးကို လက်ကိုတွဲကာ မြို့အနှံ့လျှောက်သွားမယ် ချမ်းနေတဲ့အခါ
ငါဖက်ထားမယ် အိပ်မက်ထဲမှာညဘက်ဆိုတွေ့မယ် အနမ်းတွေပေးမယ်
နင့်ပါးကို စိတ်ကူးတွေပဲကွာ လက်တွေ့နဲ့တခြားစီ
ဆုတောင်းတွေမပြည့်ငါရူးပြီ..


Download this song Here

Comments